အိမ်ရဲ့နေ့စဉ်သုံး ပစ္စည်းတွေ ဝယ်တဲ့အခါ မလိုအပ်ပဲ ငွေကုန်ကြေးကျ မများစေဖို့ နည်းလမ်းများ

shutterstock/ Syda Productions

အိမ်တစ်အိမ်ရဲ့ ငွေကြေးကုန်ကျမှုအများဆုံး အရာဆိုရင် ဘာကိုပြေးမြင်မိကြလဲ။ တော်တော်များများ ဖြေကြမှာက အစားအသောက်လို့ ဖြေကြမယ် ထင်ပါတယ်။ ဒါပေမယ့်လို့ တစ်ခြားငွေအကုန်အကျများနေတဲ့ အရာတစ်ခု ရှိနေပါတယ်။ ဒါက အိမ်ရဲ့ လိုအပ်ချက် သေးသေးလေးတွေ ဒါတွေက သေးသေးလေးလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ငွေကုန်ကြေးကျ အများဆုံး ဖြစ်နေတတ်ပါတယ်။ ဥပမာ- သွားတိုက်ဆေး၊ သွားတိုက်တံ၊ အိမ်သာသုံး စက္ကူ၊ ဆပ်ပြာမှုန့်၊ ကြေးချွတ်ဆေး အစရှိသဖြင့် ဒီသေးသေးလေးတွေက သတိမထားမိပဲ တဖြည်းဖြည်းနဲ့ ငွေကုန်ကြေးကျ များနေတတ်ပါတယ်။ ဒီလိုမျိုး အိမ်သုံးပစ္စည်းတွေ ဝယ်တဲ့နေရာမှာ ငွေကုန်ကြေးကျ မများစေမယ့် နည်းလမ်းကို အကြံပေးချင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းကိုသာ ဝယ်တာ

shutterstock/ George Rudy

အပိုငွေကုန်တဲ့နေရာမှာ တော်တော်များများက မလိုအပ်ပဲ ဝယ်လိုက်မိတာတွေကြောင့် ကုန်တာ ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဘာလိုအပ်တယ်၊ ဘာပစ္စည်းကို ဝယ်သင့်တယ် မဝယ်သင့်ဘူး အစတည်းက ဆုံးဖြတ်ထားပါ။ မြင်မြင်သမျှ တွေ့ရာဝယ်တတ်တဲ့ အကျင့်ကို တတ်နိုင်သလောက် ထိန်ုးချုပ်သင့်ပါတယ်။ မဝယ်ခင်ကတည်းက လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားပြီး စာရင်းမှာ ပါတဲ့ပစ္စည်းတွေကိုသာ ဝယ်ပါ။ ဒါဆိုရင် မလိုအပ်ပဲ အပိုပစ္စည်းတွေ မဝယ်မိနိုင်တော့ပါဘူး။ ဒီလို ရိုးရှင်းတဲ့ နည်းလမ်းက တကယ့်ကို အထောက်အကူ ဖြစ်စေပါတယ်။

READ
April Fool's Day ဆိုတာ ဘယ်ကနေ စတင်ဖြစ်ပေါ်လာခဲ့တာလဲ ... ?

မဖြုန်းတီးပါနဲ့

မဖြုန်းတီးပါနဲ့ ဆိုတာက ချွေတာခိုင်းတာ မဟုတ်ပဲ မလိုအပ်ပဲ အလွန်အကျွံမသုံးဖို့ကို ပြောချင်တာပါ။ ဒါဟာ မလိုအပ်ဘူးလို့ထင်ရပေမယ့် တကယ်တမ်းတော့ အိမ်တိုင်းမှာ ရှိသင့်တဲ့ အကျင့်ကောင်းလေး တစ်ခုဖြစ်ပါတယ်။ အပိုငွေကုန်ကျမှုကို ချွေတာနိုင်သလို ကိုယ့်ရဲ့ သားသမီးတွေကိုလည်း စည်းကမ်းရှိတဲ့ သူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။

ဆိုဒ်အသေးထက် အကြီးကို ဝယ်ပါ

shutterstock/ OLEH SLEPCHENKO

ဘယ်လို ပစ္စည်းမျိုးမှာမဆို ဆိုဒ်အသေးထက် ဆိုဒ်အကြီးတွေက ဈေးနှုန်းပို သင့်တော်ပါတယ်။ ဆိုဒ်အသေးတွေက ပေးရတဲ့ ဈေးနှုန်းနဲ့ ပစ္စည်းပါဝင်တဲ့ ပမာဏက မတန်ပေမယ့် ဆိုဒ်အကြီးတွေကတော့ ပစ္စည်းပါဝင်မှုပိုများပြီး ပေးရတဲ့တန်ဖိုးနဲ့ တွက်ခြေကိုက်ပါတယ်။ ဆိုဒ်အကြီးတွေ ဝယ်သုံးတဲ့အခါ 1 plus 1 တွေပါ ရတတ်လို့ ငွေကြေးချွေတာနိုင်ပါတယ်။

ငွေသုံးစရိတ်ကို ကန့်သတ်ထားပါ

ဈေးသွားမဝယ်ခင် အိမ်မှာတည်းက ငွေကို ဘယ်လောက်ပဲ အသုံးပြုမယ်ဆိုပြီး သတ်မှတ်ထားပါ။ ဒီလိုလုပ်ခြင်းက တကယ့်ကို ထိရောက်မှု ရှိပါတယ်။ ကိုယ်လိုအပ်တဲ့ ပစ္စည်းကိုပဲ ဝယ်သင့်ပြီး မလိုအပ်တဲ့ နေရာမှာ အသုံးမပြုမိအောင် ချွေတာပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလို နေ့စဉ်သုံး အိမ်သုံးပစ္စည်းလေးတွေက နည်းနည်းနဲ့ များများစီ ကုန်တတ်လို့ ဒီနည်းလမ်းလေးတွေက အထောက်အကူ ဖြစ်စေမှာပါ။

READ
သူနာပြုဆရာမတွေပြောပြတဲ့ သရဲတစ္ဆေများအကြောင်း Part (3)

Khin

SHARE