အရမ်းစားလို့ကောင်းတဲ့ သုံးထပ်သား ချိစ် Sandwich လေး လုပ်စားရအောင်

မနက်စာအတွက်ပဲဖြစ်ဖြစ်၊ အဆာပြေပဲဖြစ်ဖြစ် အရမ်းစားလို့ကောင်းတဲ့ sandwich လေးကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်နော်။

လိုအပ်သောပစ္စည်းများ

  • ပေါင်မုန့်
  • သုံးထပ်သားပြား
  • သခွားသီး
  • ခရမ်းချဉ်သီး
  • ဆလပ်
  • ချိစ်

ပြုလုပ်ပုံအဆင့်ဆင့်

  • ပေါင်မုန့်ကိုမီးကင်ပါ။ မကင်ချင်လည်းရပါတယ်နော်။
  • သုံးထပ်သားပြားကို ဆီအေးအေးနဲ့ ကြော်လိုက်ပါ။
  • သခွားသီးနဲ့ ခရမ်းချဉ်သီးကို ပါးပါးလေးလှီးပါ။
  • ပေါင်မုန့်ကိုယူပြီး ချိစ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလပ်နှင့် သုံးထပ်သားတို့ကို ညှပ်ပြီး လှီးလိုက်ပါ။
  • အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ sandwich ကို စားသုံးနိုင်ပါပြီနော်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE