ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို အချိန်တိုအတွင်းအောင်မြင်နိုင်စေမယ့်နည်းလမ်း(၅)သွယ်

Odua Images/Shutterstock

သင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စပြီးလုပ်ကိုင်နေသူတစ်ယောက်လား။ လုပ်ငန်းက စပြီး လုပ်နေပြီဆိုပေမယ့် ထင်သလို ဖြစ်မလာတာကြောင့် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသူလား။ ဒီလိုဆိုရင် အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။ အဲဒီမှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းလေး အချိန်တိုအတွင်းမှာ အောင်မြင်လာစေမယ့် နည်းလမ်းလေးတွေရှိနေပါတယ်နော်…။

(၁)။ ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးပါ

သင့်လုပ်ငန်းကို အချိန်တိုအတွင်းအောင်မြင်လာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်ဆီကို လာရောက်အားပေးတဲ့ စားသုံးသူတွေကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ဖို့ပါပဲ။ သင့်ရဲ့ဝန်ဆောင်မှု ကောင်းရင်ကောင်းသလောက် သူတို့ကလည်း နောက်လူတွေကို ပြန်လည်မျှဝေကြမှာဖြစ်လို့ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ကို တကယ်ပဲ အလေးအနက်ထားစေချင်ပါတယ်။

Kinga/Shutterstock
(၂)။ လုပ်ငန်းကုန်ကျစရိတ်ကို တတ်နိုင်သမျှ ချွေတာပါ

သင့်လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို တတ်နိုင်သလောက် ချွေတာ တာက ရေရှည်ရှေ့ဆက်သွားဖို့ အကောင်းဆုံး ဖြစ်စေပါလိမ့်မယ်။ လုပ်ငန်းစတင်တဲ့အချိန်မှာကတည်းက ပိုက်ဆံကို ပေါပေါသီသီ သုံးနေမယ်ဆိုရင် သင့်ရဲ့လုပ်ငန်းလည်ပတ်ဖို့နဲ့ အမြတ်အစွန်းရဖို့က ထင်ထားတာထက် ခက်ခဲမှာဖြစ်ပြီး အစပိုင်းကတည်းက ကုန်ကျစရိတ်တွေကို တတ်နိုင်သလောက် ချွေတာဖို့မမေ့ပါနဲ့။

READ
လေပေါ်မှာ ပျံဝဲနေတဲ့ သဘောင်္ဓာတ်ပုံကြောင့် လူတွေ အသည်းအသန်ငြင်းပွဲကြီး ဖြစ်ခဲ့ရ
(၃)။ ဆိုရှယ်မီဒီယာတွေသုံးပါ

ဒီနေ့ခေတ်မှာတော့ ဆိုရှယ်မီဒီယာဆိုတာ ပိုက်ဆံအကုန်အကျနည်းနည်းနဲ့ လူသိများအောင်လုပ်နိုင်တဲ့နေရာပါ။ တကယ်လို့ သင်သာ ဆိုရှယ်မီဒီယာကို ကျွမ်းကျွမ်းကျင်ကျင် သုံးပြီး သင့်လုပ်ငန်းကို ကြော်ငြာနိုင်မယ်ဆိုရင် လုပ်ငန်းစလို့ မကြာခင်မှာပဲ အောင်မြင်လာနိုင်မှာသေချာပါတယ်။

mavo/Shutterstock
(၄)။ လုပ်ငန်းနဲ့အကိုက်ညီဆုံးဖြစ်မယ့် ၀န်ထမ်းမျိုးရွေးပါ

သင်က စီးပွားရေးလုပ်ငန်းအသေးလေးကို လုပ်မှာပါ။ ဒီတော့ ၀န်ထမ်းကလည်း အနည်းအကျဉ်းပဲ လိုမှာပေါ့။ သင့်အတွက် အရေးကြီးတာက သင်ခေါ်တဲ့ဝန်ထမ်းအနည်းငယ်ဟာ သင့်လုပ်ငန်းနဲ့အကိုက်ညီဆုံးဖြစ်မယ့် ၀န်ထမ်းတွေ ဖြစ်နေဖို့ပါပဲ။ သူတို့က သင့်ရဲ့အလုပ်ကိုလည်း ၀ါသနာပါမယ်၊ တက်ကြွပြီး ကြိုးစားသူတွေ ဖြစ်ကြမယ် ဆိုရင် သင့်လုပ်ငန်းအတွက် အကျိုးရှိတဲ့ခေါ်ယူမှုတွေ ဖြစ်လာမှာပါ။

(၅)။ လုပ်ငန်းတူပြိုင်ဖက်တွေကို မျက်ခြေမပြတ်ပါစေနဲ့

သင်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပုံစံတူလုပ်ငန်းတွေကို မျက်ခြေပြတ်မခံပါနဲ့။ သူတို့ဘာတွေလုပ်နေလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲ၊ ဘယ်လိုဈေးနှုန်းတွေနဲ့ရောင်းနေလဲ အမြဲလေ့လာပါ။ ဒီလို လေ့လာခြင်းကနေ သင့်အနေနဲ့ သူတို့ထက်သာပြီး ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်မှာဖြစ်သလို ဈေးကွက်ထဲမှာ ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာကို ကောင်းကောင်းသိလာပါလိမ့်မယ်။

READ
သာမန်ကလေးတွေထက် ဆံပင်ပိုကောင်းခဲ့တဲ့ ကလေးများ
baranq/Shutterstock

Linn

Source : thebalancesmb

SHARE