လူတိုင်းလိုလိုဆီမှာ တီထွင်ကြံဆနိုင်တဲ့စိတ်ကူးလေးတွေရှိကြပေမယ့် အသက်အရွယ်ရလာတာနဲ့အညီ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရင်း ဝါသနာပါရာတွေကို မဖန်တီးမပြုလုပ်နိုင်ကြတော့ပါဘူး။ တကယ်တော့ လူတစ်ယောက်မှာရှိတဲ့ တီထွင်ကြံဆနိုင်ခြင်းစွမ်းရည်ဆိုတာ သိပ်ကိုအရေးပါလှပါတယ်။ မိမိရဲ့အလုပ်မှာလည်း တီထွင်ကြံဆနိုင်တဲ့ စွမ်းအားတက်လေ အလုပ်လုပ်ရတာပိုလွယ်လေ၊ ဘဝလမ်းကြောင်းအတွက် ပိုအကျိုးရှိလေဖြစ်တာမို့လို့ ရှိပြီးသားငုတ်လျှိုးနေတဲ့တီထွင်မှုစွမ်းရည်လေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ ပြန်လည်လှုံဆော်ပေးကြပါစို့လား။
(၁) မလုပ်ဖူးသေးတဲ့အရာတွေကို သင်ယူခြင်း

နေ့စဉ်လုပ်ဆောင်နေကျမဟုတ်တဲ့ အလုပ်များကို စမ်းလုပ်ပေးခြင်းဖြင့် စွမ်းရည်ကိုမြှင့်တင်နိုငပါတယ်။
(၂) သာမန်အလုပ်နေရာ သို့မဟုတ် နေအိမ်ကို ပြောင်းလဲပစ်ခြင်း

အလုပ်နေရာကိုသော်လည်းကောင်း မိမိနေထိုင်ရာ အိမ်ကိုသော်လည်းကောင်း အချိန်အကြာကြီး ရှိနေရမယ့် နေရာတွေကို သာမန်ရီုးအီနေတဲ့ ပြင်ဆင်မှုမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာ အပြင်အဆင်လေးတွေ ခဏခဏ ပြောင်းပေးကြည့်ပါ။
(၃) အလုပ်လုပ်နေစဉ် လှုပ်ရှားပေးခြင်း

စိတ်ကူးစိတ်သန်းကောင်း တစ်ခုကို ပုံဖော်ဖို့အတွက် နေရာတစ်ခုတည်းမှာ ထိုင်ပြီးစဉ်းစားတာထက် လမ်းလျှောက်ရင်းစဉ်းစားတာတို့၊ လှဲစဉ်းစားတာတို့၊ မတ်တပ်ရပ် စဉ်းစားတာတို့ စသည်ဖြင့် ခန္ဓာကိုယ်အနေအထား ပြောင်းလဲပေးခြင်းဟာ ဖန်တီးနိုင်မှု စွမ်းအားကို ပိုထွက်စေပါတယ်။
(၄) ပုံဆွဲပါ သို့မဟုတ် လျှောက်ခြစ်ကြည့်ပါ။

စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ့်ခေါင်းထဲပေါ်လာသမျှပုံတိုင်းကို ချဆွဲကြည့်ပါ။ ကော်ဖီသောက်နေတုန်း ခွက်ပေါ်မှာဖြစ်ဖြစ် သင့်ရဲ့မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ် အယုတ်ဆွဆုံးကိုယ်သုတ်ထားတဲ့ တစ်ရှူးပေါ်မှာပဲဖြစ်ဖြစ်ပေါ့။
(၅) အချိန်အကြာကြီးထိုင်ရမယ့်စပွဲခုံပေါ်မှာ အရုပ်တွေတင်ထားခြင်း

ကွန်ပြူတာဖန်သားပြင်ကိုပဲ ကြည့်ပြီး အမြဲတမ်းစဉ်းစားနေမယ့်အစား အလုပ်စားပွဲပေါ်မှာတင်ထားတဲ့ အရုပ်လေးတွေကိုကြည့်ပြီးစိတ်ကူးယဉ်ကြည့်မယ်ဆိုရင်တော့ အများနဲ့အတူတဲ့ စိတ်ကူးမျိုးရရှိစေမယ်လို့ အာမခံပါတယ်။
(၆) ဝတ္တုတွေဖန်တီးကြည့်ပါ။

ချမရေးရင်တောင် စိတ်ကူးထဲဇာတ်ရုပ်တွေဖန်တီးပြီး ဇာတ်လမ်းဆင်ခြင်းအားဖြင့် ဦးနှောက်ကို အလုပပေးရာရောက်ပါတယ်။
(၇) စက်ဝိုင်းအလွတ်အခု (၃၀) ကိုဖြည့်ကြည့်ပါ။

စာရွက်အလွတ်ပေါ်မှာ ဖော်ပြထားတဲ့အတိုင်း စက်ဝိုင်းအခု (၃၀) ဆွဲပြီး ပုံဖော်ကြည့်ပါ။ သင်ထင်ထားတာထက် စိတ်ဖိဆီးမှုကိုလျော့ကျစေပြီး စိတ်ကူးပုံစံအသစ်များ ဖြစ်ပေါ်စေမှာပါ။
Source: Elite Readers
Penny