သူစိမ်းနဲ့ စကားပြောရမှာရှက်တတ်တဲ့ကောင်မလေးတွေ လုပ်ဆောင်ရမယ့် အချက်များ

လူကြားထဲ စကားပြောရမှာ ရှက်တတ်တဲ့ကောင်မလေးတွေ က အပေါင်းသင်းနည်းတတ်တယ်။ မသိတဲ့သူနဲ့ စကားစပြောရမှာကိုရှက်တတ်ကြလို့ပါ။ သူတို့ကိုယ့်တိုင်ကလည်း ဒီလိုရှက်တတ်နေတာကြီးကို မလိုချင်ကြဘူး။ တခြားသူတွေလို အပြင်တွေထွက်ပြီး ဖော်ရွေတတ်တဲ့သူပဲဖြစ်ချင်ကြတာပါ။ ကိုယ့်စိတ်ထဲကနေ ရှက်တဲ့စိတ်ကို ပြင်ချင်မှရမှာပါ။ တကယ်လို့ သင်က စကားပြောရမှာရှက်တတ်တဲ့ကောင်မလေးဆိုရင် ဒီအချက်တွေက သင့်အတွက် အထောက်အကူဖြစ်စေမှာပါ။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပါ

ဘယ်အရာကိုပဲ လုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ယုံကြည်မူရှိပါ။ သူစိမ်းနဲ့ စကားပြောရမှာ ရှက်နေတတ်တဲ့ ကောင်မလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယုံကြည်မူမရှိကြလို့ပါ။ အဲ့ဒါကြောင့် နေ့တိုင်း မှန်ကိုကြည့်ပြီးတော့ စကားပြောလေ့ကျင့်ကြည့်ပါ။

(၂) သူစိမ်းတွေကို ပြုံးပြပါ

 

ဒီအချက်မှာ သူစိမ်းတွေကို ပြုံးပြပါဆိုတာက ရှက်ရတဲ့ကောင်မလေးတွေအတွက်တော့ မလုပ်ရဲကြပါဘူး။  ဒါပေမယ့် သူစိမ်းတွေကို ပြုံးပြခြင်းဟာ စကားပြောရဲတဲ့ သတ္တိတွေရှိလာမှာပါ။ ရှက်တတ်တဲ့မိန်းကလေးတွေက လူကြားထဲ၊ သူစိမ်းတွေနဲ့ စကားမပြောရဲကြပါဘူး။

READ
ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့်အချက်(၈)ချက်

(၃) အပြင်များများထွက်ပေးပါ

လူအများနဲ့ရှိနေခြင်းဟာ စကားပြောရမှာရှက်တဲ့စိတ်ကို လျော့နည်းစေပါတယ်။ အပြင်ကိုများများထွက်ပေးပါ။ သင်တန်းတွေတတ်ပေးပါ။ လူတွေနဲ့ စကားပြောရမှာ ရှက်တယ်ဆိုပြီး အိမ်တွင်းမပုန်းလိုက်ပါနဲ့။ သင်တန်းတွေတတ်ပြီး မိတ်ဆွေအသစ်တွေနဲ့ မိတ်ဆက်ကြည့်ပါ။

(၄) စကားများများပြောပေးပါ

အိမ်က မိသားစု (ဒါမှမဟုတ်) သူငယ်ချင်းတွေနဲ့ စကားများများပြောပေးပါ။ ဒါမှမဟုတ်ရင်လည်း မှန်ကြည့်ပြီး စကားပြောလေ့ကျင့်ပါ။ စကားမနည်းပါနဲ့။ မိတ်ဆွေအသစ်တွေနဲ့ မိတ်ဆက်ရမှာ၊ စကားပြောရမှာ ရှက်နေတတ်ရင် စကားများများပြောရဲအောင် လေ့ကျင့်ပါ။ ရှက်တတ်တဲ့စိတ်ကိုမေ့ထားပြီး မိတ်ဆွေသစ်တွေနဲ့ စပြီး စကားပြောကြည့်ပါ။

(၅) သူစိမ်းနဲ့ စကားပြောရင် ရှက်တဲ့စိတ်တွေကို မေ့ပစ်ထားလိုက်ပါ

မိတ်ဆွေသစ်တွေနဲ့ အရင်စကားပြောရမှာကို “ အရမ်းရှက်ဖို့ကောင်းတယ်” ဆိုပြီး ကိုယ့်ကိုယ်ကို တစ်ချိန်လုံးတွေးမနေပါနဲ့။ မိတ်ဆွေသစ်၊ သူစိမ်းတွေနဲ့ စကားပြောတာ ရှက်စရာမဟုတ်ပါဘူး။  အဲ့လိုမျိုးသာ အမြဲရှက်စိတ်ကို တွေးနေရင် တစ်သက်လုံးတစ်ယောက်တည်းဖြစ်သွားမှာပါ။ လူဆိုတာ တစ်ယောက်တည်းနေလို့ ရတဲ့အထဲမှာ မပါပါဘူး။ အဲ့ဒါကြောင့် ရှက်တတ်တဲ့စိတ်ကိုမေ့ထားပြီး မိတ်ဆွေအသစ်တွေနဲ့ စကားပြောကြည့်လိုက်ပါ။ ပြောရင်ပြောရင်နဲ့ စကားပြောရဲလာမှာပါ။

READ
မိန်းကလေးတိုင်း ကြည့်သင့်တဲ့ ဇာတ်ကား(၆)ကား

Hannwe Soe (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE