မိန်းကလေးဘက်ကလိုလိုလားလားဖြစ်အောင်သင့်ကိုယ်သင်ဘယ်လိုမိတ်ဆက်မလဲ

မိန်းကလေးဘက်ကသင့်ကိုလိုလိုလားလားနဲ့နောက်တစ်ကြိမ်တွေ့ဖို့ ဆိုရင်ပထမဆုံးတွေ့ဆုံမှုဖြစ်တဲ့ first impressionမှာသင့်ဘက်ကအသာစီးရနေဖို့လိုပါတယ်။အဲဒီလိုကိုယ်သဘောကျတဲ့မိန်းကလေးဘက်ကသင့်ကိုလိုလိုလားလားလက်ခံအောင်ပထမဆုံးတွေ့ဆုံမှုမှာသင့်ကိုယ်သင်ဘယ်လိုမိတ်ဆက်မလဲ။ဒါနဲ့ပတ်သက်ပြီးအရေးတကြီးသိထားရမယ့်အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ

 

မိန်းကလေးမှမဟုတ်ပါဘူးဘယ်သူမဆိုပထမဆုံးတွေ့ဆုံချိန်မှာကိုယ့်ကိုအရောဝင်လွန်းတဲ့သူကိုသိပ်ပြီးအလေးမထားတတ်ကြပါဘူး။ဒါကြောင့်သင့်အနေနဲ့မိန်းကလေးဘက်လိုလိုလားလားစိတ်ဝင်စားလာဖို့ဆိုရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနေသင့်ပါတယ်။ခေတ်စကားအရဆိုရင်ကိုယ့်အထာနဲ့ကိုယ်နေတယ်ဆိုတဲ့သဘောပါ။

(၂)သင့်အကြောင်းတွေးမိအောင်လုပ်ပါ

မိန်းကလေးတွေကသူတို့အတွက် မေးခွန်းထုတ်စရာတွေနဲ့သိချင်စိတ်တွေဖြစ်စေတဲ့သူကိုပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။သူဘာလုပ်သလဲ၊ဘာကြောင့်သူကင့ါကိုအခုလိုဆက်ဆံတာလဲ။သူ့ပုံစံကြည့်ရတာတစ်ခုခုထူးခြားနေသလိုပဲစသဖြင့်သူတို့ခေါင်းထဲမှာသင့်အကြောင်းတွေးမိအောင်လုပ်ပါ။အဲဒီအတွက်ပထမဆုံးတွေ့ဆုံမှုမှာသင့်ကိုယ်သင့်မေးခွန်းထုတ်တာမျိုးသူနဲ့ပတ်သက်ပြီးသူ့ကိုမေးခွန်းတွေမေးတာမျိုးလုပ်ပါ။သင်တို့တွေ့ဆုံမှုအပြီးမှာသူမအတွက်သင်နဲ့ပတ်သက်ပြီးစဉ်းစားစရာတွေကျန်နေခဲ့ပါလိမ့်မယ်။

(၃)သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီးလုံးဝမပြောမိပါစေနဲ့

ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီးခေါင်းစဉ်တစ်ခုအနေနဲ့ဆွေးနွေးတာမျိုးကိုမိန်းကလေးတွေ မကြိုက်ပါဘူး။အဲဒီအစား သူမရဲ့အသုံးအဆောင်ပစ္စည်းတွေအကြောင်း၊သူမ စိတ်ဝင်စားတဲ့အရာတွေအကြောင်းမေးနိုင်ပါတယ်။

(၄)သင့်နာမည်ကိုမပြောဘဲတွေ့ဆုံမှုကိုအဆုံးသတ်ပါ

ယောက်ျားလေးအများစုကပထမဆုံးတွေ့ဆုံမှုမှာကိုယ့်နာမည်ကိုအသိပေးပြီးမိတ်ဆက်တတ်ကြပါတယ်။ဒါပေမယ့်မိန်းကလေးတစ်ယောက်ကလိုလိုလားလားနဲ့သင့်အကြောင်းကိုသိချင်လာဖို့၊စိတ်ဝင်စားလာဖို့ဆိုရင်တော့သူမနဲ့စကားစမြည်ပြောတာမျိုး၊အကြောင်းအရာတစ်ခုခုကိုခဏတဖြုတ်ဆွေးနွေးတာမျိုးသင့်ရဲ့ထင်မြင်ချက်ကိုပြောပြတာမျိုးပြုလုပ်ပြီးရင်တော့သင့်နာမည်ကိုမပြောဘဲနှုတ်ဆက်ထွက်သွားလိုက်ပါ။

(၅)ရိုးသားမှုရှိပါ

မိန်းကလေးဘက်ကသင့်အပေါ်စိတ်ယိုင်လာဖို့လိုလိုလားလားလက်ခံလာဖို့အရေးကြီးဆုံးအချက်ကတော့ရိုးသားမှုရှိဖို့ပါပဲ။တခါတလေ ရုပ်ရည်ရှိသလို ၀င်ငွေလည်းအတော်အသင့်ရှိပေမယ့်ရုပ်ရည်သာမန်လောက်နဲ့ခွန်အားစိုက်ထုတ်မှုကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ယောက်ျားလေးတွေကပိုပြီး မိန်းကလေးတွေရဲ့အရေးပေးခြင်းကိုခံရတတ်ပါတယ်။အဓိကကတော့ ရိုးသားမှုရှိဖို့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးတွေ့ဆိုးတာပဲဖြစ်စေ ကောင်းတာပဲဖြစ်စေအမှန်အတိုင်းလက်ခံလိုက်ဖို့ ၀န်မလေးလို့ပါပဲ။

ChoChoThan(Shwemom)

ref:lovepanky.com

SHARE