အိပ်ယာဝင်ခါနီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ဒါတွေလုပ်ပါ

သူများတွေ အိပ်ပျော်နေကြပေမယ့် ကိုယ်တစ်ယောက်တည်း မအိပ်နိုင်ပဲ ဘာလုပ်ရမှန်းမသိ ဖြစ်ရတဲ့ညတွေ ကြုံဖူးမှာပါ။ မနက်ကျရင်လည်း အလုပ်က သွားရဦးမယ်။ အခုထိလည်း အိပ်မပျော်။ ဒုက္ခပဲလေ။ အဲဒီလို အခြေအနေမျိုးတွေကို ကျော်ဖြတ်ပြီး အိပ်ယာဝင်ပြီ ဆိုတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်ဦးနော်။

Mercedes-Benz

(၁)။ ၃ မိနစ်လောက် အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူပါ

ပုံမှန် အသက်ရှူတာမျိုး မဟုတ်ပဲ အဆုတ်ထဲကို လေအပြည့်ရောက်အောင် အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်တာမျိုးကို (၃) မိနစ်လောက် လုပ်ကြည့်ပါ။ အဲဒီနည်းက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါလိမ့်မယ်။ အဲဒါက တရားထိုင်ခြင်းနဲ့ ခပ်ဆင်ဆင်တူမှာ ဖြစ်ပေမယ့် ကိုယ့်ရဲ့စိတ်ကို အသက်ရှူတဲ့ အပေါ်မှာ အာရုံစိုက်ပြီး ထားရုံပါပဲ။ စိတ်ထဲက တွေးစရာရှိတာတွေကို ထုတ်ထားလိုက်ပြီး အသက်ရှူတဲ့ အပေါ်မှာပဲ ကိုယ့်ရဲ့စိတ်ကို ရှိနေစေခြင်းအားဖြင့် သင့်ရဲ့တစ်ညတာကို ကောင်းမွန်စွာ အိပ်ပျော်စေမှာပါ။

beherenowyogadc.com

(၂)။ လွယ်ကူတဲ့ ယောဂပုံစံလေးတွေ လုပ်ပါ

အရမ်းကြီး ခက်ခက်ခဲခဲ လုပ်ရတာမျိုးမဟုတ်တဲ့ ယောဂ ပုံစံလေးတွေ ပြုလုပ်ခြင်းအားဖြင့်လည်း သင့်ရဲ့ အိပ်ချင်စိတ်ကို အထောက်အကူပြုပါလိမ့်မယ်။ သင်နှစ်သက်တဲ့ ယောဂ ပုံစံလေးတွေကို (၅) မိနစ်ကနေ (၁၅) မိနစ်အတွင်း လုပ်ကြည့်ပါ။ သိပ်လည်းချွေးမထွက်၊ အဆင်လည်းပြေတဲ့ ပုံစံမျိုးလေးတွေပေါ့။ အဲဒီနည်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ အားဖြည့်ပေးနိုင်မှာဖြစ်လို့ သင့်ကို အိပ်ပျော်စေပါလိမ့်မယ်။

READ
များများရယ်တဲ့သူတွေရမယ့် ကျန်းမာရေး အကျိုး (၈) မျိုး
Sustainable Jill

(၃)။ ရေနွေးနွေးနဲ့ ရေချိုးပါ

အိပ်ခါနီးအချိန်မှာ ရေနွေးနွေးနဲ့ ရေချိုးခြင်းကလည်း သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။ အိပ်ယာဝင်ခါနီး (၁၅) မိနစ်ကနေ မိနစ် (၃၀) အလိုလောက်မှာ ရေချိုးပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပျော့ပြောင်းစေမှာဖြစ်ပါတယ်။ ရေချိုးနေချိန်မှာ သင်ကြိုက်နှစ်သက်တဲ့ သီချင်းလေး နားထောင်ပေးခြင်းနဲ့လည်း သင့်ရဲ့အိပ်စက်မှုအပေါ် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၄)။  ကဖင်းပါတာတွေ မသောက်မိပါစေနဲ့

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်းပါတဲ့ အစားအသောက်တွေကို စားသောက်မိတာကလည်း သင့်ရဲ့အိပ်ချင်စိတ်ကို ပျောက်ဆုံးစေပါတယ်။ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း သောက်မိခဲ့တဲ့ ကဖင်းဓာတ်တွေက သင့်ရဲ့ အိပ်စက်နိုင်စွမ်းကို ဒုက္ခပေးမှာပါ။ ကဖင်းဓာတ်က သင့်ရဲ့နှလုံးခုန်နှုန်းကို မြင့်စေမှာဖြစ်ပြီး သင့်ကို ပိုလို့ စိတ်ရှုပ်ထွေးစေ ပါလိမ့်မယ်။

READ
အမျိုးသားတွေ မကြာခဏ စားသင့်တဲ့ အစားအစာ(၅)မျိုး
Vox

(၅)။ လေ့ကျင့်ခန်း အစီအစဉ်တွေကို နေ့စဉ်ပုံမှန်လုပ်တာ

နေ့စဉ်ပုံမှန်လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကလည်း သင့်ရဲ့အိပ်ချင်စိတ်ကို တိုးမြင့်ပေးပါတယ်။ တစ်နေ့ကို မိနစ် (၂၀) ကနေ မိနစ် (၃၀) လောက်အထိ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းတွေကို မနက်ခင်း (ဒါမှမဟုတ်) နေ့လည်ခင်း အစောပိုင်းတွေမှာ လုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ အိပ်ချိန်အတွက် သက်ရောက်မှု ရှိပါလိမ့်မယ်။

All4Women

(၆)။ အိပ်ယာမ၀င်ခင် ဥာဏ်စမ်းကစားနည်းတွေ ကစားပါ

Sudoku တို့လို၊ စကားလုံးပဟေဠိ ကစားနည်းတွေကို အိပ်ယာဝင်ခါနီး ကစားပေးတာကလည်း သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ ဒီလို ကစားခြင်းအားဖြင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးနိုင်မှာဖြစ်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ပါစေလိမ့်မယ်။

Linn

Source : Wikihow

SHARE