သင့်ချစ်သူကောင်လေး သင့်ကို ရူးခါနေအောင် ပိုချစ်လာစေမယ့် အချက် (၅)ချက်

Relationship ဆိုတာ ရှုပ်ထွေးနက်နဲလွန်းပါတယ်။ ဘယ် RS မှ ပြည့်စုံနေတာမျိုးလည်း မရှိပါဘူး။ တစ်ခါတစ်လေ မိန်းကလေးတွေစိတ်ထဲမှာ ကိုယ့်လိုချင်တာ သူသိပါတယ်ဆိုပြီး တွေးတတ်ကြပါတယ်။ အဲ့လိုတွေးတာက မှားပါတယ်။ သင့်ချစ်သူက အကြားမြင်ဆရာ မဟုတ်ပါဘူး။ ဒီစာလေးကို ဖတ်ကြည့်ရင်း သင့်ချစ်သူကောင်လေး သင့်ကို ပိုပိုချစ်လာအောင် ဘယ်လိုညှိနှိုင်းနေရမလဲဆိုတာ သိလာပါလိမ့်မယ်။

(၁) “Be Yourself” ပါ

Shutterstock

အချစ်ဆိုတာ ရုပ်ရည်ကြောင့် ဖြစ်လာတာမဟုတ်ပါဘူး ၊ သင်ဖြစ်နေလို့ပါ။ သင့်ချစ်သူကလည်း ဒီအတိုင်းပဲ ၊ သင်ဖြစ်နေလို့ပါ။ ဒါကြောင့် ဘယ်သူ့အတွက်မှ သင့်ကိုယ်သင် မပြောင်းလဲပစ်ပါနဲ့။ Be Yourself ပါ။

(၂) သင့်ချစ်သူကို ဦးစားပေးပါ

လိုအပ်ရင် သင့်ချစ်သူကို ဦးစားပေးပါ။ သင့်ဘ၀မှာ သင့်ကို ပျော်ရွှင်စေတဲ့အရာပေါ်ကို ဦးစားပေးပါ။ သူနဲ့ရှိနေရရင်ပျော်တယ်ဆို သူအတွက် အချိန်ပေးပေးပါ။ အလုပ်နဲ့ မိသားစုက အရေးကြီးပေမယ့် သင့်အချစ်ရေးမှာ စိတ်ချမ်းသာဖို့လည်း လိုပါတယ်။ ဒါကြောင့် သူ့ကိုလည်း အချိန်ပေးပြီး ဦးစားပေးပါ။

READ
ဘယ်သူဖြတ်ဖြတ်မပြတ်နိုင်တော့တဲ့ သံမဏိစုံတွဲများ၏ လက္ခဏာ(၅)ရပ်

(၃) စိတ်တိုနေရင် စိတ်ဖြေပေးပါ

Shutterstock

တစ်ခါတစ်လေ အကြောင်းပြချက်မရှိဘဲ ဒေါသဖြစ်တတ်ပါတယ်။ ဒီလိုအချိန်တွေဆို သင့်ဘက်က ဒေါသလိုက်မဖြစ်ဘဲ သူ့ကို စိတ်ဖြေပေးပါ။ ဒီလိုလုပ်ပေးတာက သင့်တို့ RS ကို ပိုမိုသာယာလာစေပါတယ်။ သူဒေါသဖြစ်နေတယ်ဆို စိတ်ရှည်ရှည် မေးပေးပါ။ ပြီးရင် ဖက်ပေးပြီး သူ့စိတ်ကို ဖြေပေးပါ။ သူဒေါသဖြစ်နေရတဲ့ အကြောင်းကို သေချာ ပြန်ရှင်းပြပေးလိုက်ပါ။

(၄) သေးသေးလေးကအစ ကြည်နူးပေးပါ

နောက်တစ်ချက်အနေနဲ့ကတော့ ကြည်နှုးမှုပါ။ လူတိုင်း အပြောချိုတာတွေကို ကြိုက်ကြပါတယ်။ သင့်ချစ်သူ သင့်အတွက် သေးသေးလေးတွေကအစ လုပ်ပေးနေရင် သူလုပ်ပေးတာတွေအတွက် ကြည်နူးဝမ်းသာပေးပါ။ သင့်မျက်နှာပေါ် အပြုံးမြင်ရဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာကို အသိအမှတ်ပြုပေးပါ။ သင် သူကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို ပြောပေးပါ။

READ
ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးများ

(၅) သူရဲ့စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ အတူရှိနေပေးပါ

Shutterstock

သူရဲ့စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ အတူရှိနေပေးတာက သင့်ချစ်သူ သင့်ကို အရူးအမူးဖြစ်လာစေရုံမဟုတ်ဘဲ သင့်တို့ RS ကိုလည်း ပိုပြီးသာယာလာစေမှာပါ။ သူဘ၀ အမှောင်ဖုံးနေချိန် ၊ ဘယ်သူနဲ့မှ စကားမပြောချင်လောက်အောင် စိတ်ဓာတ်ကျနေချိန်တွေမှာ သူအတွက် အမြဲအသင့်ရှိနေပေးပါ။ သူ့ ပြဿနာကို နားထောင်ပေးပြီး သူကို အမှောင်ထဲကနေ ဆွဲထုတ်ပေးပါ။ ဒီလိုဆို သင့်ချစ်သူ သင့်ကို ဘယ်တော့မှ လက်လွှတ်နိုင်တော့မှာ မဟုတ်ပါဘူး။

Hannwe Soe

SHARE