သင့်ရဲ့ဘဝမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့….။

ဘဝမှာ ဆုံရှုံးမှုတွေ ကြုံလာရတဲ့အခါ လွယ်လွယ်အရှုံးမပေးပါနဲ့။ အရှုံးမပေးနည်းလေးတွေကို ဖတ်ကြည့်ပြီး တစ်ကနေပြန်စလိုက်ပါနော်။ အောင်မြင်ခြင်းဟာ ရှုံးနိမ့်ခြင်းနဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေတတ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

(၁) အသက်ရှင်ပါ။

သင်အသက်ရှင်မှဖြစ်မှာပါ။ သင်အသက်ရှင်နေသရွေ့တော့ အောင်မြင်ခြင်းဟာ သင့်ဆီကို ကျိန်းသေရောက်လာမှာပါ။ ဒါကြောင့် အောင်မြင်ဖို့အတွက် အလိုအပ်ဆုံးအရာက အသက်ရှင်ဖို့ပါပဲ။

(၂) မျှော်လင့်လွန်းတာတွေကို လျှော့ပါ။

ဘဝမှာ ကိုယ်ကမျှော်လင့်ထားတာနဲ့ ဖြစ်လာတာနဲ့ တခြားဆီဖြစ်သွားတဲ့အချိန်တွေ ရှိတတ်ပါတယ်။ သင်သာ အရမ်းကြီးမျှော်လင့်ချက်မထားရင် ဘယ်လိုရလဒ်မျိုးကိုမဆို သင် တည်တည်ငြိမ်ငြိမ် လက်ခံပြီး ဖြေရှင်းနိုင်မှာပါ။ အကောင်းဆုံးကြိုးစားလုပ်ဆောင်ဖို့သာ အဓိကပါ။

(၃) နည်းလမ်းများကိုရှာဖွေပါ

တစ်ခါတလေကျရင် ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု မအောင်မြင်ခဲ့ရင် အောင်မြင်နိုင်တဲ့ တခြားနည်းလမ်းတွေအများကြီး ရှိသေးတယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။ ပုစ္စာတွေမှာတောင် တွက်နည်းအမျိုးမျိုးရှိနေသေးတာပဲ။ ပြသနာတိုင်းမှာလည်း ဖြေရှင်းနည်းများစွာရှိပါတယ်။ သင်စိတ်မလျှော့ဖို့ပဲ အရေးကြီးတာပါ။

READ
အောင်မြင်တဲ့လူတိုင်း ပေးဆပ်ခဲ့ရသောအရာများ

(၅) အောင်မြင်ပြီးသားလူတွေကိုကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့။

လူတွေက သူတစ်ပါးရဲ့အောင်မြင်မှုကိုကြည့်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်နေတတ်ပါတယ်။ လက်ရှိမှာ အောင်မြင်နေတဲ့ သူတွေဟာ တစ်ချိန်တုန်းက ရှုံးနိမ့်ဖူးတဲ့သူတွေဆိုတာ မမေ့ပါနဲ့။ သူတို့ရဲ့ အောင်မြင်မှုကို အားကျနေမယ့်အစား ရှုံးနိမ့်ခဲ့တုန်းက လဲပြိုမသွားတဲ့ သူတို့ရဲ့ စိတ်ဓာတ်ကိုအတုယူလိုက်ပါ။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

 

 

SHARE