ကောင်မလေးတွေ စိတ်ဝင်စားအောင်နေထိုင်နည်း

မိန်းကလေးတွေဟာ ဘယ်လိုယောက်ျားလေးတွေကို ပိုပြီးသဘောကျတယ်ဆိုတာ အကြမ်းဖျဉ်းတော့ သက်မှတ်လို့ မရပါဘူး။ ကိုယ့်ရဲ့ ဆွဲဆောင်အား ကောင်းလေ ကောင်မလေးတွေက စိတ်ဝင်စားလေပါဘဲ။ ဒီတော့ ကောင်မလေးတွေကို စိတ်ဝင်စားအောင် လုပ်တဲ့နေရာမှာ အရေးပါတဲ့အရာတွေကို Shwemom အမျိုးသားပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန့်ညားအောင် နေပါ

အမအယာ ခန့်ခန့်ညားညား ရှိမှ အမျိုးသမီးတွေက ပိုပြီး စိတ်ဝင်စားကြပါတယ်။ ဒီထက် ပိုပြောရရင် သန့်သန့်ရှင်းရှင်း
စည်းကမ်းတကျ နေထိုင်တတ်ပြီး၊ အပေါင်းအသင်းဆန့်တဲ့သူမျိုးဆို ပိုသဘောကျပါတယ်။ အဲဒီအချက်တွေနဲ့လည်း ပြည့်စုံတယ်၊ ရုပ်ရည်၊ ပညာ၊ စီးပွားဥစ္စာပါ ပြည့်စုံလို့ကတော့ ခါချနေရမလောက်အထိကို စန်းပွင့်ပါတယ်။

(၂) ကောင်းမွန်စွာ ၀တ်ဆင်ပါ

ကောင်းမွန်စွာ ၀တ်ဆင်ပါဆိုတာ အ၀တ်အစား အကောင်းစားတွေချည်း ၀တ်ဖို့ ပြောတာ မဟုတ်ပါ။ ကိုယ့်ရှိတာနဲ့ သပ်သပ်ရပ်ရပ် သေသေသပ်သပ် သန့်သန့်ပြန့်ပြန့်လေး ၀တ်ဆင်တတ်ရပါမယ်။ အမျိုးသမီးတွေဟာ ကိုယ်တိုင်က အသန့်အပြန့် ကြိုက်တာမို့ သန့်ပြန့်တဲ့ အမျိုးသားတွေဆို ပိုပြီး သဘောကျတတ်ပါတယ်။

READ
ကြက်သွန်ဖြူကအိမ်ထောင်ရေးမှာ ယောက်ျားတွေကိုစွဲဆောင်မှုပိုရှိစေ

(၃) အရယ်အပြုံး

အရယ်အပြုံးကလည်း အမျိုးသမီးတစ်ယောက် ကိုယ့်ကို ခိုက်သွားစေနိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် ရယ်စရာရှိရင်လည်း ဣနြေ္ဒရရရယ်ပြီး၊ ပြုံးစရာရှိရင်လည်း ကောင်းမလေးတွေအချင်းချင်း လက်တို့ပြီး ပြောရလောက်အထိ စွဲဆောင်မှု ရှိရှိ ပြုံးတတ်ရင် ပိုပြီးတော့တောင် ကောင်းပါသေးတယ်။

(၄) ကြောက်သလိုရွံ့သလို မလုပ်ပါနဲ့

ကြောက်သလိုလို ရွံ့သလိုလိုလုပ်နေရင် အမျိုးသမီးတွေက သဘောမကျပါဘူး။ ဒါဟာ လက်ရဲဇက်ရဲလုပ်ဖို့ တိုက်တွန်းတာ မဟုတ်ပါ။ တစ်နည်းပြောရရင် အမျိုးသမီးတွေနဲ့ တွေ့တဲ့အခါမှာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ နေနိုင်တယ်ဆိုရင် အမျိုးသမီးတွေကနေ ပေးတဲ့ အမှတ်တစ်မှတ် ရပြီမှတ်ပါ။

(၅) မျက်လုံးချင်း ခဏခဏဆုံအောင်လုပ်ပါ

ကိုယ် စိတ်ဝင်စားမိနေတဲ့ အမျိုးသမီးဆိုရင် မျက်လုံးချင်း ခဏခဏဆုံဖို့ အရေးထားရပါမယ်။ မျက်လုံးချင်း တွေ့ဆုံမှုဟာ အချစ်ရေးမှာ အလွန်တာသွားပြီး စကားလုံးပေါင်းများစွာ လေကုန်ခံ ပြောစရာမလိုအောင်အထိ ထိရောက်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ သူတို့ကို သုံးခါလောက် ခပ်ကြာကြာ စိုက်ကြည့်လိုက်ရင် သူတို့ဘက်ကနေ ခဏခဏပြန်ကြည့်ဖို့ ၀န်လေးသူတွေ မဟုတ်ပါဘူး။

READ
ထားသွားတဲ့ကောင်မလေးကို ခေါက်ထားနိုင်ဖို့ အလွယ်ဆုံးနည်းလမ်း(၅)မျိုး

(၆) တက်ကြွနေပါစေ

ယောက်ျားဖြစ်ပြီး ထုံထိုင်းနေတဲ့ ပုံစံ၊ အူတူတူပုံစံ၊ ကြောင်တောင်တောင် ပုံစံဆိုရင် အမျိုးသမီးတွေ စိတ်ဝင်စားလေ့ မရှိပါ။ တက်ကြွခြင်းဟာ ဉာဏ်ပညာရဲ့ရောင်ပြန်ဟပ်မှုဖြစ်ပြီး၊ အခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်စေပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE