လတ်လတ်ဆတ်ဆတ် ပြတ်ထားတဲ့ရည်းစားဟောင်းကို မေ့အောင်ဘယ်လိုလုပ်မလဲ

အသည်းကွဲတာ တော်တော်ဆိုးရွားတဲ့ ခံစားမှုကြီးပါ။ စားလို့လည်းမရ၊ အိပ်လို့လည်းမရ ဝမ်းနည်းပြီးရင်း ဝမ်းနည်းလာတာမျိုးပါ။ ဒါပေမယ်အဲဒီ့ ခံစားချက်ကြီးကို အကြာကြီးတော့ဆုပ်ကိုင် မထားသင့်ဘူးနော်။ သင့်ဒဏ်ရာတွေကို ကုစားဖို့ဒီအချက်လေးတွေက ကူညီပေးနိုင်မှာပါ။

(၁) ဖြစ်နေတာကိုလက်ခံလိုက်ပါ

ဟုတ်ပါတယ်။ သင်နဲ့သူ ပြတ်ပြီးပါပြီ။ ဘယ်သူ့ဘက်ကပဲ စဖြတ် စဖြတ် သင်တို့ ပြတ်သွားကြပါပြီ။ ပြတ်သွားပြီဆိုကတည်းကိုက ကိုယ့်ဘဝထဲမှာ သူမနေချင်တော့လို့ပါ။ ဒါကိုသင်လက်ခံဖို့ပါတယ်။

(၂) သင့်အပေါ် သူမကောင်းခဲ့တာတွေကိုစဉ်းစားပါ။

ဒီလိုမျိုးအချိန်မှာ သူနဲ့ပျော်ရွှင်ခဲ့တဲ့ အတိတ်တွေအကြောင်းကို ယောင်လို့တောင်မစဉ်းစားပါနဲ့။ သူ့ကြောင့် သင်ပင်ပန်းခဲ့တာတွေ၊ သင်ငိုခဲ့ရတာတွေကိုပဲ ပြန်တွေးပါ။ သူမကောင်းခဲ့တာတွေကိုပဲ စဉ်းစားပါ။ လွမ်းစရာဆိုတာ နာစရာနဲ့ဖြေရတာပါ။

(၃) သူဟာသင်နဲ့တစ်ဘဝလုံးစာလက်တွဲဖို့ တကယ်အဆင်ပြေရဲ့လား

သေချာစဉ်းစားကြည့်ပါဦး။ သင်သူနဲ့အတူရှိတဲ့အချိန်တွေမှာ တကယ် ပျော်ရဲ့လား။ သူရော သင်နဲ့ အတူရှိနေတာကို ပျော်ရဲ့လား။ သူ့ရဲ့ အကျင့်စရိုက်တွေကရော သင်နဲ့ တစ်ဘဝလုံးစာ လက်တွဲဖို့ အဆင်ပြေရဲ့လား။ အသေးအမွှားလေးကအစ သဘောထားသေးသိမ်တတ်သူမျိုး ဆိုရင်တော့ ဘာလို့ ဝမ်းနည်းနေဦးမှာလဲ။

READ
ဖုန်းအလွန်အကျွံသုံးခြင်းကြောင့် စုံတွဲများအကွဲများလာကြောင်းတွေ့ရှိ

(၄) သူနဲ့ပတ်သက်သမျှဖြတ်ပစ်ပါ

သင့်ရဲ့ Social media မှာရှိတဲ့ သူနဲ့ပတ်သက်ခဲ့တုန်းက post အားလုံးကို ဖျက်ပစ်လိုက်ပါ။ သူ့ account တွေကိုလည်း block ပစ်လိုက်ပါ။ သင့်ဖုန်းထဲက သူ့ဓာတ်ပုံတွေအားလုံးကိုလည်း ဖျက်ပစ်လိုက်ပါ။ သူ့ရဲ့ဖုန်းနံပါတ်ကိုလည်းဖျက်ပစ်လိုက်ပါ။ သူပေးခဲ့တဲ့ ပစ္စည်းတွေအားလုံးကိုလည်း လွှင့်ပစ်လိုက်ပါ။ နှမြောရင်လည်း သူများကိုပေးလိုက်ပါ။ အဓိက က သင့်ဆီမှာရှိမနေဖို့ပါပဲ။

(၅) သင့်ကိုယ်သင် ဝမ်းနည်းခွင့်ပေးလိုက်ပါ

တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကို ဝမ်းနည်းခွင့်ပေးလိုက်တာကောင်းပါတယ်။ ခံစားချက်တစ်ခုကို အတင်းဖိသိပ်ထားတာကလည်း မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ ငိုချင်လာရင်တော့ ငိုချလိုက်ပါ။ ဒါပေမယ့် အကြာကြီးတော့ ဝမ်းမနည်းပါနဲ့။

(၆) သူငယ်ချင်းတွေရဲ့အကြံဥာဏ်ကိုယူပါ

သင့်ခံစားချက်တွေကို သူငယ်ချင်းတွေကို ရင်ဖွင့်ပြီး သူတို့ဆီက အကြံဥာဏ်ကို ယူပါ။ သူငယ်ချင်းတွေနဲ့ များများအချိန်ယူပါ။ ဖြစ်နိုင်သမျှတစ်ယောက်တည်း မနေပါနဲ့။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်းနေရင် သူ့အကြောင်းပဲသွားစဉ်းစားမိနေမှာပါ။

READ
ခိုင်မာတဲ့အချစ်ကို ဘယ်လိုတည်ဆောက်မလဲ

(၇) စိတ်ရှည်ပါ

သင့်စိတ်ကို ကုစားဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုပါတယ်။ လုံလောက်တဲ့အချိန် အတိုင်းအတာကိုရောက်သွားရင် အရာအားလုံး အကောင်းအတိုင်းလိုပဲ ပြန်ဖြစ်သွားမှာပါ။ အဓိကက သင့်ဒဏ်ရာ ပြန်ကောင်းလာတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်ဖို့ပါပဲ။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE