သင့်ချစ်သူ သင့်ကိုတကယ်လွမ်း၊မလွမ်း သိနိုင်မဲ့ အချက်များ

shutterstock/By Photographee.eu

တစ်နယ်စီ(သို့)တစ်ယောက်တစ်နေရာစီရောက်နေတဲ့ အချိန်မှာ ကိုယ့်ကို အဲ့ဒီလူတကယ်သတိရနေ၊မနေ၊လွမ်းနေ၊မနေ သိချင်မိကြတာ သဘာဝပါ။ ချစ်သူက အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် တစ်နေရာရာကို ခရီးထွက်တဲ့ အချိန်မျိုးမှာ တကယ်ပဲ လွမ်း၊မလွမ်းကို ဒီအချက်တွေ ကြည့်ပြီး သိနိုင်ပါတယ်။ အဲ့ဒါတွေ ကတော့…

(၁)ဖုန်းခေါ်တဲ့၊မက်ဆေ့ခ်ျပို့တဲ့ အကြိမ်ရေကို ကြည့်ပါ

shutterstock/By JKstock

ဒါကတော့ အလွယ်ဆုံး အသိသာဆုံးနည်းပါ။တကယ် လွမ်းတယ်၊သတိရတယ် ဆိုရင် ဖုန်းခေါ်မှာ ဆက်ဆေ့ခ်ျပို့မှာပါ။အရင်တည်းက အလုပ်အရမ်းများပြီး ဖုန်ခေါ်၊မက်ဆေ့ခ်ျိပို့တာမျိုး လုပ်လေ့မရှိတဲ့ သူကတော့ ချွင်းချက်ပါ။ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ဖုန်းဆက်တာ၊မက်ဆေ့ခ်ျပို့တာကို အနည်းဆုံး တစ်ကြိမ်၊နှစ်ကြိမ်လောက်တော့ လုပ်မှာပါ။

(၂)အသံကို နားထောင်ပါ

တစ်စုံတစ်ယောက်က သင့်ကို တကယ်လွမ်းရင် အရမ်းစကားပြောချင်နေ မှာ၊စ ကားပြောဖို့ကို အရမ်းစိတ်အားထက်သန်နေမှာပါ။အချိန်အကြာကြီးတွဲလာတဲ့ သူဆိုရင်တော့ ဒီအသံဟာ သတိရလွန်းလို့ စကားတွေအရမ်းပြောချင်နေ တာလား၊စိတ်မပါ လက်မပါ စကားပြောနေတာလည်း တန်းသိနိုင်ပါတယ်။

READ
အိမ်ထဲမှာ ခြင်္သေ့မွေးထားမိလို့ အဝေဖန်ခံနေရတဲ့ ပါကစ္စတန်ခရစ်ကက် ကစားသမားဟောင်း

(၃)မေးခွန်းမေးပါ

တကယ်လို့ အဝေးရောက် ချစ်သူအပေါ် သတိရနေ လွမ်းနေရင် သတိရြေ ကာင်း၊လွမ်းကြောင်းကို ရိုးရိုးသားသားပြောပြပေးပါ။”ငါ့ကို လွမ်းနေရဲ့လား.? ချစ်သေးရဲ့လား.? “ဆိုတဲ့ စကားမျိုးလေးတွေ ပြောပေးပါ။ဒီမေးခွန်းလေးတွေက သင်သူ့ကို ဘယ်လောက်ထိသတိရနေလဲဆိုတာကို ဖော်ပြနေတာပါ။ ကိုယ်က အဲ့ဒီလို မေးတဲ့ အချိန်မှာ သူ့ဘက် ၀တ်ကျေတန်းကျေ “အင်း လွမ်းပါတယ်။ ချစ်ပါတယ်”ဆိုတဲ့စကားမျိုးလောက်ပဲ ထွက်လာရင် မယုံပါနဲ့။တကယ်လွမ်းနေသူ က ဒီလောက်ပဲ မပြောပါဘူး။”မဟုတ်ဘူး။မင်းလွမ်းထာထက်တောင် ပိုလွမ်းေ နသေးတယ်”ဆိုတဲ့ အားတတ်သရော အဖြေမျိုးကမှသာ တကယ်လွမ်းနေတာ ကို ပြနေတာပါ။

(၄)အမူအယာကို ကြည့်ပါ

ဒီနေ့ခေတ်မှာ video calls တွေကို အလွယ်လေးခေါ်လို့ရပါတယ်။အဲ့ဒီလို video calls ခေါ်တဲ့ အခါသူ့ရဲ့ အမူအယာတွေကို ကြည့်ပါ။ခေါင်းယိမ်း ငဲ့စောင်းပုံ၊မျက်လုံးချင်းဆုံကြည့်ပြီး အကဲခတ်ပြီး တကယ်လွမ်း၊မလွမ်း သိနိုင်ပါတယ်။

READ
အလောင်းပြန်ဖော်စဉ်မှာမပျက်မစီးပဲပြုံးယောင်သန်းနေတာတွေ့ရတဲ့ထိုင်းဘုန်းကြီး

(၅)ဝေးနေတဲ့ အချိန်က သူ့ပုံစံ

shutterstock/By Antonio Guillem
အရမ်းချစ်ကြတဲ့ စုံတွဲတွေဟာ ဝေးလိုက်ပြီဆိုတာနဲ့ စိတ်ဖိစီးမှုတွေများတာ၊စိတ် ပူတာ စိုးရိမ်ကြောင့်ကြတဲ့ ခံစားချက်တွေ ပေါ်လာတတ်ပါတယ်။တကယ်လို့ ကိုယ်နဲ့ဝေးပြီးမှ သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ၊ကြောင့်ကျ စိတ်တွေရှိနေ ခဲ့ရင်တော့ သူကိုယ့်ကို တကယ်လွမ်းလို့ သတိရလို့ပါ။
Ref;wikihow
SHARE