ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုကို ဘယ်လိုပြန် တည်ဆောက်ကြမလဲ

လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ယုံကြည်မှု ပျောက်ဆုံးသွားတာမျိုး ကြုံဖူးလား။ ကိုယ်လုပ်လိုက်တဲ့ အမှားတစ်ခုကြောင့် ကိုယ့်အနားမှာ တစ်ချိန်လုံး ရှိနေသူက ကိုယ့်ကို မယုံတော့တာမျိုး။ အခက်ခဲဆုံး အချိန်ပေါ့။ အဲလိုအချိန်တွေမှာ ယုံကြည်မှုကို ဘယ်လိုပြန် တည်ဆောက်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

http://www.tarcherbooks.net

(၁)။ စိတ်ကို ပြန်လည်သန့်စင်ပါ

…………………………………………

ကိုယ်က ကိုယ့်ရဲ့အရင်းနှီးဆုံး လူအပေါ် သစ္စာဖောက်မိ လိုက်တယ်ဆိုရင် အဲဒါကို အမြန်ဆုံး ၀န်ခံပါ။ အဖြစ်အပျက် အစအဆုံး ပြောပြပါ။ အဲဒီလိုဆိုရင် ကိုယ့်ရဲ့ စိတ်ထဲမှာ ခံစားနေရတာတွေ ပြေလျော့သွားပြီး သူ့ဖက်ကလည်း သင့်ကို ခွင့်လွှတ်ဖို့ ကြိုးစားပါလိမ့်မယ်။

http://thediscipleproject.net

(၂)။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့

……………………………………………………

သင့်ရဲ့အမှားတစ်ခုကို အမြဲသတိရနေပြီး စိတ်မကောင်း ဖြစ်နေမယ်ဆိုရင် သင်ကိုယ်တိုင်လည်း အကောင်းအတိုင်း ပြန်ဖြစ်ဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ဖို့ ကြိုးစားပါ။ လူဆိုတာ မှားတတ်တဲ့ အမျိုးပါ။ ကိုယ်မှားမှန်းသိရင် အနာဂတ်မှာ ထပ်မမှားအောင်၊ ပိုကောင်းအောင် ပြုပြင်ရမှာပေါ့။

READ
သင့်ဖူးစာရှင်ကို တွေ့တဲ့အခါ သင်ခံစားရမယ့်အရာ(၄)ခု

(၃)။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ

………………………………………..

လူတိုင်းမှာ လူသိမခံချင်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရှိကြတာပါပဲ။ ဒါပေမယ့် ကိုယ်က အမှားလုပ်ခဲ့ပြီးတဲ့နောက်တော့ ဘာပဲလုပ်လုပ် သူ့ကို အသိပေးပါ။ ဘာလျို့ဝှက်ချက်မှ မထားတော့ပဲ အိပ်သွန်ဖာမှောက် ပြောပြပါ။ ဒီကနေတစ်ဆင့် ပြန်လည် တည်ဆောက်ကြဖို့ပါပဲ။

www.ihopkc.org

(၄)။ သည်းခံပါ

………………..

သင်တို့ကြားမှာ ယုံကြည်မှု ပြန်ပြီးရဖို့အတွက် သည်းခံရမယ့် ကိစ္စတွေ ရှိလာပါလိမ့်မယ်။ သင့်ကို မယုံဘူးလို့ ခဏခဏ အပြောခံရမယ်၊ ထင်မထားတဲ့ တုန့်ပြန်မှုတွေ ရမယ်၊ အရင်လို နွေးနွေးထွေးထွေး မရှိတော့ပဲ အေးစက်စက်တွေ ဖြစ်ကောင်း ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သည်းခံပါ။ အချိန်အတိုင်းအတာ တစ်ခုကို ပြန်လည် ကျော်ဖြတ်ပြီးသွားရင် သင်တို့ရဲ့ကြားက ဆက်ဆံရေးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

READ
မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လိုချင်ရင် လုပ်ဆောင်သင့်တဲ့အချက်များ
www.huffingtonpost.com

(၅)။ ပိုပြီးဂရုစိုက်ပါ

………………………..

သင့်အနေနဲ့ သင်ချစ်တဲ့ သူအပေါ် အမှားတစ်ခုခု လုပ်ခဲ့မိပြီဆိုရင် သူ့ကို အရင်ကထက် ပိုပြီး ဂရုစိုက်ပါ။ သူ့အနေနဲ့ သင့်ကို စိတ်နာကောင်း နာနေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဖက်က စိတ်မပျက်ပဲ မက်ဆေ့ခ်ျပုံမှန် ပို့တာတို့၊ အထိမ်းအမှတ်နေ့တွေမှာ လက်ဆောင် ပို့ပေးတာတို့ ပုံမှန်ပြုလုပ်ပေးပြီး ဂရုစိုက်သင့်ပါတယ်။

Linn

Source : Wikihow

SHARE