ရောင်စုံခဲတံ အချောင်း (၁၂၀၀)ကို အသုံးပြုပြီး ဂစ်တာတစ်လက် ဘယ်လိုဖန်တီးမလဲ …..

ပန်းချီပညာရှင်တွေဟာ ရောင်စုံခဲတံတွေကို ပုံဆွဲတဲ့အခါ အသုံးပြုကြပါတယ်။ အချို့လူတွေကတော့ ရောင်စုံ ခဲတံတွေကို အသုံးပြုပြီး ထူးထူးဆန်းဆန်း လက်မှုပစ္စည်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ အဲဒီလူတွေထဲမှာ ကိုယ့်ကိုယ်ကို Burls Art လို့ အမည်ပေးထားတဲ့ အွန်လိုင်း အသုံးပြုသူတစ်ဦးလည်း ပါဝင်ပါတယ်။

“လူတွေဟာ ရောင်စုံခဲတံတွေကို အသုံးပြုပြီး ခွက်တွေ ပြုလုပ်တာကို ကျွန်တော် အွန်လိုင်းမှာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ခွက်တွေထက် ပိုစိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့အသုံးချလို့ရမယ့် ပစ္စည်းတစ်ခုကို ဖန်တီးချင်ခဲ့တာပါ။ ကျွန်တော်က ဂစ်တာတီးဝါသနာပါတော့ ရောင်စုံခဲတံတွေနဲ့ ဂစ်တာတစ်ခုလုပ်ဖို့ စိတ်ကူးမိတယ်။ ဒီဂစ်တာ ကျွန်တော့်ဟာ ကျွန်တော်ဖန်တီးတဲ့ ပထမဆုံး ဂစ်တာပါ” လို့ Burls Art က ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ဂစ်တာကို ဖန်တီးရာမှာ သူထင်သလောက် မခက်ခဲခဲ့ကြောင်းကိုလည်း ၀န်ခံသွားခဲ့ပါတယ်။

READ
ပိုက်ဆံချွေတာလိုသူများအကောင်းဆုံး သုံးရက်တာ စည်းမျဉ်း

အရင်ဦးဆုံး အွန်လိုင်းပေါ်ကနေ ရောင်စုံခဲတံ အချောင်း (၁၂၀၀) မှာလိုက်ပါပြီ။

Youtube

ခဲတံလေးတွေကို (၂)ခြမ်းဖြစ်အောင် ပိုင်းလိုက်ပါတယ်။

Youtube

ခဲတံလေးတွေကို Epoxy resin (Epoxy သစ်စေး)  လောင်းပြီး အခြောက်ခံလိုက်ပါ။

Youtube
Youtube

ပြီးရင်တော့ လွှစာတိုက်ပြီး ညီအောင် လုပ်ပါတယ်။

Youtube
Youtube

ဂစ်တာကိုယ်ထည် အတွက်ကို သစ်သားပြားလေး ကပ်လိုက်ပါပြီ။

Youtube

အနားသပ်လေးတွေကို ညီအောင် သေချာလေး လုပ်ပေးပါ။

Youtube
Youtube
Youtube
Youtube
Youtube

ကာလာလှလှလေးထွက်အောင် အရောင်တင်ပြီး နေပူထဲမှာ အခြောက်ခံလိုက်ပါတယ်။

Youtube

ဂစ်တာရဲ့ အတွင်းသားကိုထွင်းပြီး ဂစ်တာကြိုးအတွက် လိုအပ်တာတွေကို တပ်လိုက်ပါပြီ။

Youtube
Youtube

အခုဆိုရင် အမိုက်စား ဂစ်တာတစ်လက် ရပြီပေါ့။

Youtube

Ref : YouTube , BoredPanda

SHARE