အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်ဥဆူးပုတ်ကြော်လေး ချက်စားကြရအောင်

ဒီတစ်ခါတော့ လွယ်ကူရိုးရှင်းပြီး ထမင်းလည်းမိန်စေတဲ့ ကြက်ဥဆူးပုတ်ကြော်လေး ချက်စားကြရအောင်နော်။

လိုအပ်သောပစ္စည်းများ

  • ကြက်ဥ သုံးလုံး
  • ဆူးပုတ်ရွက် ၃ စည်းခန့်
  • ကြက်သွန်ဖြူ
  • ပဲမှုန့်အနည်းငယ်
  • ဆား
  • ကြက်သားမှုန့်
  • ဆီအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • အရင်ဦးဆုံးကြက်ဥကိုဖောက်ပါ။
  • ဆူးပုတ်ရွက်များကို လှီးပြီး ထည့်ပါ။
  • ပါဝင်ပစ္စည်းများကိုလည်း ထည့်လိုက်ပါ။
  • ဒယ်အိုးမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်ဥကိုလောင်းလိုက်ပါ။
  • ညီနေအောင်ဖြန့်ပါ။
  • ပြီးရင် ကြက်ဥကိုလှန်လိုက်ပါ။
  • ကျက်ရင်တော့ အနံ့အရသာနှင့်ပြည့်စုံတဲ့ ဆူးပုတ်ကြက်ဥကြော်ကို စားသုံးနိုင်ပါပြီ။
  • (မီးအရမ်းမပြင်းစေရန် သတိပြုပါ)

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE