နှုတ်ခမ်းမွေး ရေးရေးလေးရှိနေတဲ့ မိန်းကလေးတွေအတွက်… ဒီနည်းတွေက အသုံးဝင်မှာပါ

နှုတ်ခမ်းမွေး ရေးရေးလေးရှိနေတဲ့ မိန်းကလေးတွေအတွက် ဒီအမွေးချွတ်နည်းလေးကတော့ မနာမကျင်ဘဲ အရှင်းဖြစ်သွားမယ့်အပြင် အသားအရေကိုလည်း နုလာစေတယ်။ ဒါကြောင့် ဒီနည်းတွေက အသုံးဝင်မှာပါ။

(၁) သကြား နဲ့ သံပယိုရည် 

သကြား ကတော့ နှုတ်ခမ်းမွေး နှုတ်လိုက်လို့ နာမယ့် အနာအတွက် သက်သာစေပါတယ်။ သူက မလိုအပ်တဲ့ အမွေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရှည်မြန်တာတွေကိုပါ ကာကွယ်ပေးပါတယ်။ သကြား (စားပွဲတင်ဇွန်း ၂ဇွန်း) ၊ သံပယိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ အ၀တ်စ တို့လိုအပ်မယ်။

  • သကြားကို အိုးထဲမှာ မိန်စ အနည်းငယ်လောက် ကြိုပေးပါ။ သံပယိုရည်ကို ထည့်ပေးပါ။ ပြီးရင် ပျစ်လာတဲ့အထိ ကြိုပေးပါ။
  • အအေးခံထားလိုက်ပြီး နှုတ်ခမ်းမွေးပေါ်ကို လိမ်းပေးပါ။ ပြီးရင်တော့ ချက်ချင်းပြန်ခွာလိုက်ပါ။
READ
မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပရေးရာ နည်းလမ်းလေးများ

(၂) ပျားရည် နဲ့ သံပယိုရည် 

သဘာဝပစ္စည်းတွေနဲ့ အမွေးချွတ်လို့ရမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ ပျားရည်က အမွေးချွတ်ဖို့အတွက် အပျော့စားပါ။ ပျားရည် (စားပွဲတင်ဇွန်း တစ်ဝက်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေနွေး ၊ အ၀တ်စ တို့လိုအပ်မယ်။

  • ပျားရည် နဲ့ သံပယိုရည်တို့ကို ရောပေးပြီး နှုတ်ခမ်းမွေးပေါ်မှာ လိမ်းပေးပါ။ (၁၅-၂၀)မိနစ် လောက်လိမ်းထားပေးပါ။ ရေနွေးနဲ့ အ၀တ်စ ကို စိမ်ထားပါ။ ပြီးရင် ရေနွေးစိမ်ထားတဲ့ အ၀တ်စနဲ့ နှုတ်ခမ်းပေါ်မှာ ရှိနေတဲ့ အရည်တွေကို ဖယ်လိုက်ပါ။
  • မျက်နှာသစ်လိုက်ပါ။

(၃) ပြောင်းဖူးဂျုံမှုန့် နဲ့ နွားနို့ 

ပြောင်းဖူး ၊ ဂျုံမှုန့် နဲ့ နွားနို့ ရောပြီး အမွေးချွတ်ပေးရင်တော့ သင့်အသားအရေကို စိုပြေစေတယ်။ ပြောင်းဖူးဂျုံမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း ) နဲ့ နွားနို့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) တို့လိုအပ်မယ်။

  •  ပြောင်းဖူးဂျုံမှုန့်  နဲ့ နွားနို့ တို့ကို ပျစ်ပျစ်လေးရောပေးပြီး နှုတ်ခမ်းမွေးပေါ်ကို လိမ်းပေးပါ။
  • အခြောက်ခံပေးပြီးရင် ချက်ချင်းပြန်ခွာလိုက်ပါ။
READ
အိန္ဒိယသူတွေသုံးတဲ့ ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်း

source : stylecraze

Hannwe Soe (Shwemom) 
SHARE