လက်သည်းပေါ်က အဖြူကြောင်းလေးတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲ

လက်သည်းပေါ်က အဖြူကြောင်းလေးတွေကို လက်သည်းပွင့်တယ်လို့ခေါ်ပါတယ်။ တစ်ခါတစ်လေမှလည်း လက်သည်းခွံပေါ်မှာ အဖြူကြောင်းလေးတွေ ပေါ်လာတတ်တာပဲဖြစ်ပါတယ်။ အဆိုပါ အဖြူကြောင်းတွေကို အခုလို ဖျောက်ပစ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ …

(၁) သံပယိုရည်


သံပယိုရည်က လက်သည်းခွံပေါ် အဖြူကြောင်းတွေ ဖယ်ရှားပစ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့်ပါ။ ပါဝင်ပစ္စည်းများ – သံပယိုရည် (လက်ဖက်ရည်ဇွန်း ၁-၂ဇွန်း) ၊ သံလွင်ဆီ (အနည်းငယ်) ။
– သံပယိုရည် နဲ့ သံလွင်ဆီတို့ကို ရောပေးပါ။
– ဒီအရောနဲ့ လက်သည်းခွံပေါ်ကို လိမ်းပေးပါ။
– မိနစ်(၂၀-၃၀) ကြာရင်တော့ ရေဆေးပေးပါ။

(၂) အုန်းဆီ


အုန်းဆီရဲ့ အစွမ်းကတော့ ကြာကြာသုံးပေးရင် ပိုသိသာလာပါတယ်။ အုန်းဆီနဲ့ လက်သည်းပေါ် အဖြူကြောင်းဖြစ်နေတာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – သဘာဝ အုန်းဆီ (အနည်းငယ်) ။
– အုန်းဆီ အနည်းငယ်ကို လက်သည်းမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
– ညအိပ်ခါနီးလုပ်ပေးပါ။

READ
သင့်ကိုပိုပြီးထက်မြက်လာစေနိုင်တဲ့ ဝါသနာ(၁၀)မျိုး

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ရောင်ရမ်းတာတွေအတွက် အကောင်းဆုံး ဆေးတစ်လက်ပဲဖြစ်ပါတယ်။ ဒီနည်းက လက်သည်းပေါ် အဖြူကြောင်းတွေအတွက် အထိရောက်ဆုံးဖြစ်ပေမယ့် ကြက်သွန်ဖြူအနံ့က လက်မှာစွဲတတ်လို့ ဒီနည်းကို သိပ်တော့ မသုံးကြပါဘူး။ ပါဝင်ပစ္စည်းများ – ကြက်သွန်ဖြူ (ချေပြီးသား) ။
– လက်သည်းပေါ် ချေပြီးသား ကြက်သွန်ဖြူကို လိမ်းပေးပါ။
– အပေါ်ကို အ၀တ်စအုပ်ပေးပါ။
– ခြောက်သွားရင် အ၀တ်စဖယ်ပြီး လက်သည်းကို ရေနွေးနွေးလေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။
Hannwe Soe

SHARE