ကောင်မလေးရဲ့ နှလုံးသားကိုပိုင်ဆိုင်ချင်ရင် လိုအပ်တဲ့အဆင့်(၇)ဆင့်

ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်ရတာ အဆင်မပြေပါဘူးဗျာ-ဆိုတဲ့ ဘော်ဒါတွေ ရှိမယ်ထင်ပါတယ်။ အားမငယ်ပါ
နဲ့။ သူတို့အချစ်ကို ရယူဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ သိပ်လည်းမခက်ပါဘူး။ Shwemom က အမျိုးသားတွေအတွက် Dating Tips တွေကို မျှဝေပေးလိုက်ပါတယ်။

(၁) မကြာမကြာ တွေ့ဆုံပေးပါ

ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားရင် မကြာခဏ တွေ့ဆုံပေးပါ။ နေတာက ရန်ကုန်- မန္တလေးက ကောင်မလေးကို စိတ်ဝင်စားမိနေတယ်ဗျ-ဆိုပြီး ကိုးလို့ကန့်လန့် ဖြစ်နေသလား။ မပူပါနဲ့ လူချင်းမတွေ့ရရင် ဖုန်းချင်းတွေ့ရအောင်
လုပ်ပါ၊ လူမှုကွန်ယက်ကို ကောင်းကောင်းအသုံးချပါ။ ဒီလိုလုပ်ပေးရင် ကိုယ်က သူ့ကို စိတ်ဝင်စားနေကြောင်း ဖွင့်ပြော
စရာတောင် မလိုပါဘူး။ မိန်းကလေးတွေက ဒါမျိုးကျတော့ ငါးကွက်လောက် ကျော်ပြီး မြင်ပြီးသားပါ။

(၂) သတိတရရှိတာကို သူသိပါစေ

ဒါကို ကြူတာပဲပြောပြော … ဖောတာပဲ ပြောပြော ဒီအချိန်တော့ ရှက်ကြောလေး ဖြတ်ထားပါ။ ဟုတ်တယ်လေ ဒီခေတ်က ဒါမျိုး လွန်ဆန်လို့ မရဘူး။ ကိုယ်က လွမ်းကြောင်း သတိရကြောင်း ပြောရမှာ အားနာနေရင် … သေချာတယ် … အဲဒီ
ကောင်မလေးက သင့်ထက် နှုတ်သွက်တဲ့သူနဲ့ လူမှုကွန်ယက်မှာ RS ချိတ်သွားလိမ့်မယ်။

READ
Instagram မှာ နာမည်ကြီးနေတဲ့ ကိုလူချောများ

(၃) သူ့မိဘတွေ ဆွေမျိုးတွေ သိလေပိုကောင်းလေပဲ

ကိုယ်သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ သူ့မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ သိလေ ပိုကောင်းလေပါဘဲ။ အဲ တစ်ခုတော့ ရှိတယ်ဗျ။ အစ်ကိုသုံးယောက်ရှိတယ် … တစ်ယောက်က လက်ဝှေ့သမား၊ တစ်ယောက်က ကရာတေးဆရာ၊ တစ်ယောက်က ရဲ-ဆိုရင်တော့ … ဆင်ခြင်ပေါ့ …။ နောက်တာပါ။ ကိုယ်က ဥပဒေမဲ့ လုပ်ရပ်မျိုး မလုပ်မိဘူးဆိုရင် သူနဲ့ နီးစပ်သူတွေက ကိုယ့်ကို အမှတ်ပေးမှာပါ။ ဒါကလည်း နှလုံးသားရေးအတွက်ထိရောက်မှု ရှိပါတယ်။

(၄) အတိတ်အကြောင်းကို စုံစမ်းပါ

အတိတ်အကြောင်းကို စုံစမ်းဖို့ လိုပါတယ်။ မသိချင်လို့ မရပါဘူး။ သူ့ကို စိတ်ဝင်စားရင် သူရဲ့ အတိတ်အကြောင်းကို စိတ်ဝင်စားရမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် အလုပ်ပါဘဲ။ အဲဒီအတိတ်ထဲမှာ သင် လက်မခံနိုင်လောက်တဲ့ အတိတ်လည်း ရှိနိုင်ပါတယ်။ ဒါကတော့ သင် အချစ်ဆိုတာကို ဘယ်လောက်အလေးထားသလဲဆိုတာ စမ်းသပ်မဲ့ စာမေးပွဲပဲ။

(၅) စိတ်ဝင်တစား ဆက်ဆံပါ

သူ့ကိုတွေ့လိုက်တဲ့အခါတိုင်း မျက်လုံးကလေးတွေ ဆွေးရိပ်သန်းနေရင် သူက … ကြည့်စမ်း … ငါ့ကို မတွေ့ရလို့ သူခမျာ ဖြစ်နေလိုက်တာ … မျက်လုံးအကြည့်လေးကိုက သနားစရာ-ဆိုပြီး တွေးတတ်ပါတယ်။ အဲဒီလောက် သရုပ်ဆောင် မကောင်းလည်း ကိစ္စမရှိပါဘူး။ ကိုယ်က သူ့ကို အနှိုင်းမဲ့စိတ်ဝင်စားသူဖြစ်ကြောင်း သူ ယုံကြည်ပါစေ။

READ
ကောင်မလေးတွေခိုက်အောင် ပဲပေးနည်းများ

(၆) သူ့အကြောင်းကိုမေးပါ/ကိုယ့်အကြောင်းကို ပြောပြပါ

ဒီလိုပဲ ရင်းနီးလာတဲ့အခါ သူကလည်း စိတ်လိုလက်ရ သူ့အကြောင်းတွေကို ပြောပြလိမ့်မယ်ဆိုတာ ကြိုတွေးထားပါ။ ဒါဟာ သူ့အတွက် သင်က ယုံကြည်စိတ်ချရတဲ့သူဆိုတာကို သူ လက်ခံလိုက်တဲ့ အခြေအနေမှာ ဖြစ်လာပါလိမ့်မယ်။
သင်ကလည်း သူ သိသင့်သိထိုက်တာတွေ ပြောဖို့ ၀တ္တရားရှိတယ်လို့ မှတ်ယူပါ။ အသည်းနှလုံးချင်း နားလည်မှု စတင်လှဲလှယ်တဲ့ အချိန်ဖြစ်ပါတယ်။

(၇) အတူတူ(ခဏခဏ)လမ်းလျှောက်ထွက်ပါ

မိန်းကလေးတွေရဲ့ အဖြစ်ချင်ဆုံး စိတ်ကူးတွေထဲမှာ ချစ်သူနဲ့ လက်တွဲပြီး လမ်းလျှောက်ထွက်ချင်တာ တစ်ခုလည်း ပါ
ဝင်ပါတယ်။ သူက သင့်ကို လမ်းလျှောက်ထွက်ဖို့ ဖိတ်မံခြင်း မပြုဘူးဆိုရင် သင်က သူ့ကို လမ်းလျှောက်ထွက်ဖို့ ဖိတ်မံပါ။ ကြာရင် သူ သင်နဲ့အတူတူ လမ်းလျှောက်ထွက်ရတာကို ကြည်ဖြူလာမယ်၊ ပျော်လာမယ်ပေါ့။ ဒါမှမဟုတ် အပြင်မှာ တစ်ခုခု ၀ယ်စားတာတို့၊ ညဈေးပွဲ သွားတိုးတာတို့တစ်တွေဟာ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)

source : lovepanky.com

SHARE