အရင်းနှီးဆုံးသူငယ်ချင်းကို စိတ်ဝင်စားမိနေရင်ဘယ်လိုလုပ်ရမလဲ

College students on campus

ခင်မင်အရင်းနှီးဆုံးသူငယ်ချင်း ကိုယ့်ရဲ့ best friend ကိုသဘောကျနေမိပြီဆိုရင် တော်တော်နေရခက်ပါတယ်။သူနဲ့တွေ့ တိုင်း ရင်တွေခုန်နေရသလို ကိုယ်ဖွင့်ပြောလိုက်လို့ ကိုယ်နဲ့သူနဲ့ကြားက သူငယ်ချင်းသံယောဇဉ်လေးတောင်ပြတ်တောက် သွားမှာလည်း စိုးရိမ်ရပါသေးတယ်။

တခါတလေမှာ ကိုယ်သူ့ကို စိတ်ဝင်စားမိနေလား ဆိုတာ ကိုယ့်ကိုယ်ကိုယ်ဝေခွဲမရဖြစ်တတ်ပါတယ်။သူနဲ့တွေ့တဲ့အခါ ကိုယ့် ရဲ့ဆံပင်ပုံစံ၊ အ၀တ်အစား သပ်သပ်ရပ်ရပ်ရှိရဲ့လား စသဖြင့် အလိုလို ပြင်ဆင်မိသလို ကိုယ့်ရဲ့နှလုံးခုန်နှုန်းက လည်း အလိုလို မြန်လာတယ်၊ စိတ်လှုပ်ရှားလာတယ်ဆိုရင်တော့ သူ့ကို စိတ်ဝင်စားနေတာသေချာပါတယ်။ဒီလို ဆိုရင် ဘယ်လိုလုပ်ရမလဲ၊ သူ့ကိုမပြောရဲလို့ သူနဲ့မတွေ့ဘဲရှောင်နေရမှာလား ဒါမှမဟုတ် သူနဲ့တွေ့ပြီးအရဲစွန့်ဖွင့်ပြောလိုက်ရ မှာလား။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ သူ့ကို သိစေချင်ပါတယ်။ဒါဆိုရင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ Shwemom ကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။

ခံစားချက်တွေကို ဆန်းစစ်ပါ

အဓိက အချက်ကတော့ ကိုယ်သူ့ကို တကယ်ချစ်မိနေလားဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာဆန်းစစ်ပါ။ဘာဖြစ်လို့လဲ ဆိုတော့ တစိမ်း တစ်ယောက်အပေါ်မှာတောင် တခါတလေ စွဲလမ်းမိတာမျိုးဖြစ်ပေမယ့် အဲဒီစွဲလမ်းမှုက တာရှည်မခံ တာတွေရှိပါတယ်။ကိုယ်နဲ့ သူနဲ့က ခင်မင်ရင်းနှီးလာတာကြာလို့ သူ့အပေါ် စေတနာထားမိတာလား တကယ်ပဲ သူ့ကို  ချစ်မိနေတာလားဆိုတာ ခွဲခြားသိဖို့လိုပါတယ်။

READ
မိန်းကလေးတွေ ကြွေလောက်တဲ့ စကားလုံးလေးများ

တခြားသူငယ်ချင်းတွေကိုဖွင့်ပြောပါ

သူ့အပေါ် ချစ်တဲ့စိတ်က သေချာနေပြီဆိုရင်တော့ သူ့ကို ဖွင့်မပြောခင် တခြားသူငယ်ချင်းတွေကို အရင်ဖွင့်ဟတိုင်ပင်ပါ။ ကိုယ် ဖွင့်ဟတိုင်ပင်တဲ့ သူငယ်ချင်းကလည်း သူမနဲ့သိပြီးသားဆိုရင်ပိုပြီး သင့်တော်ပါတယ်။သူတို့ဆီက သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အကြံပြုချက်တွေနဲ့ သဘောထားအမြင်တွေကို ရရှိနိုင်ပါတယ်။

စောင့်ပါ

ခင်မင်အရင်းနှီးဆုံးသူငယ်ချင်းကို ချစ်မိတဲ့အခါ သူငယ်ချင်းကနေ ချစ်သူဘ၀ကို ကူးပြောင်းဖို့ အခြေအနေတွေလိုအပ်နိုင် ပါတယ်။သူကလည်း ကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုရင်တော့ သင့်အနေနဲ့သူ့ကို ဖွင့်ပြောလိုက်ရင် နှစ်ဦးသဘောတူ ချစ်သူ ဖြစ်ခွင့်ရပြီပေါ့။ဒါပေမယ့် သူ့ဘက်က ကိုယ့်ကိုသူငယ်ချင်းထက် မပိုဘူးဆိုရင် ကိုယ့်ဘက်က စိတ်ရှည်ရှည်ထားပြီး အချိန်ယူ ကြိုးစားသင့်ပါတယ်။

လေ့လာအကဲခတ်ပါ

တခါတလေ သင်က ချစ်နေသလို သူလည်း သင့်ကို စိတ်ဝင်စားနေနိုင်ပါတယ်။ဒါပေမယ့် သင့်ရဲ့ခံစားချက်၊ စိုးရိမ် မှုတွေကြောင့် သင့်အပေါ် သူ့ရဲ့ ဦးစားပေးမှု၊ မျက်နှာသာပေးမှုတွေကို သတိမထားမိတာတွေဖြစ်တတ်ပါတယ်။အဲဒီ အခါ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တအုံနွေနွေးအခြေအနေမှာပဲ နှစ်ယောက်လုံးရဲ့ခံစားချက်တွေ သွေးအေးသွားနိုင် ပါတယ်။

စိတ်ကို ရှင်းလင်းထားပါ

READ
Singleအမျိုးသမီးသိသင့်တဲ့ Relationshipနှင့် ပက်သက်တဲ့အချက်(၁၀)ချက်

သင့်စိတ်ကို အရှင်းလင်းဆုံးနဲ့ တည်ငြိမ်အောင်ထားပါ။အရာရာတိုင်းက သင့်ဘ၀အတွက် မဖြစ်နိုင်ပါဘူး။သင့်အနေနဲ့ အကောင်းဆုံးမျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။အခြေအနေတွေက အမြဲတမ်းပြောင်းလဲ တတ်လို့ပါ။သူငယ်ချင်းအဆင့်မှာ ပျော်ရွှင်ခဲ့ရသလောက် ချစ်သူ ဘ၀မှာ ထင်သလောက် မပျော်ရတွေရှိနိုင်သလို သင်ဖွင့် ပြောတဲ့အခါ သူ့ဘက်က ဘာမဆိုပြောထွက်နိုင်တယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

သင့်ပုံစံအတိုင်းနေပါ

သင့်အနေနဲ့ သူ့ကို ချစ်နေမိတဲ့အတွက် သူသဘောကျအောင်၊ သင့်အချစ်ကို သတိထားမိအောင် အမျိုးမျိုးကြိုးစားမိပါလိမ့် မယ်။သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင် ခါတိုင်းထက်ပိုပြီး လှလှပပနေလာတာ၊ သူ သဘောကျနှစ်သက် မယ့် ပုံစံမျိုးနဲ့နေပြတာစသဖြင့်ပေါ့။ဒီလိုမျိုးတွေက သူသဘောကျတဲ့ပုံစံမျိုးဖြစ်တယ်ဆိုပေမယ့် သူ သိထားတဲ့ သင့်ပုံစံနဲ့ ကွဲပြားနေတဲ့အတွက် သင်နဲ့ လိုက်ဖက်တယ်လို့ သတ်မှတ်မှာမဟုတ်ပါဘူး။သင့်ပုံစံအတိုင်းပဲနေသင့်ပါတယ်။

ဆုံးဖြတ်ပါ

အခုတော့ သင်ဆုံးဖြတ်ရမယ့်အလှည့်ရောက်ပါပြီ။ သင့် သူ့ကို ဖွင့်ပြောမလား၊ မပြောဘဲ ဒီအခြေအနေလေးနဲ့ပဲ ကျေ နပ် မလား တစ်ခုခုတော့ ဆုံးဖြတ်ရမှာပါ။စာရေးသူ တစ်ဦးတည်းအရ အကြံပြုရရင်တော့ သင် သူ့ကို ဖွင့်ပြောသင့်ပါတယ်။ ကြုံလာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို လက်ခံရင်ဆိုင်လိုက်ပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE