တည်ငြိမ်အေးချမ်းသောစိတ်ကို အစဉ်ပိုင်ဆိုင်စေဖို့

လူတွေဟာ အစဉ်ကျန်းမာလှပနေဖို့အတွက် မျှတတဲ့အစားအစာတွေစားကြတယ် လိုအပ်တဲ့ဆေးဝါးတွေမှီဝဲကြတယ် အမျိုးမျိုးသော အားကစားတွေပြုလုပ်ကြတယ် ကောင်းပေ့ညွှန်းပေ့ဆိုတာတွေနဲ့ အလှဆင်ကြတယ်။ လူအများစုက ကိုယ်ခန္ဓာကိုပဲအလှဆင်ကြပြီး ကိုယ့်စိတ်နှလုံးကိုအာဟာရဖြည့်ဖို့ မေ့နေတက်ကြတယ်။ လူကျန်းမာနေပေမယ့် စိတ်ကအိုစာနေရင်အလကားပါပဲ။ ကိုယ်ခန္ဓာသန်စွမ်းနေလည်း ညစ်နွမ်းပြီး မသာမယာဖြစ်နေတဲ့စိတ်ကြောင့် ကိုယ့်ရဲ့နေ့ရက်တွေက ဘယ်လိုမှလှပနိုင်မှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်ကာလမှာ ပိုပြီးသိသာပါတယ်။ အပြိုင်အဆိုင် အတွန်းအတိုက်တွေကလည်း များလွန်းလှတယ်။ အားလုံးကမြန်ဆန်စွာ တိုးတက်ပြောင်းလဲနေပြီး လူတိုင်းက သွက်သွက်လက်လက် လှုပ်ရှားရုန်းကန်နေကြရတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရတက်သလို စိတ်ဖိစီးမှုတွေကလည်း ဒုနဲ့ဒေးပဲ။ တစ်ခါတစ်ရံမှာဘဝက နေသာသလိုရှိပေမယ့် တစ်ခါတစ်လေတော့လည်း စိတ်ရှုပ်စရာအပြည့်နဲ့ တိမ်ထူပြီး မိုးသည်းတဲ့နေ့တွေကို ဖြတ်သန်းကောင်း ဖြတ်သန်းရလိမ့်မယ်။ ဒီလိုဆို တက်ကြွပျော်ရွှင်ပြီး ကြည်လင်တဲ့စိတ်ရအောင် ဘာတွေလုပ်ရမလဲ။ ကိုယ့်ရဲ့စိတ်နှလုံးကို အမြဲအေးချမ်းနေရအောင် ဘာတွေလုပ်ရမလဲ။

(၁) ကိုယ်ဘာဖြစ်ချင်သလဲ ဘာကိုယုံကြည်သလဲ ကိုယ့်ကိုယ်ကိုသိအောင်အရင်မေးပါ။

READ
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမဲ့ နည်းလမ်း (၄)သွယ်

ဘေးလူတွေပြောစကားထက် ကိုယ့်ဘဝကိုယ့်အကြောင်းကို ကိုယ်အာရုံစိုက်ပါ။ ကိုယ်ဘယ်လမ်းကိုလျှောက်သင့်သလဲ ကိုယ်တိုင်ပဲဆုံးဖြတ်ပါ။ လုံးဝကိုမကြိုးစားခဲ့ရင် နောင်တစ်ချိန်မှာရလာမှာ နောင်တပါ။ ကြိုးစားမိခဲ့လို့မှားစေဦးတော့ ဒါဟာသင်ခန်းစာပါ။

(၂) လက်လွှတ်တက်အောင်ကြိုးစားပါ။

အများကြီးကို ဖမ်းဆုပ်ထားတာ ပျော်ရွှင်မှုမဟုတ်ပါဘူး။ အတ္တတွေ မာနတွေနဲ့ တစ်ခါတစ်လေမှာ သူများအပူတွေကိုပါ သိမ်းယူထားမိတက်တယ်။ ကိုယ်ပျော်ရွှင်ဖို့အခွင့်အရေးဟာ ကိုယ်လက်ထဲမှာပဲရှိတယ်။ အခြားဘယ်သူ့ကြောင့်မှ ကိုယ့်ရဲ့ပျော်ရွှင်မှုကိုအဆုံးရှုံးမခံပါနဲ့။

(၃) အကောင်းမြင်တက်ပါစေ။

ကိုယ့်စိတ် ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့စကားလုံးတွေ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေနဲ့သာရှိနေစေရင်အကောင်းဆုံးပါ။ အမုန်းတရားတွေကို ရင်ထဲမှာသိမ်းမထားပါနဲ့။ ကိုယ့်ခံစားချက်တွေ တင်းကြပ်မှုတွေကို ယုံကြည်ရသူတစ်ယောက်ဆီမှာ ရင်ဖွင့်ပါ။ ဒါဟာ တစ်စိတ်တစ်ပိုင်းတော့ သက်သာရာရစေမှာပါ။

(၄) အရမ်းကိုစိတ်အားငယ်နေချိန် သို့မဟုတ် ဒေါသထွက်နေချိန်မှာ အခန်းထဲမှာ တစ်ယောက်ထဲ ပေါက်ကွဲဝမ်းနည်းနေမယ့်အစား အပြင်ဘက်ထွက်ပြီး လမ်းလျှောက်လိုက်ပါ။

လတ်ဆတ်သောလေကိုတစ်ဝရှုရှိုက်ပါ။ သဘာဝနဲ့ တစ်သားထဲစီးမျောရင်း စိတ်ကိုထွက်ပေါက်ပေးလိုက်ပါ။

READ
သင့်မှာ ဒီလိုသူငယ်ချင်းမျိုးတွေရှိရင် ဂုဏ်ယူလိုက်ပါ

(၅) တစ်နေ့ကို ငါးမိနစ်လောက်အချိန်ပေးပြီး အိပ်ယာပေါ်ငြိမ်ငြိမ်လေးလှဲနေကာ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေကို အခက်အခဲကိုကျော်လွှားခဲ့ရတာတွေကို ပြန်လည်တွေးတောပါ။

ဘဝရဲ့အဆိုးဆုံးလို့ထင်ခဲ့တာတွေကလည်း ခုချိန်မှာဘာမှမဟုတ်တော့တာ သတိထားမိလိမ့်မယ်။

(၆) တရားထိုင်ပါ။

ကိုယ်ယုံကြည်သက်ဝင်ရာ ဘာသာရေးလိုက်စားပါ။

(၇) ညင်သာငြိမ့်ညောင်းသောတေးသီချင်းများကိုနားထောင်ပါ။

ဂီတကစိတ်နှလုံးကိုနူးညံ့စေပါတယ်။

(၈) မေတ္တာတရားကိုလက်ကိုင်ထားပြီး ကိုယ်ချင်းစာစိတ်ကိုမွေးမြူပါ။

တစ်ဖက်သားကို စိတ်ချမ်းသာစေတက်သူကို လောကကြီးကလည်း ပျော်ရွှင်မှုတွေ လက်ဆောင်ပြန်ပေးပါလိမ့်မယ်။

အားလုံးပဲ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

YMN(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE