ဘီယာပုလင်းအဖုံးကို ဖောက်တံမရှိရင် ဘယ်လိုအရာတွေနဲ့ ဖောက်နိုင်မလဲ

ပုရိသတွေ အတွက် ဖောက်တံမရှိရင် ဘီယာပုလင်းကို ဘယ်လိုဖွင့်ရမလဲ ဆိုပြီး ခေါင်းပူနေကြမှာပါ။ ဒီလိုအချိန်တွေမှာ ခေါင်းမရှုပ်သွားအောင် ဒီစာလေးက ကူညီပေးသွားမှာပါ။

(၁) ခါးပတ်ခေါင်း 

သင့်ခါးပတ်ခေါင်းကို သုံးပြီး နောက်ဆို ပုလင်းအဖုံးကိုဖောက်ကြည့်ပေးပါ။

  • ပုလင်းကို လက်တစ်ဖက်ကနေ ကိုင်ပေးပါ။
  • နောက်လက်တစ်ဖက်ကတော့ ခါးပတ်ခေါင်းကို ကိုင်ပြီး ပုလင်းအဖုံးကို ပုံပါအတိုင်း ဖောက်ပေးလို့ရပါတယ်။
  • သင့်ဆီမှာ ဘီယာဖွင့်ဖို့ ဖောက်တံမရှိရင် ဒီနည်းကို သုံးပေးပါ။

(၂) ဇွန်း 

စတီးဇွန်းနဲ့ ဘီယာဖုံးကို ဖွင့်ပေးနိုင်ပါတယ်။ တကယ်လို့ အိမ်မှာ ဘီယာဖောက်တံမရှိလို့ စိတ်ညစ်နေရင်တော့ ရှိတဲ့ စတီးဇွန်းနဲ့ ဖွင့်လို့ရပါတယ်။

(၃) သော့ 

ဘီယာအဖုံးကို ဖွင့်နိုင်တာကတော့ သော့လို့ရှိပါတယ်။ အိမ်သော့ဖြစ်ဖြစ် ၊ ကားသော့ဖြစ်ဖြစ် ၊ ဘယ်လိုသော့ပဲဖြစ်ဖြစ် ဘီယာအဖုံးကို ဖွင့်ပေးနိုင်ပါတယ်။

  • လက်တစ်ဖက်ကို ဘီယာပုလင်းကိုင်ထားပြီး နောက်လက်တစ်ဖက်ကို သော့နဲ့ဖွင့်ပေးပါ။
  • ပုံပါအတိုင်း သော့တစ်စောင်းနဲ့ ဖွင့်ပေးရမှာပါ။
READ
လူတွေသင့်ကို ဘာကြောင့်ပေါင်းသင်းရခက်မယ့်လူလို့မြင်နေရတာလဲ

(၄) ဘီယာပုလင်းအဖုံး 

အပေါ်မှာ ပြထားတဲ့အတိုင်း သင့်ဘေးမှာ မရှိနေရင်တော့ ဘီယာပုလင်း အဖုံးအချင်းချင်းနဲ့ ဖွင့်ပေးနိုင်ပါတယ်။ လက်တစ်ဖက်က ဘီယာပုလင်း တစ်ပုလင်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ဘီယာပုလင်းကို ဇောက်ထိုးကိုင်ထားပေးပါ။ ဒီအချက်ကတော့ ဘီယာပုလင်းကို သေချာဂရုစိုက်ကိုင်ပြီး အဖုံးဖွင့်ပေးရမှာပဲဖြစ်ပါတယ်။

Hannwe Soe (Shwemom)
SHARE