အိမ်ထောင်တစ်ခု မကွာရှင်းခင် သင့်ကိုယ်သင်ပြန်မေးသင့်တဲ့ မေးခွန်းလေးခု

Elnur/Shutterstock

အိမ်ထောင်ရေးတစ်ခုမှာ အခက်အခဲ ပြဿနာဆိုတာ လူတိုင်းရှိကြပါတယ်။ အဲဒီပြဿနာတွေကို သေချာမကိုင်တွယ်မဖြေရှင်းကြတဲ့အခါ တစ်ဦးနဲ့တစ်ဦးပိုမိုဝေးကွာလာပြီး နောက်ဆုံး ကွာရှင်းပြတ်စဲခြင်းဆိုတဲ့ လမ်းဆုံးကို ရောက်ခဲ့ရကြပါတယ်။ တကယ်လို့သင်တို့မှာ ဒီလိုအဖြစ်နဲ့ကြုံလာတဲ့အခါ အကြံတစ်ခုပေးချင်တာကတော့။

သင်ဘာကြောင့်ကွာရှင်းပြတ်စဲချင်တာလဲ။ သင်တို့ရဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အားလုံးကုန်သွားပြီလားဆိုတာ နားလည်ဖို့အရေးကြီးပါတယ်။

 အားလုံးဟာအိမ်ထောင်ပြုပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတဲ့အချိန်တွေရှိသလို တစ်ဦးနဲ့တစ်ဦးနွေးထွေးမှုပျောက်ကာ ဆက်ဆံရေးကျဲသွားတာတွေ နောက်ပြီးလိင်ကိစ္စစိတ်ကုန်သွားတာတွေ ဟာ မလွဲမသွေကြုံတွေ့ရမယ့်အရာတွေဖြစ်ပါတယ်။

 တကယ်လို့ ဒီပြဿနာတွေက ရေရှည်ကြီးထွားလာပြီဆိုရင် တစ်ယောက်အပေါ်တစ်ယောက်စိတ်ကုန်ပြီး၊ သင်တို့ရဲ့ဆက်ဆံရေးကလည်း ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းနေရပြီလား ဒါမှ့မဟုတ် ငါတို့ ကွာရှင်းဖို့အချိန်ရောက်ပြီလားလို့ စဉ်းစားမိလာကြပါလိမ့်မယ်။

Kaspars Grinvalds/Shutterstock

 American Psychological Association ရဲ့အပြောအရ အနောက်တိုင်းမှာ အိမ်ထောင်သည်ထက်ဝက်လောက်က ဒီလိုအိမ်ထောင်ရေးအဆင်မပြေမှု ပြဿနာတွေ ကြုံတွေနေရတာ ထုံးစံလိုဖြစ်နေပါပြီ။

ဒီိလိုဖြစ်လာလို့ သင်ကိုယ်တိုင်က ကွာရှင်းပြတ်စဲဖို့စဉ်းစားနေတယ်ဆိုရင်တော့ ဘာကြောင့်ကွာရှင်းချင်တာလဲ ဆက်ဆံရေးပြန်အဆင်ပြေအောင်လုပ်ဖို့ နည်းလမ်းတွေကုန်သွားပြီလားဆိုတာ အရင်သိဖို့လိုပါတယ်။

 ဒီအတွက် ကုထုံးပညာရှင်တွေက စုံတွဲတွေမကွာရှင်းကြခင် ကိုယ်ကိုယ့်ကို ပြန်လည်မေးခွန်းထုတ်ဖို့ မေးခွန်းတွေမျှဝေပေးလိုက်ပါတယ်။

 (၁)။ ကိုယ့်ရဲ့မကျေနပ်ချက်တွေကို အိမ်ထောင်ဖက်ကိုပြောပြခဲ့ဖူးလား

READ
ကောလာဟလတွေကိုမမှုဘဲ အောင်မြင်နေကြသူတွေဆိုတာ … ဒီလိုတွေပါ

 ဒါကပြဿနာရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင်းလင်းလင်းမပြောဘဲ ထားတာတွေက စတာပါ။ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ထုတ်မပြောဘဲ မြိုသိပ်ထားရင်းကနေ မကျေနပ်တာတွေများလာပါတယ်။ ကိုယ်ဘာဖြစ်ချင်တယ်၊ဘာလိုချင်တယ် ၊ဘာကိုကြိုက်တယ် မကြိုက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ။ ကိုယ့်ရဲ့မကျေနပ်တာတွေကို အိမ်ထောင်ဖက်ကို ပြောပြီးညှိယူလို့ရပါတယ်။

Freeograph/Shutterstock

 (၂)။ တစ်ယောက်အကြောင်းကိုတစ်ယောက်နားမထောင်တာ

 ငါကဒီအလုပ်ကြိုက်တယ် ဒါလုပ်ရတာဘယ်လိုဆိုတာ ပြောပြတဲ့အခါ နားမထောင်တဲ့ပြဿနာပါ။ ကို့အလုပ်မှာ အဆင်မပြေတာ၊ ဖိအားတွေရှိလာတဲ့အခါ တစ်ဦးနဲ့တစ်ဦး လေးစားပြီး တစ်ယောက်ပေါ်တစ်ယောက်အလေးထားနားထောင်ပေး အပြန်အလည်ခွန်အားပေးကြရင် ဒါကပြေလည်နိုင်ပါတယ်။

(၃)။ ကွာရှင်းလိုက်ရင် ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ 

များသောအားဖြင့် မိဘတွေက ကွာရှင်းချင်ပေမယ့် ကလေးတွေကိုငဲ့ညှာပြီး မကွာရှင်းကြတာတွေရှိတယ်။ ဒါကမှန်ကန်တဲ့နည်းလို့မဆိုလိုပါဘူး။ အဆင်မပြေတဲ့ ဆက်ဆံရေးတွေကြောင့် စိတ်ပင်ပန်းလာတဲ့အခါ ကလေးတွေကိုဆူမယ်ပြောမယ်ဆိုရင် ကလေးတွေအတွက်စိတ်ဒဏ်ရာပိုပြီးရစေပါတယ်။ ဒီလိုအခြေအနေတွေက ကလေးတွေအတွက် စိတ်ဒဏ်ရာရောလွဲမှားတဲ့ အတုယူသွားစရာဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်အတွက်လုံးဝ ခွင့်လွှတ်နိုင်စရာကိစ္စမဟုတ်ဘူးဆိုရင်တော့ ကွာရှင်းလိုက်တာကလည်း နည်းလမ်းတစ်ခုပါ။

fizkes/Shutterstock

(၄)။ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်နေပြီလားဆိုတဲ့အချက်

READ
အမျိုးသမီး (၃)ဦးလျှင် တစ်ဦးမှာ အစားအစာ အလကားစားချင်လို့ Date တာဟု ဝန်ခံချက်ပေး

သင်နဲ့သင်အိမ်ထောင်ဖက် သဘောထားကွဲလွဲတာပုံမှန်ဆိုပေမယ့် သင်တို့ဖြစ်တဲ့ပြဿနာတွေက ပတ်ဝန်းကျင် မိသားစုဝင်တွေနဲ့ ကလေးတွေကို ထိခိုက်နစ်နာနိုင်တဲ့အပြုအမူတွေဆိုရင် ဒီဆက်ဆံရေးက ကြမ်းတမ်းတဲ့ လက္ခဏာဖြစ်ပါတယ်။

ပညာရှင်တွေရဲ့အဆိုအရ အိမ်တွင်းအကြမ်းဖက်မှုမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်အောင် ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ ကြောက်စိတ်ဖြစ်အောင် နှုတ်နဲ့ခြိမ်းခြောက်တာတွေ ပါလာပြီဆိုရင်တော့ အမြန်ဆုံးကွာရှင်းလိုက်တာကောင်းပါတယ်။

Khaing

SHARE