နှုတ်ခမ်းသားညိုနေသူတွေ ပန်းရောင်နုနုဖြစ်သွားစေမယ့် လုပ်ကြည့်သင့်တဲ့ နည်းများ

နှုတ်ခမ်းသားညိုနေရင် နှုတ်ခမ်းနီအနုဆိုးရင်တောင် အရင့်ဘက်ကို ပြောင်းသွားတတ်တယ်။ ဒီလိုဆိုရင်တော့ သင့်နှုတ်ခမ်းကို အဆိပ်အတောက်တွေ ထုတ်ပစ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တဲ့အချိန် (၁)လအတွင်းမှာ နှုတ်ခမ်းနီ မဆိုးရပါဘူး။ နှုတ်ခမ်းနီအစား သဘာဝ moisturizer တွေကို လိမ်းပေးသင့်ပါတယ်။  ဒီနည်းတွေမှာ ပါတဲ့ပစ္စည်းတွေက သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ဘာမှ စိုးရိမ်စရာမလိုဘဲ ၊ သုံးကြည့်ပေးပါ။

(၁) ပျားရည် – သကြား scrub

fabhow

ပါဝင်ပစ္စည်းများ – သကြားညို (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– ပါဝင်ပစ္စည်းနှစ်မျိုးကို ခွက်သေးသေးထဲ ထည့်ပြီး ရောပေးပါ။
– ရောပေးပြီးရင်တော့ နှုတ်ခမ်းပေါ်ကို လိမ်းပေးပြီး (၁)မိနစ်လောက် နှိပ်နယ်ပေးပါ။ ဒီနည်းက နှုတ်ခမ်းသားမှာရှိတဲ့ သွေးလည်ပတ်မှုကိုပါ ကောင်းစေပြီး ဆဲလ်သေတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

READ
အစ်မရှိတဲ့ပျိုမေတွေပဲ ခံစားရမယ့် ကောင်းကျိုးများ

(၂) သံပရိုရည် – Almond Oil

fabhow

ပါဝင်ပစ္စည်းများ – သံပရိုသီး (၁)လုံး ၊ Almond Oil (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– သံပရိုသီးကို အရည်ညှစ်ပြီး Almond Oil ထဲ ထည့်ပေးပါ။ ဒီနှစ်မျိုးကို လက်ချောင်းနဲ့ ကောင်းကောင်းရောမွှေပေးပါ။ လက်ချောင်းနဲ့တို့ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ ပိုကောင်းတဲ့ ရလဒ်ကို ရချင်ရင် ညလုံးပေါက် လိမ်းအိပ်ပေးပါ။

Hannwe Soe

SHARE