သင့်​ချစ်​သူသင့်​ကိုညာ​နေပြီဆိုတာ သိ​စေနိုင်​တဲ့အချက်​​များ

တစ်​ခါတစ်​​လေမှာသင်​ကချစ်​လွန်းလို့ဖြစ်​​စေ၊အရိပ်​အကဲမကြည့်​တတ်​လို့ဖြစ်​​စေ သင့်​ချစ်​သူညာ​နေတာကိုမသိတာမျိုးဖြစ်​တတ်​ပါတယ်​။ဒီ​တော့ ​ညာ​နေမှန်းမသိရင်​လည်းကိုယ်​ကအရူးလုပ်​ခံရဦးမယ်​။အမှန်​​ပြော​နေတာကို ညာတယ်​ဆိုပြီးပြသနာရှာမိရင်​လည်း စကားများရန်​ဖြစ်​ကြရဦးမယ်​။ဒါဆိုညာ​နေမှန်းသေချာသိ​အောင်​ဘယ်​လိုလုပ်​မလဲ….လွယ်​ပါတယ်​..သင့်​ချစ်​သူကို အကဲခတ်​ရုံပါပဲ။
(၁)အရင်​လို​ပြော​နေကြပုံစံအတိုင်း မ​ပြောပဲ…ထူးထူးဆန်းဆန်းစကား​အသုံးအနှုန်း​တွေနဲ့ပြော​နေပြီဆိုရင်
(၂) ​လေသံ​တွေ​ပြောင်း​​နေပြီဆိုရင်​ (မလိုအပ်​ပဲ ​လေသံမာတာမျိုး၊ ​ဒေါသထွက်​​နေတာမျိုး)
(၃) သင်​​မေးတာ​ကို အချိန်​​တော်​​တော်​ကြာမှာ​ဖြေရင်​ (တန်းမ​ဖြေပဲ ​တောင်​လှည့်​​မြောက်​လှည့်​ စဉ်းစားပြီးမှ​ဖြေတာမျိုး)
(၄) ​အ​ဖြေကိုလည်း ရှုတ်​ရှက်​ခက်​တဲ့​နေ​အောင်​​ဖြေရင်
(၅) ​ပြော​နေရင်း စကားလမ်း​ကြောင်းလွှဲသွားပြီဆိုရင်
(၆) ​ပြော​နေတာ​တွေနဲ့ သူ့ပုံစံ​တွေကတလွဲဖြစ်​​နေရင်​ (ဥပမာ- သင့်​ချစ်​သူကညအိမ်​ပြန်​မအိပ်​ပဲ သူငယ်​ချင်း​တွေနဲ့ဂိမ်း​ဆော့တယ်​ဆိုပါစို့။ မနက်​​ရောက်​​တော့ညကဖုန်းမကိုင်​တဲ့အ​ကြောင်း​​မေးတဲ့အခါ ညက​စော​စောအိပ်​သွားလို့​ဖြေ​ပေမယ့်​ သူ့ပုံစံက မျက်​ကွင်း​တွေညို ညှင်းသိုးသိုး​နဲ့ဖြစ်​​နေရင်​ ဒါလုပ်​ဇာတ်​မှန်းသိမယ်​။ဒါမျိုး​ပေါ့)
(၇)မလိုအပ်​ပဲ အသည်းအသန်​​ပြော​နေပြီဆိုရင်

သင့်​ချစ်​သူ သင့်​ကိုညာ​နေပါပြီ။ ဒီ​တော့ ညာ​နေပြီဆိုရင်​လည်း ပြသနာကို​သေချာ​ဖြေရှင်းပြီး နားလည်​မှုပြန်​လည်​ရယူကြပါ​နော်​။
Grinny(shwemom)
Source: Bustle
SHARE