ကောင်မလေးရဲ့အာရုံစိုက်မှုရအောင် လုပ်နည်းများ

ကိုယ်ကြိုက်နေတဲ့ ကောင်မလေးက ကိုယ့်ကို သိပ် စိတ်ဝင်စားတဲ့ အမူအယာမပြဘူးဆိုရင် တစ်ခြား ဘာတွေများ လုပ်ဖို့
လိုသလဲ သိချင်နေကြတဲ့အမျိုးသားတွေထဲမှာ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးလည်း ပါနိုင်ကောင်းပေရဲ့။ ဒီတော့
အောက်ပါ အချက်(၇)ချက်ကို ဂရုတစိုက်လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။

(၁) အ၀တ်အစား

လူမှာအ၀တ်၊ တောင်းမှာအကွပ်-ဆိုတဲ့ စကားလည်း ရှိပေသားပဲ။ ကိုယ့်ကောင်မလေးက ဘယ်လိုပုံစံမျိုး ကြိုက်နှစ်သက်
သလဲဆိုတာ သူ့ရဲ့ အသွင်အပြင်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဥပမာ-သူက မြန်မာဆန်ဆန်လေးဆိုရင် ကိုယ်က နား
ကွင်းတွေ၊ နားကပ်တွေ ဖြုတ်ပစ်ပြီး ယောပုဆိုးနဲ့လက်ရှည်အဖြူ ၀တ်သင့်ရင် ၀တ်ရမယ်-ဆိုတဲ့ သဘောပေါ့။

(၂) မျက်လုံးနဲ့ဆက်သွယ်မှု

သူနဲ့ မျက်လုံးချင်းဆုံအောင် လုပ်ရတာ မခက်ပါဘူး။ သူက ဘယ်လိုမှ မကြည့်ဘူးဆိုရင် ကိုယ့်ဘက်က ထူးဆန်းတဲ့ အ
သံတစ်ခုခု ပြုလိုက်ပါ။ လေတော့ မလည်လိုက်နဲ့ပေါ့ဗျာ။

READ
မိန်းကလေးဘက်ကလိုလိုလားလားဖြစ်အောင်သင့်ကိုယ်သင်ဘယ်လိုမိတ်ဆက်မလဲ

(၃) အမှတ်ရစေမယ့် အပြုအမူ

နောက်တစ်ခုက အမှတ်ရစေမယ့် အပြုအမူဆိုတာ သူ သင့်ကို တော်သင့်သလောက် သတိထားမိလောက်ပြီဆိုရင် ဥပမာ
မျက်လုံးမှိတ်ပြတာတို့၊ နှာခေါင်းရှုံ့ပြတာတို့-လုပ်ကြည့်ပါ။

(၄) သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်ပါ

သူ့သူငယ်ချင်းတွေဆို ပိုင်အောင်ပေါင်းထားရတယ်။ ယောက်ျားလေးဆိုရင် လက်ဖက်ရည်လေး ဘာလေးတိုက်ပြီး ပေါင်း
သင့် ပေါင်းရမယ်။ မိန်းကလေးဆိုရင် အရက်ဆိုင်ကို ခေါ် … အဲလေ … လက်ဆောင်လေး ဘာလေးပေးပြီး ဖားသင့်ရင်
ဖားရမယ်။ အဲ ရင်းနီးပြီဆိုရင် ကိုယ့်လူ ရင်ဖွင့်စရာရှိတာ ဖွင့်ပေတော့။ သူ့ဆီ အဲဒီစကားတွေ ပြန်ရောက်လိမ့်မယ်။

(၅) ယုံကြည်မှုရှိပါ

အရေးကြီးဆုံးကတော့ ယုံကြည်မှုပေါ့။ ဒါမရှိဘူးဆိုရင် ကျန်တာတွေ ဘယ်လောက်ခရီးပေါက်ပါစေ စွံမှာမဟုတ်ပါဘူး။

(၆) အပြုံး

နောက်တစ်ခုက အပြုံးပေါ့။ သူ့ မြင်လိုက်တာနဲ့ ပါးစပ်က ချက်ကနဲဆို ပြုံးတတ်တဲ့ အကျင့်ဖြစ်အောင် လုပ်ထားနိုင်ရင် ပို
ကောင်းပါတယ်။ အပြုံးကလည်း အမျိုးမျိုးရှိတာဗျ။ လှောင်ပြုံး၊ ရှက်ပြုံး၊ ငတ်ပြုံး၊ ဖားပြုံး၊ ကျားပြူံး၊ နွားပြုံး၊ စားပြုံး၊ ဟန်
ပြုံး၊ မာန်ပြုံး၊ ကြံပြုံး၊ ခိုးပြုံး၊ ရိုးပြုံး-စသဖြင့်ပေါ့ဗျာ။ အခု ပြုံးရမှာက အဲဒီအပြုံးတွေထဲ တစ်ခုမှ မပါဘူး။ သူ့ကိုမြင်တာနဲ့
တလေးတစားပြုံး၊ ကြင်ကြင်နာနာပြုံး၊ မင်္ဂလာရှိအောင် ပြုံး-ပေါ့ဗျာ။

READ
ကတုံးပြောင်သူတွေက အချစ်ရေးမှာစန်းပိုပွင့်ဟု ပညာရှင်များပြောကြား

(၇) ထပ်ကြပ်မကွာလိုက်ပါ

နောက်တစ်ခုက သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါ။ ဒါပေမယ့် သူ့ဘက်က သိပ်ရင်းနီးဟန် မပြသေးဘူးဆိုရင်
တော့ လိုက်သင့် မလိုက်သင့် ကိုယ့်ဘာသာ ဆင်ခြင်ပေါ့။ တစ်ခါတလေ အနုကြမ်းစီးမယ့်သူနဲ့မှားပြီး ရဲကို လက်တို့လိုက်
လို့ မသင်္ကာမှုနဲ့ ပဲဟင်းစားနေရဦးမယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

 

SHARE