ညအိပ်ရင် လက်နဲ့လက်ချောင်းတွေ ထုံပြီး မလှုပ်မရှားနိုင်ဖြစ်သွားရင် ကုသနည်းများ

ညအိပ်တဲ့အခါ လက်နဲ့လက်ချောင်းတွေက ထုံဖူးလား။ ဒီလိုဖြစ်ဖူးရင် carpal tunnel syndrome ရဲ့လက္ခဏာအစပဲဖြစ်တယ်။ တကယ်လို့မကုသဘဲ ထားမယ်ဆိုရင် ရေရှည်မှာ ပိုဆိုးသွားမှာပါ။ ဒါကြောင့် လက်ချောင်းတွေ ထုံနေတာတွေကို ကုသနိုင်မယ့်ထိရောက်တဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ကွန်ပျုတာသုံးရင် လက်ကို ဖြောင့်ဖြောင့်ထားပါ

depositphotos

ကွန်ပျုတာနဲ့အလုပ်လုပ်ရတဲ့အခါ လက်ကို တဖြောင့်တည်း ထားပြီးလုပ်ပေးပါ။ လက်ကောက်ဝတ်အနေအထားမမှန်တာနဲ့ carpal tunnel syndrome နဲ့က ဆက်စပ်နေပါတယ်။ဒါကြောင့် ထိုင်ခုံကို ညှိပြီး keybord နဲ့ လက်နဲ့ တစ်တန်းတည်းဖြစ်အောင်လုပ်ပေးပါ ။

(၂) လက်ကောက်ဝတ်အစွပ်ဝတ်ပေးပါ

depositphotos

လက်ကောက်ဝတ်အစွပ်ဝတ်ပေးတာက သင့်လက်ကို ပုံမှန်အနေအထားဖြစ်စေတယ်။ ဒါကြောင့် ကွန်ပျူတာ သုံးတဲ့အခါမျိုး ၊စာရိုက်ရတဲ့အခါအမျိုး ၊ ညအိပ်ချိန်တွေမှာ ၀တ်ပေးထားပါ ။

READ
ဗိုက်ပူတဲ့ပုံစံအလိုက် အမြန်ဆုံးဗိုက်ချပ်သွားစေမယ့် နည်းလမ်းများ

(၃) ထိုင်တဲ့အနေအထားမှန်ပါစေ

depositphotos

အလုပ်လုပ်တဲ့အခါမှာ ထိုင်တဲ့အနေအထားမှန်ပါစေ ၊ နောက်ကျောက ကုန်းနေတာမျိုး ၊ အရမ်းကြီးကော့နေတာမျိုးတွေ ရှောင်ပါ။ ပုံမှန်အနေအထားနဲ့ နောက်ကျောကို တည်တည်မတ်မတ်ထားပြီး အလုပ်လုပ်ပေးပါ။

(၄) ရေခဲကပ်ပေးပါ

depositphotos

ရေခဲကတော့ ရောင်ရမ်းတာတွေ တွေကိုပျောက်စေနိုင်တယ်။ ဒါကြောင့် လက်ကောက်ဝတ်ကို ရေခဲကပ်ပေးပါ။ ဒီနည်းက carpal tunnel syndromeကို မကာကွယ်ပေးနိုင်ပေမယ့် ခဏတာ နာကျင်နေတာတွေကိုတော့ ပျောက်စေနိုင်တယ်။

Hannwe Soe

SHARE