ပုရွက်ဆိတ်အမည်းတွေ အိမ်ထဲမလာအောင် အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းများ

ပုရွက်ဆိတ်တွေကို စားသောက်စရာ အချိုထားတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ သူတို့တွေက အုပ်စုလိုက်လာတတ်ပြီး အစားအသောက်တွေပေါ် အုံခဲနေတတ်တာကြောင့် စိတ်ရှုပ်စရာပါ။ တစ်ခါတစ်လေ စားပွဲပေါ်မှာ ဘာမှကိုမတင်ရဲလောက်အောင် ပုရွက်ဆိတ်တွေ သောင်းကျန်းတဲ့အိမ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် လူတွေကို ဒီလောက် စိတ်အနှောင့်အယှက်ပေးနေတဲ့ ပုရွက်ဆိတ်တွေကို ဖယ်ရှားဖို့အတွက်ဆိုရင်တော့ fabiosa မှာတွေ့ရတဲ့ နည်းလမ်းတွေနဲ့ သူတို့ကို ဘယ်တော့မှ မတွေ့မြင်ရအောင် ဖယ်ရှားလို့ ရပါတယ်။

Shutterstock/ DARUNEE SAKULSRI

ပုရွက်ဆိတ်တွေဟာ အရသာချိုပြီး အဆီများတဲ့ ထမင်းကျန်ဟင်းကျန်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့တွေဟာ နွေရာသီကို ကြိုက်တဲ့သတ္တ၀ါတွေပါ။ ရာသီဥတုနွေးတဲ့အခါမျိုးမှာ သူတို့တွေဟာ နေရထိုင်ရတာ သက်တောင့်သက်သာ ပိုရှိတဲ့အပြင် ပူတဲ့အခါ အစားအသောက်တွေကထွက်တဲ့ အနံ့တွေကလည်း ပိုပြင်းတာကြောင့် နွေရာသီဟာ သူတို့အကြိုက်ပါပဲ။

Shutterstock/ pinkjellybeans

အစားအသောက်တွေက ထွက်လာတဲ့ အနံ့ပြင်းပြင်းတွေကို ရတဲ့အခါ ပုရွက်ဆိတ်တွေဟာ အိမ်နားတစ်ဝိုက်မှာ တွေ့ရတဲ့ အစားကြွင်း အစာကျန်တွေဆီကို ဦးလှည့်ပြီး ရှာဖွေပါတယ်။ အစာရှိတဲ့နေရာဆီ သွားတဲ့အခါ သူတို့တစ်ကောင်တည်း သွားတာမဟုတ်ပဲ နောက်ပါ ပုရွက်ဆိတ်တွေလည်း လိုက်လာလို့ရအောင် လမ်းကြောင်းချန်ပေးခဲ့ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေ မလာလို့ အကောင်းဆုံးလုပ်နိုင်တဲ့ နည်းလမ်းကတော့ အိမ်ကို သန့်ရှင်းအောင် ထားတာပါ။ ထမင်း၊ မုန့်စတဲ့ အစာအပိုင်းအစလေးတွေကို ဂရုစိုက်ပြီး လွှင့်ပစ်ပါ။ အစားအသောက်တွေကို အဖုံးမအုပ်ပဲ ဒီအတိုင်းဖွင့်ထားတာမျိုး မလုပ်ပါနဲ့။

READ
ရိုင်းပျစွာဆက်ဆံတတ်တဲ့သူတွေကို ဘယ်လိုတုန့်ပြန်မလဲ
Shutterstock/ T_Pravd

အိမ်မှာ ပုရွက်ဆိတ်တွေများလို့ ဖယ်ပစ်ချင်တယ်ဆိုရင်တော့ နည်းလမ်းသုံးမျိုးနဲ့ ဖယ်ရှားနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ borax ပေါင်ဒါမှုန့်ကို အသုံးပြုတာပါ။ Borax ပေါင်ဒါမုန့် စားပွဲတင်ဇွန်း(၁) ဇွန်းခွဲကို သကြား(၄) အောင်စ ၊ ရေ(၃၅၃) မီလီမီတာကို ရောစပ်လိုက်ပါ။ ရောစပ်ထားတဲ့ရေထဲကို ၀ါဂွမ်းလုံးတွေနှစ်ပြီး ပုရွက်ဆိတ်တွေလာတတ်တဲ့ နေရာ ပုလင်း၊ဘူး အဖုံးခွံတွေပေါ်မှာ တင်ထားပါ။

နောက်တစ်နည်းကတော့ ဗီနီကာအဖြူရောင်ကို အသုံးပြုတဲ့နည်းပါ။ ပုလင်းတစ်လုံးထဲ ဗီနီကာအဖြူနဲ့ ရေကို အညီအမျှရောစပ်ထည့်လိုက်ပါ။ ရောပြီးတဲ့ အရည်ကို ပုရွက်ဆိတ်တွေလာရာ အပေါက်ဝနေရာတွေမှာ ဖြန်းပေးထားပါ။ နောက်ဆုံးနည်းကတော့ သံပရိုသီးရည် ဖြစ်ပါတယ်။ သံပရိုရည် စားပွဲတင်ဇွန်း(၄) ဇွန်းကို ရေနဲ့ ဆတူရောပြီး ပုလင်းတစ်လုံးထဲ ရောထည့်ပါ။ ရလာတဲ့အရည်ကို ခုနက ဗီနီကာသုံးတဲ့နေရာမှာလိုပဲ ပုရွက်ဆိတ်တွေအ၀င်အထွက်များတဲ့ နေရာတွေကို ဖြန်းထားပေးပါ။ ဒါဆိုရင် ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။

Shutterstock/ KhunNing

အပေါ်မှာတော့ ပုရွက်ဆိတ်တွေကို ဖယ်ရှားနိုင်တဲ့နည်းလမ်းကို ဖော်ပြပေးပြီးပြီမို့ အိမ်နားကို သူတို့လုံးလုံးမလာနိုင်အောင် နှင်နိုင်တဲ့နည်းတွေကိုပါ ထပ်မံဖော်ပြပေးလိုပါတယ်။ အဲဒါတွေကတော့..

၁. မီးဖိုချောင်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။

READ
မိန်းကလေးတွေ (၃၀)ကျော်ရင် ဘာကြောင့် ပိုလှလာတာလဲ..?

၂. ထမင်းစားပြီးတိုင်း တံမြက်လှည်းပါ။

၃. အမှိုက်ပုံးကို ပုံမှန်သွန်ပါ။ အမှိုက်ကို ထုတ်ပိုးတဲ့အခါမှာလည်း ကြမ်းပြင်ပေါ် အမှိုက်စတွေမကျန်ရစ်စေအောင် ဂရုစိုက်သွန်ပါ။

၎. အစာအနံ့တွေပျောက်အောင် မီးဖိုချောင်တွင်း အပေါ်ယံမျက်နှာပြင်တွေ (ဥပမာ စားပွဲခုံနဲ့ ဟင်းချက်ရာ ခုံမျက်နှာပြင်) ကို ချွတ်ဆေးနဲ့ ညတိုင်းဆေးကြောပေးပါ။

၅. ပုရွက်ဆိတ်တွေ ပိုးမွှားတွေက ပုံမှန်တွေ့မြင်နေကြမဟုတ်တဲ့ အပေါက်တွေကများ ၀င်ထွက်နေလားဆိုတာ လေ့လာပါ။အခုဆိုရင်တော့ ပုရွက်ဆိတ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တော်တော်များများကို ဖော်ပြပေးပြီးပြီဖြစ်လို့ စိတ်ရှု့ပ်စရာကောင်းလှတဲ့ ပုရွက်ဆိတ်တွေရန်က ဝေးဖို့ အပေါ်က နည်းလေးတွေကို စမ်းကြည့်နိုင်ကြောင်း တိုက်တွန်းပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE