အင်္ဂလိပ် စကားလုံးတွေကို (၂) ပတ်အတွင်း ပိုသိလာစေမယ့် နည်းလမ်းကောင်း (၆) မျိုး

Freepik- luis_molinero

Vocabulary ဆိုတာဟာ ဘာသာစကားတိုင်းအတွက်သိပ်ကိုအရေးကြီးလွန်းပါတယ်။ စကားလုံးတွေကြွယ်ဝမှလည်း စကားပြောရာမှ အဆင်ပြေချောမွေ့မယ်မဟုတ်လား။ ဒီတစ်ခေါက်မှာတော့ အင်္ဂလိပ်စာစကားလုံးတွေကို ၂ ပတ်အတွင်းမှာ ပိုပြီးများများသိလာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဘာတွေများဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

(၁) ရုပ်ရှင်ကြည့်ပါ

အင်္ဂလိပ်စကားပြောရုပ်ရှင်ကားတွေကို မြန်မာစာတမ်းထိုးနဲ့မဟုတ်ဘဲ အင်္ဂလိပ်စာတမ်းထိုးဖွင့်ပြီး ကြည့်ပါ။ အကောင်းဆုံး ရုပ်ရှင်အမျိုးအစားတွေကတော့ documentary တွေ၊ မှုခင်းကားတွေနဲ့ drama တွေကတော့ အကောင်းဆုံးပါပဲ။

Freepik- cookie_studio

(၂) သီချင်းနားထောင်ပါ

Michael Learns to Rock တို့၊ The Beatles တို့လို ၁၉၇၀၊ ၁၉၈၀၊ ၁၉၉၀ လောက်တုန်းက pop နဲ့ slow rock သီချင်းလေးတွေကို lyrics video တွေရှာပြီး နားထောင်ပေးပါ။

(၃) တွေးပါ

မျက်လုံးမှာတွေ့သမျှအရာတွေ၊ ခေါင်းထဲတွေးမိတဲ့အကြောင်းအရာတွေရဲ့ အခေါ်အဝေါ်တွေကို တွေးပြီး အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာ ရှာဖွေပါ မှတ်သားပါ။

READ
ဖုန်းအားကုန်ခါနီးပြီဆိုရင် လူတွေဝမ်းနည်းအားငယ်လာကြတယ်လို့ဆို
Freepik- freepik

(၄) Twitter သုံးပါ

Facebook ပဲ သုံးမယ့်အစား Twitter သုံးဖို့အကြံပေချင်ပါတယ်။ တော်ရုံ Twitter မှာဆို မင်္ဂလိပ်လိုပဲ ရေးလေ့ရှိနေပြီး သတင်းတွေဟာလည်း တစ်နေရာတည်းမှာ အလွယ်တကူဖတ်နိုင်တဲ့အတွက် စကားလုံးအသစ်အစမ်းတွေလည်း အများကြီးရှိနိုင်ပါတယ်။

(၅) ချရေးပါ

သင်ယူလေ့လာထားခဲ့တဲ့ စကားလုံးအသစ်တွေကို စာအုပ်တစ်အုပ်ထဲမှာ နေ့စွဲနဲ့အလိုက် အင်္ဂလိပ်လိုရော မြန်မာလိုဘာသာပြန်နဲ့ရော ချရေးကြီး နေ့တိုင်းပြန်ဖတ်ပေးပါ။

Freepik- freepik

penny

SHARE