စာမေးပွဲဖြေခါနီး စိတ်ဖိစီးမှုများတတ်သူတွေအတွက် လိုက်နာရမယ့်အချက်(၅)ချက်

စာမေးပွဲနီးလာတာနဲ့အမျှ ကိုယ်ကျက်ထားတဲ့စာတွေ မေ့ကုန်ပြီလို့  ထင်မိတာ၊ ကျက်ရမယ့်စာတွေကို လုံလုံလောက်လောက် မရသေးဘူးလို့ထင်မိတာ စတဲ့အချက်တွေက စာမေးပွဲဖြေမယ့်သူတွေကို ဖိအားဖြစ်စေပါတယ်။ တချို့ဆိုရင် စာမေးပွဲခန်းထဲဝင်ခါနီးမှ မူးလဲတာတို့ဘာတို့ ဖြစ်တဲ့အထိ ဖိအားတွေများတတ်ကြတယ်။ ဒီတော့ စာမေးပွဲဖြေခါနီး ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အောက်ပါနည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်းကြည့်လိုက်နော်…။

(၁)။ တစ်နေ့ကို (၇)နာရီ ပုံမှန်အိပ်ပါ

အိပ်ရေးမ၀တာတွေ၊ အိပ်ချိန်မမှန်တာတွေက သင့်ဦးနှောက်ရဲ့ မှတ်ဥာဏ်စွမ်းအင်တွေကို လျော့နည်းစေမှာဖြစ်ပြီး သင့်ကို စိတ်ဖိစီးမှုတွေ ဖြစ်လာစေပါလိမ့်မယ်။ စာကို အကြာကြီးအာရုံစိုက်ပြီး ကျက်နိုင်တာမျိုးလည်းမရှိတော့ပဲ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်လာမှာမို့ အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေး၀၀ အိပ်ပေးတာက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။

pink.uk
(၂)။ မနက်စောစော စာကျက်ပါ

မနက်စောစော ကျက်တဲ့စာတွေက ဦးနှောက်ထဲမှာ စွဲမြဲစေသလို ပိုပြီးလည်း မှတ်မိလွယ်ပါတယ်။ အိပ်ရေးဝတဲ့မနက်တွေဆိုရင် စိတ်က လန်းဆန်းနေလို့ ကျက်သမျှစာတွေကို မှတ်မိဖို့ ကူညီပေးတယ်။ ဒီတော့ ညပိုင်းအချိန်တွေထက် မနက်ခင်းတွေမှာ စာကျက်ဖို့ ကြိုးစားရင်း သင့်ရဲ့စာမေးပွဲအချိန်တွေကို ဖြတ်ကျော်ဖို့ ကြိုးစားပါနော်။

READ
Forbes က ထုတ်ပြန်လိုက်တဲ့ (၂၀၁၉)ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း
pink.uk
(၃)။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ

တစ်ဖက်မှာ အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေး၀၀အိပ်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ခန္ဓာကိုယ်အတွက် အာဟာရဖြစ်မယ့် အစားအစာတွေကို ပုံမှန်စားပြီး အားဖြည့်ပေးသင့်ပါတယ်။ စာမေးပွဲနီးတဲ့အခါ ပုံမှန်ထက်ပိုတဲ့ ဖိအားတွေကြောင့် အစားအသောက်ပျက်နိုင်တာမို့ အစားအသောက်ပိုင်းကို ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။

(၄)။ တရားထိုင်ပါ

တရားထိုင်တယ်ဆိုတာ စိတ်ကိုတည်ငြိမ်လာအောင် ကြိုးစားတာပါပဲ။ တရားထိုင်တာက သင့်ရဲ့စိတ်အတွက် အာရုံစူးစိုက်မှုကို ပိုလို့ မြင့်မားလာစေမှာဖြစ်ပြီး မှတ်ဥာဏ်စွမ်းအားကိုလည်း ပိုကောင်းလာဖို့ ကူညီပေးပါလိမ့်မယ်။ ဒီလိုဆိုရင် စာကျက်တဲ့နေရာမှာ ပိုပြီး အထောက်အကူဖြစ်ပြီပေါ့။

(၅)။ အများကြီးမတွေးပါနဲ့

ငါ ဖြေမှဖြေနိုင်ပါ့မလား၊ ငါမဖြေနိုင်ရင် ဘာဖြစ်သွားမလဲ၊ ဆိုပြီး အများကြီးတွေးပူနေမိတာကလည်း သင့်ရဲ့စိတ်ဖိစီးမှုကို အမြန်ဆုံးမြင့်တက်သွားစေနိုင်ပါတယ်။ အတွေးတွေများလာလေလေ ဦးနှောက်က အလုပ်လုပ်ဖို့ နှေးကွေးသွားလေလေဖြစ်လို့ စာကိုလည်းလွယ်လွယ်နဲ့ မှတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ စာမေးပွဲနီးလာပြီဆိုရင် စာကျက်နေဖို့ကလွဲလို့ တခြားအတွေးတွေကို ခေါင်းထဲကနေ ထုတ်ထားလိုက်ပါ။

READ
ပြင်ပလောကမှာ ရှိတယ်လို့တောင် မထင်ရတဲ့ ဆန်းဆန်းပြားပြား ရေအိမ်ဒီဇိုင်းများ
pink.uk

Linn

SHARE