ကျန်းမာပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သော နည်းလမ်းကောင်း(၆)ခု

၁။ အစားစာချိန်ကို ဂရုစိုက်ပါ။

မနက်စာ၊နေ့လယ်စာ၊ညစာ တို့ကို အချိန်မှန်မှန် ဂရုတစိုက်စားပါ။ မနက်စာကို သေချာပေါက်စားသုံးပေးပါ။ထိုမှသာ
မိမိရဲ့ တစ်နေ့တာအတွက်အားအင်ကိုဖြစ်စေပါတယ်။ နေ့လယ်စာကို အလွတ်မခံပါနဲ့ နေ့လယ်စာကိုဗိုက်ဝအောင်စား
ပေးပါ။ညစာကိုတော့ နေ့လယ်စာရဲ့ တဝက်ခန့်သာ စားသုံးပေးပါ။ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အစားရှောင်စရာ
မလိုပါဘူး မိမိကြိုက်နှစ်သက်ရာ ဟင်းလျာများကို စားသုံးနိုင်ပါတယ်။ မိမိရဲ့  အစားအသောက်များအပေါ် စိတ်ကျေ
နပ်မှုရှိစေဖို့ အရေးကြီးပါတယ်။စိတ်ကျေနပ်မှုရှိမှသာ ကျန်းမာရေးကိုထိခိုက်စေပြီး အဆီတက်စေသောအပြင်သရေ
စာများကို မကြာခဏမစားမိတော့ပါဘူး။

၂။ အသင့်စား အစားအစာ နှင့် အပြင်စာ လျော့စားပါ။

အသင့်စား အစားအစာများ နှင့် အပြင်စာတို့သည် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ကယ်လို၇ီတွေလိုအပ်တာ
ထက်ပိုများစေလို့ အဝလွန်စေနိုင်ပါတယ်။ ထို့ကြောင့် မိမိကိုယ်တိုင်အိမ်မှာချက်ပြုတ်ပါ။ အသား၊ငါးများထက် အသီး
အရွက်များကို ပိုမိုစားသုံးပါ။ ဟင်းလျာချက်ပြုတ်ရာမှာ အကင်များ၊အကြော်များထက် အသုတ်နှင့် အပြုတ်များကိုပို
ရွေးချယ်ချက်ပြုတ်ပါ။ အစားအစာများကို ဆီနည်းနည်းဖြင့် ကြော်ပါ။ ဆီကိုလျော့စားခြင်းသည် နှလုံးရောဂါမဖြစ်
စေအောင်ကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်မတက်စေပါဘူး။

READ
အမှတ်မထင်လုပ်မိနေပြီး ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ အမူအကျင့်(၄) မျိုး

၃။ ကယ်လိုရီပါဝင်သော အစားအစာများနေ့စဉ် စားသုံးဖို့လိုအပ်ပါတယ်။

ကယ်လိုရီသည် ကိုယ်အလေးချိန်ကိုတက်စေနိုင်ပါတယ်။ သို့သော် ခန္ဓာကိုယ်မှာတစ်နေ့တာအတွက် လိုအပ်သော
ကယ်လိုရီပမာဏ( ကယ်လိုရီ ၃၀၀) ထက်ကျော်လွန်မှသာ ကိုယ်အလေးချိန်တက်စေနိုင်တာပါ။ ထို့ကြောင့် ကယ်
လိုရီပါဝင်သော အစားအစာများကို လုံးဝမရှောင်ရှားပါနဲ့ စားသုံးပေးပါ။

၎။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

ကိုယ်လက်လှုပ်ရှုားမှုပြုလုပ်ခြင်းသည် ကိုယ်အလေးချိန်လျော့ချပေးနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်း
ကို နေ့စဉ်ပုံမှန် (တစ်နေ့ကိုတစ်နာရီ ဆိုလျှင် တစ်နာရီတိတိ)ပြုလုပ်ပေးပါ။ GYM နှင့် ဝေးကွာသော နေရာမှာနေ
ထိုင်ပါက မိမိ အိမ်မှာ ကခုန်ခြင်း၊ အေရိုဘစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ယောဂကျင့်စင်များကျင့်ခြင်း စသည်တို့
ကိုပြုလုပ်နိုင်ပါတယ်။ ပြေးခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်း စသည့်အားကစားများကို ပြုလုပ်ခြင်းသည်လည်း ကိုယ်
အလေးချိန်လျော့ချပေးပါတယ်။

၅။ ဆေးလိပ်၊ အရက် ကိုရှောင်ပါ။

READ
ကလေးတွေရဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကို ထိခိုက်စေတယ်ဆိုတဲ့ ဖုန်းမှ အပြာရောင်အလင်းများ

ဆေးလိပ်၊အရက်၊ဘီယာ တို့သည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ကိုယ်အလေးချိန်တက်စေသောကြောင့်
ရှောင်၇ှားသင့်ပါတယ်။အထူးသဖြင့် ဘီယာသည် ကယ်လို၇ီအများဆုံးပါဝင်သောကြောင့် ဘီယာသောက်သုံးခြင်းကို
ရှောင်ရှားသင့်ပါတယ်။

၆။ စိတ်ဖိစီမှုကင်းဝေးအောင်နေထိုင်ပါ။

စိတ်ဖိစီးမှုများကြုံတွေ့လာလျှင် များသောအားဖြင့် ချောကလတ်၊ကိတ်၊ရေခဲမုန့် အစရှိသည့် ကယ်လိုရီများသော
အချိုစာများစားသုံးတက်ကြပါတယ်။ အစားအစာအများများ တဝကြီးစားပြီး စိတ်ဖိစီးမှုတွေကို ဖြေတက်ကြပါတယ်။
ထို့ကြောင့် စိတ်ဖိစီးမှုများအပြင်းအထန်ခံစားနေရလျှင် အော်ဟစ်ပြီးသီချင်းများသီဆိုပါ၊သူငယ်ချင်းများနှင့် တွေ့ဆုံပါ
၊စိတ်ဝင်စားစရာကောင်းသော ရုပ်ရှင်ဇာတ်ကားများကြည့်ပါ။

D-bear(Shwemom)

shwemom post photo

SHARE