စိတ်ဓာတ်ကျဆင်းနေသူတစ်ဦးကို အထိရောက်ဆုံး ကူညီပေးနိုင်မယ့်နည်းလမ်း (၄) ခု

Freepik- user6873431

Depression ဆိုတဲ့ စိတ်ကျရောဂါခံစားနေရသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြလား။ ကိုယ့်မှာ သူတို့ကို အားပေးချင်ပေမယ့်လည်း ကိုယ်အားပေးလိုက်မှ အမှားပါပြီး ပိုဆိုးသွားမလားဆိုပြီး တွေးပူနေတာမျိုးတွေ ရှိခဲ့ဖူးတယ်မဟုတ်လား။ ဒီအတွက် စိတ်ဓာတ်ကျနေသူတစ်ဦးကို ကိုယ့်အနေနဲ့ အထိရောက်ဆုံး ဘယ်ယလို စိတ်အားပေးမလဲဆိုတဲ့ အချက်လေး (၄) ချက်ကို Insider မှကိုးကားပြီး ဖော်ပြပေးလိုက်ရပါတယ်။

Freepik- bilahata

(၁) Depression ဆိုတာကို သိဖို့အရင်ဆုံးလုပ်ပါ

Depression ဆိုတာ စိတ်ဓာတ်ကျတဲ့ရောဂါတစ်မျိုးပါ။ သူ့ရဲ့လက္ခဏာတွေကတော့ အာရုံစုစည်းမှုနည်းမယ်၊ ပျော်ရွှင်တာမျိုး သိပ်မတွေ့ရဘူး၊ စိတ်ခံစားချက်ပြင်းပြီး တစ်ခါတစ်လေ တဆက်ဆက်တုန်နေတတ်တယ်၊ တစ်ဦးတည်းသီးသန့်နေလိုနေတယ်၊ တက်တက်ကြွကြွမရှိဘူး၊ ခေါင်းကိုက်တာ ကြွက်သားနာကျင်မှုတွေနဲ့ ဗိုက်အောင့်တာတွေ ခဏခဏဖြစ်တယ်၊ လက်တွေတုန်မယ်၊ အိပ်မပျော်ဘူး၊ ကိုယ်အလေးချိန် အတက်အကျအရမ်းသိသာတယ်ဆိုရင် အဲဒီလူဟာ depression ဖြစ်နေပါပြီ။

စိတ်ဓာတ်ကျခြင်းဟာ ပြောတော့သာ ဘာမှမဟုတ်လောက်ဘူးဆိုပေမယ့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ဆိုးရွားနိုင်တာကြောင့် ပေါ့ပေါ့တန်တန်မတွေးပါနဲ့။

READ
ခေါင်းပေါ်က သန်းတွေကို နှိမ်နင်းနည်း(ခံတွင်းသန့်ဆေးရည်+ရှာလကာရည်)
Freepik- odua

(၂) Supportive ဖြစ်ပါစေ

ပေါ့ပင်လုပ်ပြီး depression ဝင်နေတာပါ။ ဘာမှမဖြစ်ပါဘူးဆိုပြီး သူ့ကို ပျက်ရယ်မပြုလိုက်ပါနဲ့။ ပိုဆိုးသွားစေနိုင်တဲ့ လုပ်ရပ်တစ်ခုပါနော်။ သူ့ကို အပြင်ခေါ်ထုတ်ပါ။ အမြဲမပြတ် ဂရုစိုက်ပေးနေပါ။ စိတ်ခွန်အားပြည့်ဝစေမယ့် စကားတွေ၊ စိတ်သက်သာရာရစေမယ့် စာလေးတွေကို ပေးဖဖတ်ပါ။ ကိုယ့်မှာလည်း အခက်အခဲရှိနေကြောင်း၊ သူတစ်ယောက်တည်းမဟုတ်ကြောင်း ပြောပြပါ။ တစ်ယောက်တည်းမထားပါနဲ့။ ကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်ဆံကာ မေတ္တာတွေပေးပါ။

(၃) နားချပါ

တတ်ကျွမ်းတဲ့လူနဲ့ ကုသမှုခံယူဖို့ကို နားချပေးပါ။ ကိုယ်က ဘယ်လောက်ပဲ supporting ပေးပေး တကယ်တတ်ကျွမ်းတဲ့ ပညာရှင်မဟုတ်ပါဘူး။ ဒီအတွက် သူ့ကို တတ်ကျွမ်းတဲ့ ဆရာဝန်ဒါမှမဟုတ် ပညာရှင်ဆီမှာ ကုသဖို့အတွက် အကြံပေးပါ၊ လိုအပ်ရင် ကိုယ်တိုင် လိုက်ပြပေးပါ။

Freepik- freepik

(၄) သတိထားပါ

Depression ဟာ လူ့အသက်တစ်ချောင်းကို သေစေနိုင်တဲ့အထိ ဆိုးရွားနိုင်တဲ့ အသံတိတ်လူသတ်သမားဆိုတာ သတိရပါ။ မိမိစိတ်ကို ညှင်းဆဲတဲ့အပြင်ကိုမှ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တာမျိုးတွေကနေ အဆုံးစီရင်မှုတွေအထိ ဖြစ်လာနိုင်တာကြောင့် depression ဝင်နေတယ်လို့ ထင်ရတဲ့လူကို အမြဲမပြတ်စောင့်ကြည့်ပေးနေပါ။

READ
ဘယ်လိုကင်ဆာမျိုးကိုမဆို တိုက်ဖျက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ပညာရှင်များဖန်တီး

penny

SHARE