သဘာဝအတိုင်း မှတ်ဥာဏ်ကောင်းစေဖို့ ဦးစားပေး စားသင့်တဲ့ အစားအသောက်များ

စိတ်သောကတွေနဲ့ စိတ်ပင်ပန်းမှုတွေက ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အမြဲတမ်း ရှုပ်ထွေးနေတဲ့စိတ်နဲ့ နေရတဲ့ ဦးနှောက်ဟာ ကြာလာတဲ့အခါ စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုက ဦးနှောက်မှတ်ဥာဏ် ကျဆင်းလာတာကို အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ကာကွယ်နိုင်တယ် ဆိုတာကိုပါ။ အထူးသဖြင့် ဦးနှောက်အတွက် အန္တရာယ်ဖြစ်စေတဲ့ အစားအသောက်တွေကို ဖြတ်လိုက်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ သိသိသာသာကြီး တိုးတက်လာပါတယ်။ အောက်ဘက်မှာတော့ ဦးနှောက်ကျန်းမာရေးကို အများကြီး အထောက်အကူပေးနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အစေ့အဆံများ

pexels

သစ်ကြားသီးနဲ့ ဗာဒံစေ့တွေမှာ ဖက်တီးအိုမီဂါ(၃) အက်ဆစ်ပါဝင်ပါတယ်။ ၄င်းအက်ဆစ်က ဦးနှောက်ကို ကျန်းမာစေပါတယ်။ အစေ့အနှံတွေထဲမှာ ပါဝင်တဲ့ ဗီတာမင်အီးကတော့ အာရုံကြောဆဲလ်တွေကို ကာကွယ်ပေးပြီး ဦးနှောက်ပြဿနာတွေကို လျော့ချပေးပါတယ်။ ဂျုံစေ့အနှံ၊ ပဲ၊ နေကြာစေ့၊ ဖရုံစေ့နဲ့ အခြားအစေ့အနှံတွေမှာတော့ အမိုင်နိုအက်ဆစ်နဲ့အတူ ဇင့်ဓာတ်လည်း ပါဝင်တာကြောင့် စိတ်ကြည်လင်စေပြီး မှတ်ဥာဏ်စွမ်းရည်ကိုပါ တိုးတက်စေပါတယ်။

ဆော်လမွန်ငါးနဲ့ အဆီများတဲ့ ငါး

pexels

ဆော်လမွန်ငါးဟာလည်း အိုမီဂါ(၃) ဖက်တီးအက်ဆစ်တွေနဲ့ ပြည့်နေလို့ ဦးနှောက်အတွက် အထူးကောင်းမွန်ပါတယ်။ တူနာ၊ ဟက်ရင်းငါးသလောက်နဲ့ ဆာဒင်းငါးတွေမှာလည်း ဖက်တီးအက်ဆစ်တွေ ပါဝင်တာကြောင့် ဦးနှောက်အိုမင်းလာတာကို ကာကွယ်နိုင်တဲ့အစွမ်း ရှိပါတယ်။

READ
မုန်လာဥနီ စားပေးတာနဲ့ သေချာပေါက်ရရှိလာမည့် အကျိုးတရားများ

အစိမ်းရင့်ရောင် အသီးအနှံများ

pexels

အင်တီအောက်ဆီးဒန့်နဲ့ ဗီတာမင်စီတွေကို အစိမ်းရောင် အရွက်ဖားဖားဟင်းသီးဟင်းရွက်တွေမှာ တွေ့နိုင်ပါတယ်။ ပန်းစိမ်း၊ ထောပတ်သီးနဲ့ ကိုက်လန်လို အသီးအရွက်တွေမှာ ကင်ဆာကိုတိုက်ဖျက်ပေးတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ ၄င်းသီးနှံတွေမှာ ဗီတာမင်ကေလည်း ပါဝင်တဲ့အတွက် အာရုံစူးစိုက်မှုအားနည်းတာကို တိုက်ဖျက်ပေးပြီး အယ်လ်ဇိုင်းမားရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

အနက်ရောင်ချောကလက်

pexels

ချောကလက်စားတဲ့အခါ နက်လေ ပိုကောင်းလေပါပဲ။ ကိုကိုးရာခိုင်နှုန်း(၇၀) ပါဝင်တဲ့ ချောကလက်တွေဟာ စားသုံးဖို့ အသင့်တော်ဆုံးပါ။ အနက်ရောင် ချောကလက်တွေမှာတော့ flavonoids များစွာ ပါဝင်ပါတယ်။ Flavonoids ဟာ ဦးနှောက်ဆီ သွေးပို့ဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။ ချောကလက်ဟာ အချက်အလက်မှတ်သားမှုတွေကို တိုးတက်စေပါတယ်။ စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေလို့ စားသုံးသင့်ပါတယ်။

ခရမ်းချဉ်သီး

pexels

ခရမ်းချဉ်သီးမှာ carotenoids လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အဆီတွေပါဝင်ပါတယ်။ ဦးနှောက်ကိုယ်တိုင်ကလည်း အဓိကအားဖြင့် အဆီတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ခရမ်းချဉ်သီးဟာ ဦးနှောက်အတွက် အရေးကြီးပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ lycopene နဲ့ beta-carotene တို့ဟာ အာနိသင်ကောင်းတဲ့ အင်တီအောက်ဆီးဒန့်တွေဖြစ်တာကြောင့် ဦးနှောက်တွင်း ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတဲ့အပြင် အိုမင်းရင့်ရော်တာကိုလည်း နှေးကွေးစေပါတယ်။

READ
ကခုန်ခြင်းရဲ့ အကျိုးကျေးဇူး(၅)မျိုး

ဥများ

pexels

လူတော်တော်များများက ဥတွေမှာ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကို သိကြပါတယ်။ ဒါပေမယ့် ဥတွေမှာ ပရိုတိန်းအပြင် ကျန်းမာရေးအတွက် အများကြီး အဖိုးတန်တဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ choline ဓာတ်ပါဝင်ပြီး စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့အင်ဇိုင်းပမာဏ အတက်အကျကို ထိန်းညှိပေးတဲ့ အခြားဓာတ်တွေလည်း ပါဝင်ပါတယ်။ ဥတွေဟာ ဦးနှောက်တွင်း ဆဲလ်တည်ဆောက်မှုကို ခိုင်မာစေတာကြောင့် စားပေးသင့်ပါတယ်။

အထက်က ဖော်ပြထားတဲ့ အစားအသောက်တွေကတော့ ဦးနှောက်ကျန်းမာရေးကို အများကြီး အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ သကြားဓာတ်လွန်ကဲတဲ့ အစားအစာ၊ စည်သွပ်ဗူး၊ အမြန်စာအစားအစာ၊ ထပ်တလဲလဲ သန့်စင်ထားတဲ့ ဂျုံတွေနဲ့ ပြုလုပ်ထားတဲ့ မုန့်၊ အယ်လ်ကိုဟောပါဝင်တဲ့ အရက်နဲ့ ယမကာတွေကိုတော့ ဦးနှောက်ကျန်းမာရေး မထိခိုက်စေချင်ရင် အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: lifehack

SHARE