ထောပတ်သီးအစေ့ကို သုံးပြီး အိမ်တွင်းအလှပင် စိုက်နည်း

Image:Youtube/Brad Canning

သြစ တြေးလျ အပင်စိတ်ဝင်စားသူ၊ YouTuber တစ် ယောက် က နေ ထောပတ်သီး အ စေ့ရဲ့ အသုံးဝင် ပုံကို ဝေမျှ ပေးခဲ့ပါတယ်။သူဝေမျှ တဲ့ နည်းကတော့ ထောပတ် သီး အ စေ့ကို သုံးပြီး ဧည့်ခန်းထဲမှာ အိမ် တွင်းအလှ ပင်စိုက်လို့ ရတဲ့ နည်းလမ်းပါ။ Brad Canning ဆိုသူက တော့  သြစ တြေးလျ နိုင်ငံ Melbourne မြို့ ကပါ။သူ့ရဲ့ တစ်မိနစ်စာ Tik Tok နဲ့ Youtube  မှာတော့ ထောပတ်သီး အ စေ့ကို သုံးပြီး ဘယ်လို အပင် စိုက်လို့ရလဲ ဆိုတာကို ဝေမျှ ပေး ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။

Image:Youtube/Brad Canning

 

@bradcanning3 week avo update. like for part 2 or a tutorial ##fyp ##viral ##avocado ##diy ##BeautyTips ##xyzbca♬ Buttercup – Jack Stauber

Brad က တော့ ထောပတ်သီးပင်တွေကို စိုက် နေတာ လွန်ခဲ့တဲ့ နှစ် အနည်း ငယ်တည်းကပါ။ကြီးထွားနှုန်း ကလည်း မြန်ပါတယ်။သုံးလ လေးလ လောက် ဆိုရင် ပဲ တော်တော်လေး ရှည် ထွက်လာပြီး အရွက် တွေ မြိုင်မြိုင်ကြီး ထွက်လာ ပါတယ်။အဲ့ဒီ အပင် လေးတွေ ကို အိမ် ထဲမှာပဲ အိုးလေး နဲ့ စိုက်ထား လိုက် ရုံပါပဲ။ဗီဒီယိုဖိုင်ကိုတော့ သြဂုတ်လ (၇)ရက်နေ့က မှ တင်ခဲ့တာပါ။

READ
ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ
Image:Youtube/Brad Canning

Brad က တော့ ပထမဆုံး ထောပတ် သီး  ထဲက အ စေ့ ကို  ထုတ် ပြီး ရင် ရေ ဆေးခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ အ စေ့ ပေါ်က အခွံ ကို လက်နဲ့  ခွာ ပါတယ်။ပြီးရင်တော့ အ စေ့ က နေ အမြစ် ထွက်လာ အောင် တစ်ရှူး စကို ရေ စွတ် ပြီး အဲ့တစ်ရှူး နဲ့ အ စေ့ကို ပတ် လိုက်ပါတယ်။ပြီးရင်တော့ Ziplock အိတ် ရှိရင် အဲ့ဒီ အိတ် ထဲကို တစ်ရှူး စို ပတ် ထားတဲ့  ထောပတ် သီး အစေ့ကို ထည့် ထားပါ။

Image:Youtube/Brad Canning

နှစ်ပတ် က နေ သုံးပတ် လောက် ကြာပြီး ရင် တော့ အိတ်ထဲက ထောပတ် သီး အ စေ့ကို ထုတ်ပါ။အဲ့ဒီအ ခါ ကျရင် အ စေ့က အက်ကွဲပြီး အထဲက နေ အမြစ် လေး ထွက် နေတာကို တွေ့ရမှာပါ။ပြီးရင် တော့ ပုလင်း လွတ် တစ်လုံးထဲကို ရေဖြည့် ပါ။ခုနက အမြစ် ထွက် နေတဲ့ အ စေ့ကို ယူပြီး အမြစ်ကို  ရေထဲမှာ ထား ပြီး ပုလင်း ပေါ်မှာ အ စေ့ကို ထား ထားပါ။

READ
တောင်ကိုရီးယားရဲ့ လူနေမှုစနစ်အကြောင်း ဖွင့်ထုတ်ပြောပြလာတဲ့ ရုရှားအမျိုးသမီး
Image:Youtube/Brad Canning

ဒီနေရာမှာ အ ရေးကြီး တာက အမြစ် ဒါ မှမဟုတ် အ စေ့ တစ်ဝက် ကိုပဲ ရေ ထဲမှာ စိမ် ပေး ဖို့ လိုပါတယ်။ ရေ ကို တော့ နှစ်ပတ် ဒါမှမဟုတ် တစ်ပတ် ခြား တစ်ခါ လဲ ပေးဖို့ လိုပါတယ်။Brad  က တော့ ဒီနည်းဟာ အ စေ့ ကေ န မြန်မြန် အမြစ် ထွက်တဲ့ နည်းလို့ ပြောခဲ့ပါတယ်။ အမြစ်လဲ သေချာ ခိုင်လာ ပြီဆိုရင်တော့ ပန်းအိုးထဲ ပြောင်းစိုက် လိုက် ရုံပါပဲ။အသီး မသီးရင်တောင်မှ အိမ် တွင်း အလှ ပင် အဖြစ်တော့ စိုက်ပျိုးလို့ ရနိုင်ပါတယ်။

#SHWEMOM

SHARE