ချစ်သူရှိသယောင် အထင်မှားသွားကြစေနိုင်တဲ့ ဓာတ်ပုံရိုက်နည်းများ

အင်တာနက်ပေါ်မှာဆိုရင် လက်တွေ့ဘဝနဲ့ မတူတဲ့ ကိုယ်နှစ်သက်ရာ ပုံစံဖြစ်လာနိုင်ကြတယ်ဆိုတာ နားလည်ထားကြပြီးဖြစ်မှာပါ။ ဒီအထဲမှာမှ ချစ်သူမရှိရင်တောင် ချစ်သူရှိသလို ဟန်ဆောင်လို့ရတာတောင် ပါပါသေးတယ်နော်။ ဒီဟာသဓာတ်ပုံလေးတွေထဲမှာဆိုရင်တော့ Rain Yokohama ဆိုတဲ့ ကာင်လေးက သူ့ကောင်မလေးနဲ့ ရိုမန်တစ်တွေပဲ ဆန်နေသလို အိုင်ဒီယာမျိုးစုံနဲ့ မျက်နှာပြောင်ထားပါတယ်။

ပါးစပ်လေး ပေနေတာကို ချစ်သူက သုတ်ပေးနေသလိုကနေ ကုတင်ပေါ်မှာ ဖက်နေတဲ့ပုံအဆုံး တစ်မုန်းကို တစ်ယောက်တည်း ရိုမန်တစ်တွေ ဆန်ထားတာပါ။ ချစ်သူမရှိလည်း fb ပေါ် ပုံတင်ချင်လို့ဆိုရင် သူ့လို လိုက်လုပ်ကြည့်ချင် လုပ်ကြည့်လိုက်ကြနော်။ 😛

အိပ်နေတုန်း လာနှောင့်ယှက်မယ်

ဒါကတော့ ဒီကလူတွေလည်း လုပ်နေကျမလား

သဘာဝကျကျ Follow Me ပို့စ်

ချိဖတော့ ကြမ်းပြီ

ကော်ဖီဒိတ်

ကိုကို့ပါးစပ်မှာ ပေနေတာ ပေပီသုတ်ပေးပါရစေ ဘာညာ :3

လက်ပဲမြင်ရတဲ့ ကောင်မလေး

ဓာတ်ပုံလှမ်းရိုက်ပေးနေပါတယ်ပေါ့

Ref: Bored Panda

SHARE