ဖျောက်ဖျက်ဖို့လိုသော သင့်ကိုယ်သင်မြင်နေတဲ့အမြင်(၆)မျိုး

self esteem

သင့်ကိုယ်သင်မြင်တဲ့အမြင် (Self Esteem) က အခြားသူတွေသင့်ကို မြင်တဲ့အမြင်ထက်ပိုအရေးကြီးတယ်လို့
ပြောရင်သင်လက်ခံပါမလား? သင့်ကိုယ်သင်တောင်အထင်မကြီးပဲနဲ့ သင့်ကိုသူများတွေက အထင်ကြီးဖို့ဆိုတာ
မလွယ်ပါဘူး။ သင့်ကိုယ်သင်အထင်သေးနေရင်တော့ အကျိုးဆက်အနေနဲ့ သင့်ကိုယ်သင်ယုံကြည်မှုကျဆင်း
လာပြီး စိတ်ဓာတ်ပါကျလာပါလိမ့်မယ်။ ဒီတော့ အောက်မှာဖော်ပြပေးမယ့် သင့်ကိုယ်သင်မြင်နေတဲ့ အမြင်
တွေကို အမြန်ဆုံးဖျောက်ဖျက်သင့်ပါပြီ။

(၁) ငါ့ကိုယ်ငါအရမ်းမုန်းတာပဲ။

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သင့်ကိုယ်သင်မုန်းတဲ့စကားကိုမပြောသင့်ပါဘူး။ အမုန်းဆိုတာ အတတ်
နိုင်ဆုံး ရှောင်ရှားသင့်တဲ့စကားလုံးဖြစ်ပါတယ်။ သင်မပြောင်းလဲနိုင်တဲ့အရာတစ်ခုအတွက် သင့်ကိုယ်သင်
မုန်းနေခြင်းက မဖြစ်သင့်ပါဘူး။ သင့်ရဲ့ဖြစ်တည်ခြင်းအတွက် ဘယ်တော့မှမရှက်ကြောက်သင့်ပါဘူး။ ဥပမာ
အနေနဲ့ American Idol ဆိုတဲ့ပြိုင်ပွဲကိုပြောပြပါ့မယ်။ အဲ့ဒိပြိုင်ပွဲမှာဆိုရင် အမေရိကန်မှာရှိတဲ့ အဆိုဝါသနာ
ပါသူအားလုံး ၀င်ပြိုင်နိုင် ပြီး ဆုရဖို့ခက်ခက်ခဲကြိုးစားရတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ အဲ့ဒိလိုပြိုင်ပွဲတွေမှာ တစ်ခါ
တစ်လေတွေ့ရတာကတော့ လက်မပါတဲ့သူ၊ ခြေထောက်မသန်တဲ့သူ စသဖြင့်အစုံပါပဲ။ သူတို့တွေက သူတို့
မပြောင်းလဲနိုင်တဲ့အရာတွေ အတွက် စိတ်မဆင်းရဲပဲနဲ့ ဘ၀ကိုရဲရဲရင့်ရင့်ရင်ဆိုင်နေကြတာပါ။ နောက်ဥပမာ
တစ်ခုကတော့ ဆယ်တန်းမှာသင် ခဲ့ဖူးတဲ့ Helen Keller ပါပဲ။ မျက်လုံးလည်းမမြင်ရ၊ နားလည်းမကြားရပဲနဲ့
ဘ၀ကိုရဲရဲရင့်ရင့်ရင်ဆိုင်ခဲ့တဲ့ သူမကို သင့်ကိုယ်သင်မုန်းတယ်လို့ပြောတိုင်း အားနာပါ။ အခုအချိန်ကစပြီး
သင့်ကိုယ်သင်မမုန်းနဲ့တော့နော်။ ဘာလို့လည်းဆိုတော့ အဲ့ဒါအရမ်းအန္တာရယ်ရှိလို့ပါ။

READ
စုံတွဲများ ကလေးမယူခင်မဖြစ်မနေပြုလုပ်သင့်တဲ့အရာများ

(၂) ငါအဲ့ဒိလောက်မတော်ပါဘူးကွာ။

တကယ်လို့ သင့်ကိုယ်သင်မတော်ဘူးထင်ရင်တော့ သင်ဘာလို့အဲ့လိုခံစားနေရလဲဆိုတာ ပြန်သုံးသပ်ဖို့လို
ပါပြီ။ သူငယ်ချင်းတွေ၊ မိဘတွေကိုပြောလို့လား၊ ပတ်ဝန်းကျင်ကပြောလို့လား? အဲ့ဒါဆိုရင်တော့ အချိန်မီပါ
သေးတယ်။ သူတို့ပြောတာတွေယုံဖို့မလိုပါဘူး။ သင်လုပ်ဖို့လိုတာက သူတို့မှားကြောင်း သက်သေပြဖို့ပါ။
သင့်ကို စိတ်အားတက်စေမည့်သူတွေနဲ့ အချိန်ပိုဖြုန်းပါ။ သင့်ကို စိတ်ဓာတ်ကျစေသူတွေနဲ့ အတတ်နိုင်ဆုံး
ရှောင်ရှားပါ။ သင့်ကိုယ်သင် မတော်ဘူးလို့ဘယ်တောမှမတွေးပါနဲ့။ လောကကြီးမှာ သင့်လိုလူမျိုး နောက်
တစ်ယောက်မရှိပါဘူး။

(၃) လောကကြီးမှာ ငါအထီးကျန်ဆုံးပါပဲ။

ဘယ်သူကမှသင့်ကို ဂရုမစိုက်ဘူးလို့ထင်နေတာလား? တကယ်တော့ သင့်ကို ဂရုစိုက်တဲ့သူတွေ လောက
ကြီးမှာ အများကြီးရှိပါတယ်။ သင့်ရဲ့မိသားစုတွေ၊ သင့်ရဲ့သူငယ်ချင်းတွေက စသဖြင့်သင့်ကို ဂရုစိုက်သူတွေ
ရှိပါတယ်။ အကယ်လို့ ကံမကောင်းစွာနဲ့ သင်သူတို့ကိုမပိုင်ဆိုင်ဘူးဆိုရင်လည်း သင်အထီးမကျန်သေးပါဘူး။
သင်လုပ်လို့ရတာတွေရှိပါတယ်။ သင်သူငယ်ချင်းအသစ်တွေရှာနိုင်ပါတယ်။ လူတွေကိုကြင်နာနိုင်ပါတယ်။
ကြင်နာတတ်တဲ့သူတစ်ယောက်ဟာ ဘယ်တော့မှအထီးမကျန်ပါဘူး။

 

(၄) ငါနဲ့တန်တာပဲရတာပါလေ။

တစုံတရာဆိုးဆိုးရွားရွားကြုံတိုင်း ဒါငါနဲ့တန်တာပဲဖြစ်မှာပါလို့ ပြောလို့ရှိပါသလား? အဲ့ဒါကအရမ်းမှားပါတယ်။
ဆိုးဆိုးရွားရွားကြုံတိုင်း သင့်ကိုယ်သင်အပြစ်တင်ဖို့မလိုပါဘူး။ တစ်ချို့ပြဿနာတွေက သင်တားဆီးလို့မရ
ပါဘူး။ ဒါကြောင့် သင်အကောင်းဆုံးကြိုးစားနေသ၍ သင့်ကိုယ်သင်အပြစ်မတင်သင့်ပါဘူး။

READ
သင့်ရင်သွေးများကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်သောအရာ(၁၀) မျိုး

 

(၅) ငါလုပ်နိုင်မှာမဟုတ်ပါဘူး။

ဒီအထင်အမြင်ကလည်း လူတော်တော်များများကို ဒုက္ခပေးပါတယ်။ လူအများစုက သူတို့ရဲ့စွမ်းဆောင်ရည်တွေ
ကိုအဲ့ဒိစကားကြောင့်ပဲ အကောင်အထည်မဖော်နိုင်ကြတာပါ။ ဒီတော့ သင့်မှာရည်မှန်းချက်ရှိရင် ဘယ်တော့မှ
အဲ့လိုမတွေးပါနဲ့။ ရည်မှန်းချက်အောင်မြင်သည်၊မအောင်မြင်သည်ထက် သင့်ရည်မှန်းချက်ပေါ်သင်ယုံကြည်ဖို့
လိုပါတယ်။ သင်လုပ်နိုင်တယ်ဆိုတာကို စိတ်ထဲအမြဲစွဲထားပါ။ ကျရှုံးမှာကိုမကြောက်ပါနဲ့။ သောမတ်အတ်ဒီဆင်
တောင်အကြိမ်ပေါင်းများစွာ ကြိုးစားပြီးမှအောင်မြင်ခဲ့တာပါ။ သင်လုပ်နိုင်တယ်။ လုပ်ဖို့ပဲလိုတာပါ။

 

(၆) လောကကြီးမှာ ငါအညံ့ဆုံးလူသားဖြစ်မှာပါ။။

သင်အမှားလုပ်ပြီးတဲ့အချိန်တိုင်း သင့်ကိုယ်သင်အပြစ်တင်မနေသင့်ပါဘူး။ သင်ဘာပဲမှားခဲ့မှားခဲ့ သင်သိထား
ရမှာက အဲ့ဒါအတိတ်ကပါ။ ပြန်ပြင်လို့မရတော့ပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင်အပြစ်တင်နေလို့လဲ ဘာမှမထူး
ပါဘူး။ ဒါပေမယ့် အဲ့ဒိအမှားကနေ သင်ခန်းစာယူပါ။ လူတိုင်းလူတိုင်းမှားတတ်ပါတယ်။ ဒါပေမယ့် မှားတိုင်းညံ့
တာတော့မဟုတ်ပါဘူး။ အမှားကင်းတဲ့သူရယ်လို့ လောကကြီးမှာမရှိပါဘူး။ ဒါကြောင့် သင်မညံ့ပါဘူး။

Self Esteem ဘာလို့အရေးကြီးလဲ

သင့်ကိုယ်သင်မှ မယုံကြည်ရင် သူများက သင့်ကိုယုံကြည်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင်
ယုံကြည်ပါ။

 

မိုးရှင်း (I.M.T)
Ref:en.amerikanki.com

SHARE