လေ့ကျင့်ခန်းမလုပ်ပဲ ချပ်ရပ်တဲ့ဗိုက်အလှကို ရရှိစေမယ့် နည်းလမ်းကောင်းများ

လူအများစုကတော့ ဗိုက်သားပတ်ပတ်လည်မှာ ရှိနေတဲ့ အဆီတွေကို ဝိတ်ချချင်ကြပါတယ်။ ဝိတ်ချတယ်ဆိုတာကတော့ လူတိုင်းအတွက် စိန်ခေါ်မှု တစ်ခုပါ။ ပြီးတော့ ဗိုက်မှာရှိတဲ့ အဆီတွေက တခြားနေရာမှာရှိတဲ့ အဆီတွေထက် ဝိတ်ချရတာလည်း ခက်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေလည်း နည်းစနစ်တကျနဲ့ ပုံမှန်လုပ်ပေးဖို့လည်း လိုပါတယ်။ ဒီကနေ့မှာတော့ Shwemom ပရိသတ်တွေအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ချပ်ရပ်တဲ့ ဗိုက်အလှကို ရရှိစေမယ့် နည်းလမ်းတွေကို တင်ဆက်ပေးချင်ပါတယ်။

 

၁။ ခန္ဓာကိုယ်မှာ ရေဓါတ်ရှိအောင် ရေများများသောက်ပါ

ဗိုက်မှာရှိတဲ့ အဆီတွေ အရည်ပျော်သွားအောင် တစ်နေ့ကို ရေ(၈)ခွက်ကနေ (၉)ခွက်အထိ သောက်သုံးပြီး ရေဓါတ်ပြည့်ဝအောင် နေသင့်ပါတယ်။ ရေက ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်ဝစေရုံသာမက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီတွေကိုလည်း လျော့ကျစေပါတယ်။ မနက်ထထချင်းမှာ ရေတစ်ခွက်သောက်ပြီး ညအိပ်ရာဝင်ချိန်မှာလည်း ရေတစ်ခွက်သောက်သင့်ပါတယ်။

READ
ကိုရီးယားမလေးတွေလို ရှေ့ဆံပင်ကို ကိုယ်တိုင် စိတ်တိုင်းကျကျ ညှပ်ချင်သူတွေအတွက် ...

၂။ သကြားဓါတ်ပါတဲ့ အစားအစာတွေရှောင်ပါ

ဒိုးနတ်တွေ၊ ချောကလတ်တွေနဲ့ အချိုရေတွေ စားချင်သောက်ချင်လာချိန်တိုင်းမှာ သကြားဓါတ်ဟာ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ပြန်စဉ်းစားပါ။ လူတိုင်းကတော့ အချိုကြိုက်ကြပါတယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်သမျှ သကြားဓါတ် ပါတာတွေကို ရှောင်ပေးပြီး သကြားဓါတ် နည်းနည်းပဲပါတဲ့ အစားအစာတွေကို စားသင့်ပါတယ်။

၃။ အဆီချပေးနိုင်တဲ့ အတွင်းဝတ်စုံတွေဝတ်ပါ (ဥပမာ- အဆီချဘောင်းဘီ)

ဗိုက်ကို ကျပ်ကျပ်လေးနဲ့ အဆီတွေကို ထပ်တိုးမလာအောင် ထိန်းထားပေးနိုင်တဲ့ အဆီချအတွင်းဝတ်စုံတွေကို ဝတ်ပါ။ ကိုယ်လိုချင်တဲ့ ဆိုဒ်အမျိုးအမျိုးကို ကုန်တိုက်တွေမှာ ဝယ်ယူနိုင်ပါတယ်။ အဆီချ အင်္ကျီ၊ အဆီချဘောင်းဘီစသဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အဲဒီဝတ်စုံတွေကတော့ ဗိုက်ကအဆီတွေကို ထပ်မတိုးလာအောင် လုပ်ပေးနိုင်ပါတယ်။

၎။ အစားလျှော့စားပါ

အများစုကတော့ အစားအစာတွေကို အများကြီးစားတတ်ကြပါတယ်။ အစားအများကြီး သုံးနပ်စားတာထပ် နည်းနည်းပဲ သုံးနပ်စားတာက ပိုပြီးထိရောက်စေပါတယ်။ ပန်းကန်သေးသေးလေးနဲ့ စားတာကတော့ အစားလျှေားစားတဲ့ သူတွေအတွက် အကူအညီဖြစ်စေပါတယ်။ ပန်းကန်သေးသေးလေးနဲ့ စားတဲ့အခါ နည်းနည်းပဲစားဖြစ်ပြီး ဗိုက်ပြည့်သလိုလည်းး ခံစားစေရပါတယ်။

READ
Victoria's Secret မော်ဒယ်တွေရဲ့ အပြင်းအထန်လေ့ကျင့်မှုတွေကိုပြောပြခဲ့တဲ့ သင်တန်းမှူး

၅။ အင်အားဖြစ်စေတဲ့ အစာစားပါ

ကိုယ်စားမယ့် အစားအစာကို ဂရုတစိုက်ရွေးချယ်သင့်ပါတယ်။ ကိုယ်စားတဲ့ အစားအစာတွေက ခါးအရွယ်အစားကို သိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ အစာနည်းနည်းပဲ စားတဲ့ကိုယ့်အတွက် ဗိုက်ထဲမှာ အချိန်ကြာကြာရှိပြီး ဆာလောင်မှုကို ထိန်းပေးနိုင်တဲ့ အစာမျိုးစားသင့်ပါတယ်။ ဥပမာ-ဂျုံ၊ ပြောင်း၊ ပဲ၊ ကြက်ဥ၊ ဘဲဥတို့ကို စားသင့်ပြီး ထမင်း၊ပါစတာ၊ ပါမုန့်အဖြူတွေကို ရှောင်သင့်ပါတယ်။

၆။ ခန္ဓာကိုယ်ရဲ့ ရေချိန်ကို ထိန်းထားပါ

ခန္ဓာကိုယ်ကို ရေဓါတ်ခမ်းခြောက်စေနိုင်တဲ့ ကော်ဖီ၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆားစားသုံးမှုကို အကန်အသတ်လုပ်ထားခြင်းကလည်း ခန္ဓာကိုယ်ရဲ့ ရေဓါတ်ကို ထိန်းထားပေးနိုင်ပါတယ်။

Source:IMBB

 

SHARE