ဆယ်ကျော်သက်လေးတွေလို အမြဲတမ်း နုပြီးလှနေစေမယ့် လျှို့ဝှက်ချက်များ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဓာတ်ပုံလေးတွေကို ပြန်ကြည့်မိရင် “ဟယ် ငါ့ပုံလေးက နုလိုက်တာ။ အခုရုပ်နဲ့ တော်တော်ကွာတာပဲ”ဆိုပြီး ကိုယ့်ဘာကိုယ် စိတ်ဓာတ်တွေကျခဲ့ဖူးပါသလား။ ဒါဆိုရင်တော့ အမြဲတမ်း (၁၆)နှစ်အရွယ် ကောင်မလေးတွေလို နုနယ်လှပနေစေမယ့် အောက်ပါနည်းလမ်းလေးတွေကို မှန်မှန်လုပ်ပေးဖို့ လိုနေပါပြီ။

ရုပ်နုစေတဲ့ ဆံပင်ပုံစံကို ရွေးပါ။

ကိုယ်ထားတဲ့ ဆံပင်ပုံစံကိုလိုက်ပြီး ရုပ်ရည်က ရုပ်နုတာ၊ ရုပ်ရင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဥပမာ-  ဆံပင်ကို ပိပြားနေအောင် ဆီလိမ်းပြီး စည်းထားတာမျိုး၊ နဖူးကိုပြောင်နေအောင် အမြဲတမ်း အပြောင်သိမ်းထားတာမျိုးစတဲ့ ဆံပင်ပုံစံတွေကို ရှောင်ပါ။ ကိုယ့်မျက်နှာနဲ့လိုက်ပြီး ရုပ်ကို ပိုနုသွားစေမယ့် ဆံပင်ပုံစံအမိုက်စားလေးတွေကို ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ လှမြဲလှလျက် လှချက်က ဆယ်ကျော်သက်လေးတွေတောင် ငေးယူရပါလိမ့်မယ်။

သစ်လွင်လန်းဆန်းစေတဲ့ ဖက်ရှင်ကိုရွေးပါ။

ဆယ်ကျော်သက်လေးလို အမြဲလှနေဖို့ဆိုရင် ဖက်ရှင်ကလည်း မပါမဖြစ် အရေးကြီးပါတယ်နော်။ ကိုယ့်ခန္ဓာကိုယ် အချိုးအစား၊ အရပ်အမောင်းနဲ့ အသားအရေပေါ် မူတည်ပြီး လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဆန်ဆန် ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဒီလိုပြောလို့ သိပ်ကလေးဆန်တာတွေကိုလည်း ရွေးချယ်စရာမလိုပါဘူး။ ကိုယ့်စတိုင်လ်နဲ့ လိုက်ဖက်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ရော ၀တ်ဆင်တဲ့အချိန် ခံစားရတဲ့ ခံစားမှုကိုပါ ပျိုမျစ်သစ်လွင်စေမယ့် အရောင်နဲ့ ဖက်ရှင်မျိုးကို ၀တ်ဆင်ဖို့ လိုအပ်ပါတယ်။

READ
သိပ်တော်ပြီး ထူးချွန်တဲ့ကလေးတွေကို ပြုစုပျိုးထောင်နိုင်တဲ့ မိဘအများစုမှာ ဒီလိုတူညီတဲ့ လက္ခဏာတွေ ရှိကြပါတယ်။
ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ နေပါ။

ကောင်မလေးတွေလိုပဲ လှပချင်တယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကိုပဲ ပြုပြင်နေလို့ မလုံလောက်ပါဘူး။ စိတ်ကိုလည်း အမြဲတမ်း သစ်လွင်ပြီး ငယ်ရွယ်နုပျိုနေအောင် နေထိုင်ရပါမယ်။ မှိုင်တွေငေးမောပြီး အပူမိနေသလို ပုံစံမျိုးဟာ ဘယ်လောက်ပဲ ပြင်ဆင်ထားထား၊ ရုပ်ကို အိုမင်းစေပါတယ်။ ဒါကြောင့် စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ကြာကြာသိမ်းမထားဘဲ မေ့ပစ်လိုက်ပါ။ အမြဲတမ်း တက်တက်ကြွကြွနဲ့ နေထိုင်ပြီး အပြုံးလှလှလေးတစ်ပွင့်ကို မျက်နှာမှာ ပန်ဆင်ထားလိုက်ပါ။

ယောဂ ပုံမှန်လေ့ကျင့်ပါ။

အမျိုးသမီးတွေကို အမြဲတမ်း ငယ်ရွယ်နုပျိုစေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ ယောဂလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု ကောင်းမွန်စေလို့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ကင်းစင်စေပြီး အသားအရေကို တင်းရင်းနေအောင် ကူညီပေးပါတယ်။ အစာချေစနစ်ကို ကူညီပေးလို့ အသားအရေကို ကြည်လင်ရှင်းသန့်စေပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ နောက်ထပ် အကျိုးကျေးဇူးများစွာလည်း ကျန်ရှိနေသေးတာကြောင့် ယောဂ ပုံမှန်လေ့ကျင့်သင့်တယ်လို့ အကြံပြုလိုက်ပါရစေ။

အသားအရေ ထိန်းသိမ်းပါ။

နုနယ်လှပမှုရဲ့ အဓိကအကျဆုံးအချက်ကတော့ အသားအရေ ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အသားအရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးအိုမင်းရင့်ရော်ဖို့ လွယ်ကူပါတယ်။ အသက်နှစ်ဆယ့်ငါးနှစ် ကျော်လာတာနဲ့ အသားအရေက အားနည်းလာတဲ့အတွက် စတင်ပျက်စီးယိုယွင်းလာတတ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီပေမယ့် သတိလက်လွတ် မထိန်းသိမ်းဘဲနေမိရင် မျက်လုံးထောင့်မှာ ကျီးကန်းခြေထောက်လို အရစ်တွေပေါ်လာတာ၊ မျက်လုံးအိမ်အောက်မှာ အရာတွေ ထင်လာတာ၊ ပါးရေတွန့်သလို ပါးနဲ့နှာခေါင်းကြားမှာ အရာကြီး ထင်လာတာ စတဲ့အိုမင်းတဲ့ လက္ခဏာတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပျက်စီးမှထိန်းသိမ်းတာထက် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်သင့်ပါတယ်။

READ
အပိုအသုံးစားရိတ်တွေကို ဘယ်လိုလျှော့ချမလဲ

သုံးနေကျ skin care တွေထဲမှာ အိုမင်းရင့်ရော်မှုအတွက် ကာကွယ်တားဆီးပေးမယ့် ခရင်မ်မျိုးတွေ ထည့်သွင်းအသုံးပြုသင့်ပါတယ်။ ဘာကိုသုံးရမယ်မသိတဲ့ ပျိုမေတို့အတွက်ကတော့ Pond’s Age Miracle Wrinkle Correcting ခရင်မ်လေးကို ညွှန်းပေးချင်ပါတယ်။ သူက အရေးအကြောင်းတွေဖြစ်ပေါ်မှုကို နှစ်ဆလျော့ချပေးနိုင်ပြီး ဆဲလ်အသစ်တွေကို အမြဲတမ်း မွေးထုတ်ပေးနိုင်တဲ့အတွက် နှစ်ဆယ့်လေးနာရီပတ်လုံး ငယ်ရွယ်နုပျိုမှုကို ဖန်ဆင်းပေးနိုင်ပါတယ်။ နုပျိုဝင်းပတဲ့ အသားအရေအတွက် အရေးအကြောင်းတွေကို လျှော့ချပေးလို့ ဆယ်ကျော်သက်ရွယ် ကောင်မလေးတွေအတိုင်း နုနယ်လှပစေပါတယ်။ ဒီနည်းလေးတွေကိုသာ သုံးမယ်ဆိုရင်တော့ အမြဲတမ်း နုပျိုလှပနေမှာ မလွဲပါဘူးနော်။

Sponsored by Pond’s

 

SHARE