BFF တွေနဲ့ ပျော်ရွှင်စွာ အချိန်အသုံးချနည်း

သူငယ်ချင်းကောင်းဆိုတာ ဘဝရဲ့ အရေးပါဆုံး အရာတွေထဲက တစ်ခုပါ။ အခုဖော်ပြပေးမယ့် အချက်လေးတွေက သင်နဲ့သင့်သူငယ်ချင်းတွေကို ပျော်ရွှင်မှုတွေပေးပြီး သင်တို့ကြားက ချစ်ခြင်းမေတ္တာကိုလည်း ပိုပြီး ခိုင်မြဲလာစေမှာပါ။ လုပ်ကြည့်လိုက်ကြပါဦး။

(၁) ကိုယ်တိုင်ချက်စားကြပါ

သူငယ်ချင်းတွေ တစ်ရက်လောက်ဆုံပြီး အဆင်ပြေတဲ့အိမ်မှာ ကိုယ်တိုင်ဈေးသွား၊ ကိုယ်တိုင်ချက်ပြုတ်ကြပါ။ သင့်စားသောက်ပုံနဲ့ပတ်သက်ပြီး အိနြေ္ဒဆည်စရာ မလိုတဲ့အပြင် တစ်ယောက်တစ်မျိုးစီချက်ပြီး တစ်ယောက်လက်ရာတစ်ယောက် စားရင်း၊ လှောင်ကြပြောင်ကြရင်း နဲ့ အတူတကွ စားသောက်ရတာ တကယ်ကိုပျော်စရာကောင်းပါတယ်။

(၂) တောင်တက်ပါ

သူငယ်ချင်းတွေစုပြီး တောင်တက်သင့်ပါတယ်နော်။ လတ်ဆတ် အေးမြတဲ့လေကို ရှူရှိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်းနဲ့ တောင်ထိပ်ကိုရောက်သွားတဲ့အခါမှာ သင်မခံစားဖူးတဲ့ကြည်နူးမှုတွေကို ခံစားရမှာပါ။

(၃) ခရီးထွက်ကြပါ

သူငယ်ချင်းတွေနဲ့ အတူတူခရီးထွက်ရတာ တကယ်ကိုပျော်စရာကြီးပါ။ ကိုယ်မရောက်ဖူးတဲ့ ဒေသကိုသွားပြီး ဒေသထွက်အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ အမှတ်တရပစ္စည်းတွေကို ဆင်တူလေးတွေဝယ်ရတာလည်း တကယ်ကိုပျော်စရာကောင်းပါတယ်။ ကားစီးရတဲ့လမ်းတစ်လျှောက်လုံး သီချင်းအော်ဆိုရတာလည်း ပျော်စရာကြီးပါ။

READ
ကောင်လေး၂ယောက်ထဲက၁ယောက်ကို ရွေးချယ်မယ်ဆိုရင်ကြည့်သင့်တဲ့အချက်များ

(၄) ဓာတ်ပုံရိုက်ကြပါ

ဘယ်နေရာရောက်ရောက် အုပ်စု ဓာတ်ပုံရိုက်ကြပါ။ နောင်တစ်ချိန်ကျရင် အဲ့ဒီ့ဓာတ်ပုံလေးတွေက သင့်ရဲ့ပျော်ရွှင်စရာ အတိတ်ဆီကို ပြန်ခေါ်သွားမှာပါ။ ငယ်ရွယ်မှုဆိုတာ အမြဲတမ်း မရနိုင်ဘူးလေနော့။

(၅) စေတနာ့ဝန်ထမ်းလုပ်ကြည့်ပါ

သင့်ရဲ့သူငယ်ချင်းတွေနဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ် စေတနာ့ဝန်ထမ်းလုပ်ကြည့်ပါ။ မွန်မြတ်တဲ့အလုပ်ကို ချစ်ခင်ရတဲ့ သူတွေနဲ့ အတူလုပ်ခွင့်ရတာ ကျေနပ်စရာကြီးပါ။

(၆) ပွဲတက်ကြပါ

ပန်းချီပြပွဲ၊ ဂီတပွဲ၊ ခရစ်စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ လိုမျိုး ပွဲတွေတက်ပါ။ သူငယ်ချင်းတွေ ပွဲတက်ခါနီး အဝတ်အစားအတူတူ ဝယ်ရတာ၊ အလှအတူတူ ပြင်ရတာ ပျော်စရာကြီးပါ။ ပွဲထဲမှာ တစ်ယောက်တစ်မျိုး ပဲပေးကြတာလည်း တစ်မျိုးလေး ပျော်စရာ ကောင်းနေပါသေးတယ်နော်..။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

READ
ကိုယ့်ကိုနာကျင်စေခဲ့တဲ့ချစ်သူကို ဘယ်လိုမေ့ပစ်မလဲ

 

 

 

SHARE