သင့် Facebook Account ကို အခြားသူတစ်ယောက်ခိုးသုံးလားသိနိုင့်မယ်နည်း

အွန်လိုင်းမှာ လုံခြုံမူ့ ရှိနေဖို့ဆိုတာ အရေးကြီးဆုံးအချက်တစ်ချက်ပါ။သင်မှာ ငွေရေးကြေးရေးနဲ့ ပါတ်သတ်ပြီးလုပ်ကိုင်ဆောင်ရွက်ထားတာ မရှိရင်တောင်မှ အွန်လိုင်းပေါ်မှာ သင့်ရဲ့ ကိုယ်ရေးအချက်တွေ ပေါက်ကြားသွားရင်တောင် မကောင်းပါဘူး။ကျွန်တော်တို့ဟာ Password အလွယ်လေးတွေပေးတတ်ကြတာတွေ၊ Virus Site တွေဆီကိုဝင်မိတာတွေ၊ကိုယ့်ရဲ့ တစ်ကိုယ်ရည်သုံး သတင်းအချက်အလက်တွေကို သူများတွေကို ပေးလိုက်တာမျိုးတွေက သိသာတဲ့သတင်းအချက်အလက်ပေါက်ကြားမူတွေပါပဲ။တစ်ခါတစ်ရံမှာ သင့်အကောင့်ကို တစ်ယောက်ယောက်က သင့်မသိပဲယူသုံးနေတာမျိုးတွေတောင်ရှိပါသေးတယ်။အဲ့လို သင်မသိဘဲ သင့်အကောင့်ကို ယူသုံးနေခြင်းကို ကာကွယ်ရန် ရိုးရိုးရှင်းရှင်းအချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။How-to-see-of-someone-has-secretly-logged-on-to-your-Facebook-account

၁။သင် Facebook အကောင့်ကနေ Settings > Security > Where you’re logged on  ဆိုပြီး တဆင့်ချင်းသွားလိုက်ပါ။ Where you’re logged on  ဆိုတဲ့နေရာမှာ သင် Edit နိုပ်လိုက်တာနဲ့ သင့်အကောင့်ကို ၀င်သုံးခဲ့ကြတဲ့ Device တွေကို ပြထားပေးမှာဖြစ်ပါတယ်။သင်ဟာ ဒီနေရာမှာ သင် Facebook Account ကို ဖုန်းနဲ့သုံးသွားလား၊ကွန်ပျုတာ နဲ့သုံးသွားတာလားဆိုတာကိုကြည့်နိုင်ပါတယ်။ အကယ်၍အခြားတစ်ယောက်က မတူညီတဲ့ဖုန်း၊
မတူညီတဲ့လပ်တော့ မတူညီတဲ့နေရာကသုံးထားရင် ဒီနေရာမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

READ
သူငယ်ချင်းရဲ့ ဓာတ်ပုံအပေါ်မှာ ရုပ်ပြောင်ရေးဆွဲနိုင်မယ့် Instagram ရဲ့ version အသစ်

၂။ သင့်အကောင့်ကို အခြားတစ်ယောက်ကသုံးနေတယ်ဆိုရင် နောက်သူ သင်မသိဘဲ သုံးစွဲလို့မရအောင် login alerts ဆိုတဲ့အချက်ပေးတဲ့စနစ်ကို ဖွင့်ထားနိုင်ပါတယ်။ Settings > Security > Login Alerts  ဆိုတဲ့နေရာမှာ ပြောင်းလဲထားနိုင်ပါတယ်။2

၃။သင့် Facebook Account ကိုတစ်ယောက်ယောက် Login in ၀င်သုံးနေရင် သင့် ဖုန်းနံပါတ် (သို့) Email သို့ သတိပေးချက်ပို့ရန်အတွက် Settings > Security > Login Alerts> Approvals ဆိုတဲ့နေရာမှာ သွားပြောင်းလဲထားနိုင်ပါတယ်။ဒီလိုလုပ်ထားခြင်းအားဖြင့် သင် Facebook Account ကို Device အသစ်ဖြင့် Log in ၀င်တဲ့အခါမှာ သင်ဖုန်း(သို့) Email ကို Message ပို့ပေးမှာဖြစ်ပါတယ်။

READ
ဂိမ်းသမားတွေ အ၀ယ်အများဆုံးဖုန်း(၅)လုံး

Lumos(Shwemom)

Ref : Mirror

SHARE