ချစ်သူနှစ်ယောက်ကြား အချစ်ရေးတစ်ခု ပျော်ရွှင်စွာနဲ့ရည်ရှည်တည်တန့်ခိုင်မြဲဖို့ဆိုတာ အရေးအကြီးဆံုးကတော့ နှစ်ယောက်ကြားမှာ ယုံကြည်မှုရှိနေဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်မှုတွေကြောင့် သေးသေးလေးကအစ ပြဿနာတက်နေမယ်ဆိုရင် နေ့တိုင်း အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းရမှာမဟုတ်ဘဲ ကြည်နူးစရာလေးတွေလည်း ရှိလာတော့မှာမဟုတ်တော့ပါဘူး။ ဒီတော့ ချစ်သူနှစ်ယောက်ကြား ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
ပွင့်လင်းမှုရှိပါစေ
ချစ်သူနှစ်ယောက်ကြား ဘယ်လိုကိစ္စကိုမဆို ပွင့်ပွင့်လင်းလင်းပေးသိ၊ ပြောပြထားတာ အကောင်းဆုံးပါပဲ။ မဟုတ်ဘဲ ကိစ္စတစ်ခုကို ပွင့်ပွင့်လင်းလင်းပေးမသိထားဘဲ နောက်မှပြန်သိတာ ဒါမှမဟုတ် အထင်လွဲစရာတွေဖြစ်လာခဲ့မယ်ဆိုရင် တစ်ဖက်ကကိုယ့်ကို ယုံကြည်မှုတွေ စတင်ပျက်ပြားလာတော့မှာပါ။

လျှို့ဝှက်ချက်မထားကြေး
ပွင့်ပွင့်လင်းလင်းရှိအောင် နေရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက်ကြား လျှို့ဝှက်ချက်တွေ မထားတာဟာလည်း အချစ်ရေးတစ်ခု ရည်ရှည်တည်မြဲစေဖို့အတွက် အဓိကသော့ချက်ပါပဲ။ လောကမှာ ဘယ်လျှို့ဝှက်ချက်မှ မပေါ်ဘဲမနေပါဘူး။ ပိုကေင်းမလားဆိုပြီး ဖုံးကွယ်ထားခြင်းဟာ နောင်တစ်ချိန်မှာ ပြဿနာ အကြီးကြီးတက်လာနိုင်ပါတယ်။
ငြင်းနိုင်ပါစေ
ဥပမာဆိုပါစို့။ ချစ်သူက ကတိတစ်ခုတောင်းတယ်၊ ညဖက် သူငယ်ချင်းတွေနဲ့ အပြင်မထွက်ဖို့။ ဒါကို ကိုယ့်အနေနဲ့ ပြီးပြီးရော အင်း မထွက်တော့ဘူးလို့ ကတိပေးလိုက်တာမျိုးဟာ မှားယွင်းတဲ့ ကိစ္စပါပဲ။ မတည်နိုင်တဲ့ ကတိတွေကို ဘယ်တော့မှ မပေးမိစေဖို့ သတိထားပါ။ “အင်း မထွက်တော့ဘူး”; ဆိုတဲ့စကားအစား “ကိုယ်လျှော့နိုင်အောင် ကြိုးစားပါ့မယ်” ဆိုတဲ့စကားက သူ့အတွက်ရော ကိုယ့်အတွက်ပါ ယုတ္တိရှိပြီး သေချာတဲ့ ကတိစကားတစ်ခွန်းပါပဲ။

စည်းထားပါ
Relationship မှာ ယောက်ျားလေးဖက်ကရော၊ မိန်းကလေးဖက်ကပါ စည်းဆိုတဲ့စကားလုံးကို ပျောက်ဆုံးနေတတ်ကြပါတယ်။ တကယ်တေယ့ ချစ်သူဖြစ်လာပြီဆိုတာနဲ့ ကိုယ်ဟာ သူ့ဘဝတစ်ခုလုံးကို အပိုင်စားရသွားတာမဟုတ်ဘူးဆိုတာ နားလည်ထားပါ။ ယုံကြည်မှုအပြည့်အဝရှိနေတဲ့ အချစ်ရေးတစ်ခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် စည်းလေးတွေထားပြီး သီးသန့်အချိန်ပေးဖို့ကိုလည်း စိုးရွံ့နေမှာမဟုတ်တော့ပါဘူး။
သစ္စာရှိပါ
သစ္စာမဖောက်ခြင်းဟာ သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုကို အခိုင်မြဲစေနိုင်ဆုံးသော လုပ်ရပ်တစ်ခုပါပဲ။ သင်ဟာ အတိတ်မှာလည်း သစ္စာဖောက်ခဲ့ဖူးသူမဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူအတွက် သစ္စာရှိတဲ့သူတစ်ယောက် ဖြစ်နေပြီဆိုရင် သင်တိှု့နှစ်ယောက်ကြားက relationship မှာ trust issue တွေ ရှိလာမှာမဟုတ်တော့ပါဘူး။

Penny