မကြာခင်မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေ Pre-Wedding ရိုက်တဲ့အခါ လှနေစေဖို့

သတို့သမီးတိုင်းက သူတို့ရဲ့ မင်္ဂလာပွဲမှာဆို စတားတစ်ယောက်ပါ။ မင်္ဂလာပွဲမှာရော ၊ Pre Wedding ရိုက်ဖို့အတွက်ဆို အသားအရေ လှနေမှ ဖြစ်မှာပါ။ ဒါကြောင့် မကြာခင်မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေ Pre-Wedding ရိုက်တဲ့အခါမှာ လှနေစေဖို့အတွက် အလှအပထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) မျက်နှာနဲ့ ဆံပင်ကို Spa လုပ်ပေးပါ

Pixabay

မင်္ဂလာပွဲမှာလှနေဖို့ အဓိကက မျက်နှာနဲ့ ဆံပင်တို့က အရေးကြီးဆုံးပါ။ မင်္ဂလာပွဲမတိုင်ခင် အချိန်ရရင်ရသလို မျက်နှာနဲ့ ဆံပင်တို့ကို Spa လုပ်ပေးပါ။ မျက်နှာအသားအရေ ကောင်းနေမှ မိတ်ကပ်လိမ်းလိုက်ရင် ပိုလှနေမှာပါ။ ဒါကြောင့် မျက်နှာအသားအရေ လှဖို့အတွက် အိမ်မှာ ပေါင်းတင်တာပဲဖြစ်ဖြစ် ၊ Mask ကပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။

READ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ၀င်ငွေရှာနေရတဲ့ မိန်းကလေးတွေရဲ့ မာန

(၂) Gym ဆော့ပါ

Pixabay

ဓာတ်ပုံထဲလှနေဖို့ ၊ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေဖို့ အဆီမရှိဘဲ ဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမတိုင်ခင် (၄)လလောက် အလိုမှာ personal trainer နဲ့ ၀ိတ်ချပေးပါ။ လုံးဝမပိန်သွားဘူးဆိုရင်တောင် ဗိုက်အဆီနဲ့ လက်မောင်းအဆီတို့ကတော့ ကျသွားမှာပါ။

(၃) တရားထိုင်ပေးပါ

Pixabay

မင်္ဂလာဆောင်ရက်နီးလာလေ စိတ်ဖိစီးလာတတ်တာ ထုံးစံပါ။ ဒီလိုအချိန်တွေဆို စီစဉ်ရတာ ၊ ညှိရတာတွေ များလို့ စိတ်ညစ်လာရတာတွေလည်း ရှိပါတယ်။ အဓိကက စိတ်ဖိစီးလာရင် တရားထိုင်ပေးပါ။ တစ်နေ့ကို (၁၅)မိနစ်လောက် စိတ်တည်ငြိမ်သွားအောင် တရားထိုင်ပေးပါ။ အကောင်းဘက်ကနေ တွေးပေးပြီး ပျော်စရာကောင်းခဲ့တဲ့အချိန်တွေကို တွေးပေးပါ။

(၄) အစားအသောက်

ရေကို လုံလုံလောက်လောက် သောက်ပေးတာက သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တစ်နေ့ကို ရေ (၈-၁၀)ခွက်လောက် သောက်ပေးဖို့လိုပါတယ်။ အသီးအရွက်တွေ များများစားပေးသင့်ပါတယ်။ အာလူးကြော် ၊ ချောကလက် ၊ ရေခဲမုန့်တွေ ရှောင်ပေးပါ။ ဒါတွေက အသားအရေကို ပြသနာဖြစ်စေနိုင်ပါတယ်။

READ
အနာဂတ်ကာလမှာ ထူးခြားတဲ့ လူငယ်မျိုးဆက် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Generation Z

(၅) အိပ်ရေး၀၀အိပ်ပေးပါ

မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေဖို့အတွက် အိပ်ရေး၀၀အိပ်ဖို့ လိုပါတယ်။ မင်္ဂလာပွဲမတိုင်ခင်မှာ အိပ်ရေးပျက်မယ်ဆိုရင်တော့ မျက်တွင်းကျပြီး မျက်နှာချောင်နေမှာဖြစ်လို့ မိတ်ကပ်ဖုံးထားရင်တောင် ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် တစ်နေ့ကို (၈-၁၀)နာရီထိ အိပ်ရေးဝအောင် အိပ်ပေးပါ။

Hannwe Soe

SHARE