ရာသီခွင်အလိုက် မိန်းကလေးတွေရဲ့စိတ်ကို အပိုင်သိမ်းနည်း

Imdb/50ShadesofGrey

အမျိုးသားတော်တော်များများက ရာသီခွင်တို့ ဗေဒင်လက္ခဏာတို့ကို သိပ်ပြီးေ တာ့ မယုံကြည်ကြပါဘူး။ဒါပေမယ့် ဒါတွေကလည်း လုံးဝ မမှန်ဘူးလို့ တော့ ပြော လို့မရသလို တစ်ရာရာခိုင်နှုန်းမှန်တယ်လို့ လည်း ပြောလို့မရပါဘူး။ဒါပေ မယ့် ခန့်မှန်းလို့ လုံးဝ မရတဲ့ လူတစ်ယောက်ရဲ့ စိတ်ကို သူ့ရဲ့ ရာသီခွင်အလိုက် ( အကြမ်းဖျဉ်း)ဖော်ပြထားတဲ့ စိတ်နေသဘောထားတွေကို သိအောင် လုပ်ပြီး ချဉ်းကပ်ကြည့်တာကလည်း နည်းလမ်းကောင်းတော့ မဟုတ်ပေမယ့် ကြိုးစား ကြည့်ရင်လည်း အရှုံးတော့ မရှိလောက်ပါဘူး။အမျိုးသမီးတွေ မှာ ရာသီခွင် အလိုက် မတူညီတဲ့ စိတ်နေသဘောထားတွေရှိပါတယ်။

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

shutterstock/By Ivanko80

ချစ်သူကောင်မလေး(သို့)ချစ်သူတော်ဖို့ ကိုယ်ရည်ရွယ်ထားသူက မိဿရာသီ ဖွားဆိုရင်တော့ သူမနဲ့ အဆင်ပြေချင်ရင် လုပ်ရမယ့် နည်းလမ်းက တစ်ခုပဲ ရှိပါ တယ်။ သူမကို ဦးဆောင်ခိုင်း၊ဆရာတင်လိုက်ပါ။ဒီရာသီဖွားတွေဟာ တခါတေ လမှာ အရမ်းကို ကလေးဆန်ပြီး၊ရှုံးရမှာကို အရမ်းကြောက်ကြပါတယ်။ဘာမ ဟု တ်တဲ့ အသေးအဖွဲလေးတွေကိုတောင်မှ ရှုံးရမှာကို ကြောက်တာပါ။ဒီတော့ သူ တို့ နဲ့အဆင်ပြေချင်ရင် ရန်ပွဲတွေကို ရပ်စဲချင်ရင်တော့ အကောင်းဆုံး နည်းက သူမကို အနိုင်ပေးလိုက်ပါ။သူမကို ဆရာတင်ပေးလိုက်ရင်တော့ သဘောတွေ အကျကြီးကျသွားပါလိမ့်မယ်။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ )

ဒီရာသီဖွားတွေကတော့ နွေးထွေးတယ်၊ချစ်တတ်တယ်၊ါးပေမယ့် ခေါင်းမာ တတ်သူတွေပါ။အမြဲတမ်းလိုလို DO OR DIE ဆိုပြီး ပြတ်ပြတ်သားသား အစွန်းနှစ်ဖက်ထဲက တစ်ခုကို ရပ်တတ်တဲ့ သူတွေပါ။သူတို့ရဲ့ စိတ်ကို သိမ်း သွင်း ချင်ရင်တော့ ပစ္စည်းကောင်းကောင်းလေးတွေ၊၀တ်ကောင်းစားလှ လေးေ တွနဲ့ သိမ်းသွင်းရမှာပါ။သူမရဲ့နှလုံးသားကို အမြန်ဆုံး နည်းနဲ့ လှုပ်နှိုးချင်ရ င်တော့ လက်ဆောင်ပစ္စည်းကောင်းကောင်းနဲ့ သိမ်းသွင်းပါ။သူတို့ဟာ အကောင်းတကာ့အကောင်းဆုံးဆိုတာကို ကြိုက်နှစ်သက်တတ်သူတွေပါ။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ )

ဒီရာသီဖွားကောင်မလေးတွေကိုတော့ ဘယ်တော့မှ သွားပြီး အတင်းဖိအား ပေးတာတွေ မလုပ်ပါနဲ့။သူတို့က လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်ပြီး လာပြီး ထိန်းချုပ်တာ၊သူတို့ရဲ့ နေပုံထိုင်ပုံနဲ့ပတ်သက်ပြီး သွား တိုက်ခိုက် ပြောဆိုတာကို လုံးဝမကြိုက်ပါဘူး။သူတို့ရဲ့ စိတ်ကို သိမ်း သွင်း ချင်ရင်တော့ လွတ်လွတ်လပ်လပ်ပေးနေလိုက်ပါ။

READ
နှလုံးခွဲစိတ်ကုသမှု လေးကြိမ်ခံယူရတဲ့ သုံးနှစ်အရွယ်သမီးလေး

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

ဒီရာသီဖွားကောင်မလေးတွေ ကတော့ စိတ်ရင်း အမှန်နဲ့ ပြောဆို ဆက်ဆံ ပေးပါ။သင့်ရဲ့ မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ပဲ သူမရဲ့ နှလုံးသားကို သိမ်းသွ င်းနိုင်ပါလိမ့်မယ်။သူတို့ဟာ မိသားစုကို ချစ်တတ်ပြီး သူမရဲ့ မိသားစုကို သွားထိလိုက်ရင်တော့ ဒါဟာ ပြေလည်ဖို့ ခက်တဲ့ စစ်ပွဲကို စလိုက်တာနဲ့ အတူတူပါပဲ။သူမလိုချင်တာ၊ဖြစ်ချင်တာလေးတွေကို သင့်ဘက်ကနေ လိုက်ပြီး ဖြည့်ဆည်းပေးလိုက်ရင်တော့ သူမက သင့်ကို အချစ်ကြီးချစ်၊အစွဲလမ်းကြီး စွဲလမ်း သွားပါလိမ့်မယ်။

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

သူတို့ကတော့ အာရုံစိုက်ခံရတာကို ကြိုက်တဲ့ သူတွေပါ။ဒါကြောင့် သူမကို အလေးပေး အာရုံစိုက် ဆက်ဆံပေးလိုက်တာနဲ့ သူမနဲ့ လုံးဝ ပြေလည် သွားမှာပါ။သူတို့ရဲ့ အချစ်ကို လိုချင်ရင်တော့ သူမကို ဘုရင် မတပါးလို ဆက်ဆံပေးလိုက်ပါ။သူမရဲ့ စိတ်ကို တခါတည်းနဲ့ အပိုင်သိမ်းသွင်းနိုင် ပါလိမ့်မယ်။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

shutterstock/By Alex Volot

ဒီရာသီဖွားကောင်မလေးတွေကတော့ စိတ်က ခုတစ်မျိုး တော်ကြာ တစ်မျိုးနဲ့ ပြောင်းလဲတတ်သူတွေပါ။တစ်ခုခု အဆင်မပြေ လိုက်တာနဲ့ ဒေါသ ထွက်လာ တတ်သူတွေပါ.အပြင်ပန်းကြည့်ရင်တော့ သွေးအေးတယ်၊နှလုံးသား မဲ့သူတွေ လို့ ထင်ရတတ်ပါတယ်။တကယ့် အတွင်းစိတ်ကတော့ အင်မတန် နူးညံ့ကြ သူတွေပါ။ကိုယ်တိုင်လည်း တိကျစေ့စပ် သေချာသလို သူမလိုပဲ တိကျ စေ့စပ် သေချာတဲ့ သူမျိုးကိုမှ နှစ်သက်သဘောကျတတ်သူတွေပါ။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

မျှတမှု၊တရားနည်းလမ်းကျ မှုဆိုတာကတော့ သူတို့ရဲ့ လက်သုံးစကားပါ။ရိုမန် တစ် ဆန်တာကို ကြိုက်တဲ့ သူတွေပါ။ဥပမာ- ဖယောင်းတိုင်ထွန်းပြီး ညစာ စားတာမျိုး၊ရိုမန်တစ်ဆန်ဆန် ပန်းစည်းနဲ့ တခြား လက်ဆောင် တွေ ပေးပြီး သိမ်း သွင်းတာက သူမစိတ်ကို သိမ်းပိုက်နိုင်ပါလိမ့်မယ်။

(၈)Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

ဒီရာသီဖွားတွေကတော့  အစွဲအလမ်းကြီးတယ်၊လျှို့ဝှက်တတ်တယ်၊မနာ လိုစိ တ်ကြီးတယ်၊အငြှိုးကြီးတတ်သူတွေပါ။အချစ်လဘ်း အရမ်း ကြီး တတ်သူတွေပါ။ ရဲရင့်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ဒါကြောင့် သူတို့ စိတ်ကို သိမ်း ပိုက် ချင်ရင်ေ တာ့ အပြောချိုချိုလေးတွေလောက်နဲ့ မရပါဘူး။စကားလုံးလေး တွေ လောက်နဲ့ သူတို့ဆီက အထင်ကြီးမှုနဲ့ အချစ်ကို လိုချင်လို့ မရပါဘူး။အပြောမဟုတ် လက်တွေ့ သမားမှ ရပါလိမ့်မယ်။

READ
ရဲစခန်းကို အရေးပေါ်ဖုန်းလိုင်းနဲ့ ဆက်သွယ်ပြီး မွေးနေ့ပွဲလာဖို့ ဖိတ်ခေါ်ခဲ့တဲ့ ကောင်လေး

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

လွတ်လပ်မှုကို တန်ဖိုးထားတတ်သူတွေပါ။မျှတတဲ့ စိတ်ရှိသူ၊အကောင်းမြင် တတ်သူတွေပါ။ဟာသတွေကို ကြိုက်တတ်တဲ့ သူတွေ မို့ သင်က ဟာသဥာဏ် ရှိသူဆိုရင်တော့ သူ့စိတ်ကို အလွယ်လေးနဲ့ သိမ်းပိုက်နိုင်ပါလိမ့်မယ်။မလို အပ်တာ တွေကို ပုံကြီးချဲ့တာမျိုးကတော့ သူမ အမုန်းဆုံး လုပ်ရပ်ပါ။

(၁ဝ)Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

သူတို့ ဟာ တိတ်ဆိတ်အေးဆေးလွန်းပြီး ရုပ်ဝါဒကို ဦးစားပေးလွန်းတဲ့ ပုံမျိုး အပြင်ပန်းမှာ ပေါက်နေနိုင်ပါတယ်။သူတို့ရဲ့ စိတ်ကို သိမ်း ပိုက်ချင်ရင်တော့ သူမ အထင်ကြီးအောင် နေပြရပါလိမ့်မယ်။သင်က အတတ်ပညာတစ်ခုခု(သို့) တခြားနေရာတစ်ခုခုမှာ ဆရာကြီးဖြစ်ပြီး ကျွမ်းကျင်နေမယ်ဆိုရင်တော့ သူမရဲ့ စိတ်ကိုသိမ်းပိုက်ရတာ မခက်ပါဘူး။

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

မတရားတာကို လက်ပိုက်မကြည့်နိုင်ဘူးဆိုတဲ့ မိန်းကလေး မျိုးပါ။ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ပါစေ သူမ ဘက်က မားမားရပ်ပေးလိုက်မယ်၊သူ မ လိုအပ်တဲ့ အချိန်တိုင်းမှာ အနားမှာ ရှိပေးမယ်ဆိုရင်တော့ သူမရဲ့ စိတ်ကို သိမ်း ပိုက်နိုင်မှာပါ။အလိုလိုက်ခံရတာကို ကြိုက်သူတွေ မို့ အလို လိုက်ပေး တဲ့ နည်းက သူမဆီက သဘောကျမှုကို ချက်ချင်းပြန်ရနိုင်မယ့် နည်းပါ။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

shutterstock/By gostua

ရိုးသားလွန်းသူ၊ရှက်တတ်လွန်းသူတွေပါ။သူမက အသစ်အသစ်တွေကို နှစ်သက် တတ်သူပါ။ဒါကြောင့် ပစ္စည်းအသစ်အဆန်း လေးတွေ ၀ယ်ပေးတာ ၊အသစ်ဖွင့်လိုက်တဲ့ ပြတိုက်၊ဆိုင်တစ်ခုခုကို ခေါ်သွားတာမျိုးကို ဆိုရင် အရမ်းနှစ်သက်ပါတယ်။သူမ ရင်ဖွင့်ချင်လာတဲ့ အချိန်တိုင်း သင့်ဘက်က နားထောင် ဖို့ အမြဲအသင့်ရှိနေပေးမယ်ဆိုရင်တော့ သူမရဲ့ စိတ်ကို သိမ်း သွင်းရတာ မခက်ပါဘူး။

SHARE