အိမ်ထဲက ပင့်ကူတွေကို အလွယ်တကူနဲ့ မောင်းထုတ်လို့ရနိုင်မယ့် နည်းလမ်းကောင်း

Unsplash/Flipboard

စာဖတ်သူအနေနဲ့ ပင့်ကူအိမ်တွေကို အမြဲရှင်းလင်းရေးလုပ်နေရလို့ စိတ်ညစ်နေပြီဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 

Sylvia Crawford လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ပင့်ကူတွေကို အိမ်ကနေ ဘယ်လိုမောင်းထုတ်ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမဟာဒီအကြောင်းကို facebook group တစ်ခုမှာတင်ခဲ့တာဖြစ်ပြီးတော့ အသေးစိတ်ကိုလည်း ရှင်းလင်းပြခဲ့ပါတယ်။

သူမရဲ့ ပြောပြချက်အရ ပင့်ကူတွေဟာ ပူစီနံရွက် ကိုကြောက်တယ်လို့ဆိုပါတယ်။ ပင့်ကူတွေက ပူစီနံရွက်ရဲ့ အနံ့ကို အဝေးကြီးကနေ ခံနိုင်ပြီး အနံ့ရတာနဲ့ ထွက်ပြေးကြတယ်လို့လည်း သိရပါတယ်။ ဒီအချက်ကို သိသိချင်း Sylvia Crawford က ပူစီနံရွက်ကို ချေပြီး ရေနဲ့ရောကာ spray ဘူးထဲထည့်ပြီး တစ်အိမ်လုံးအနှံ့ လိုက်ဖျန်းခဲ့ပါတယ်။

Facebook/Extreme Couponing and Bargains UK

ဒီနည်းလမ်းက ကုန်ကျစရိတ်များစွာ သက်သာစေပြီး ထိရောက်မှုလည်းရှိတာကိုတွေ့ရပါတယ်။ သတ္တဝါနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး၊ ပင့်ကူကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Lawrence Bee က ပင့်ကူတွေက အိမ်ထဲမှာ အမြဲတမ်းရှိနေပြီး အပြင်ကိုဘယ်တော့မှ မထွက်တတ်တဲ့ အင်းဆက်တွေလို့ဆိုပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ပင့်ကူတွေရဲ့အလေ့အကျင့် ဖြစ်နေလို့ပါ။

သီအိုရီအရ စဉ်းစားကြည့်မယ်ဆိုရင် Sylvia Crawford ရဲ့ ပူစီနံ နည်းလမ်းက ပင့်ကူတွေကို သူတို့ရဲ့ ပုန်းအောင်းရာနေရာဆီ ပြန်မောင်းထုတ်နိုင်တဲ့ အထိလောက်ပဲ အကျိုးသက်ရောက်မှုရှိတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

Pexels/uld

ဘယ်လိုပဲဖြစ်ဖြစ် Sylvia Crawford ရဲ့နည်းလမ်းကတော့ ပင့်ကူတွေပြေးစေတာ အမှန်ဖြစ်ပါတယ်။ စာဖတ်သူလည်းအိမ်မှာပင့်ကူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ပါလို့အကြံပြု လိုက်ပါရစေ။

Lwin

SHARE