မိန်းကလေးတစ်ယောက် သင့်ကို ချူနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

ချူတတ်တဲ့ မိန်းကလေးတွေက သင့်ရဲ့ဥစ္စာချမ်းသာမှုကိုပဲ အာရုစိုက်တတ်ကြပါတယ်။ သူတို့ လိုချင်တာ သင့်ရဲ့ ပိုက်ဆံတွေကိုပါ။ မိန်းကလေးတိုင်း မချူတတ်ကြပေမယ့် မိန်းကလေးတစ်ယောက် သင့်ကို ချူနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ ဆိုတဲ့အချက်တွေကို Shwemom ရဲ့ အမျိုးသား ပရိသတ်ကြီအတွက် ဖော်ပြပေးလိုက်ပါတယ်။.

(၁) သင့်နဲ့ အကြိုက်ချင်းလိုက်ညှိနေမယ်

ဒီအချက်ကတော့ ခုမှစတွေ့တဲ့ လူတစ်ယောက်ရဲ့ အကြိုက်ကို အတင်းလိုက်ညှိပြီး အတင်းလိုက်ရောနေတာမျိုးပါ။ နှစ်ယောက်စကားပြောကြည့်လို့ သင့်အကြိုက် နဲ့ မတူတူအောင် အတင်းညှိနေမယ်၊ သင်နဲ့ အကြိုက်ချင်းတူသွားရင် သင့်ရဲ့ အာရုံစူးစိုက်မှုကိုရမယ်။ အဲ့ဒီကနေ ဇာတ်လမ်းစတာပါပဲ။

(၂) နာမည်ကြီးတံဆိပ်တွေ ကြိုက်မယ်

လစာများများရလို့ ၊ မိဘက ချမ်းသာလို့ ဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် သူမ၀တ်ထားတဲ့ အကျီင်္က သူမရဲ့ လစာထက်များနေမယ်ဆိုရင် သင့်ကို ချူဖို့များနေပါပြီး။ ဘာဖြစ်လို့လဲဆိုတော့ သူမလစာထက်များနေတဲ့ အကျီင်္ကို ၀ယ်ခိုင်းဖို့ ချမ်းသာတဲ့သူကိုပဲ ပစ်မှတ်ထားတာမို့လို့ပါ။

(၃) ဈေးကြီးပစ္စည်းတွေ ၀ယ်ခိုင်းမယ်

ချူတတ်တဲ့ မိန်းကလေးတွေဟာ သင့်ဆီက ဘာပဲယူရယူရ ကျေနပ်နေမှာပါ။ သင့်ဆီက ရဖို့ကိုပဲ မျှော်လင့်နေမယ်။ အချစ်အကြောင်းပြောလေ့မရှိဘဲ သင့်ရဲ့ငွေကြေးနဲ့ သင့်ဆီက ရယူဖို့ကိုသာ ပြောနေမှာပါ။ရန်ဖြစ်ခဲ့ရင်တောင် ဈေးကြီးပစ္စည်း ၀ယ်ပေးလိုက်မှ စကားပြန်ပြောတာမျိုးပါ။ ဒါဝယ်ပေးမှ စကားပြန်ပြောမယ် ဆိုတာမျိုးပါ။

READ
ချစ်သူရချင်ရင် လိုက်နာရမယ့် အရာ (၅) မျိုး

(၄) ငွေကလွဲပြီး ဘာကိုမှဂရုမစိုက်ဘူး။

ဒီအချက်ကတော့ သိသာပါတယ်နော်။ သင်နဲ့ပတ်သက်လို့ သင့်အကြောင်းတွေကို စိတ်မ၀င်စားဘူး။ သင့်ရဲ့ပိုက်ဆံကလွဲပြီး သင့်အကြောင်းတွေကိုလည်း စိတ်မ၀င်စားဘူး။ သင့်ကိုလည်း ဂရုမစိုက်ဘူး။ သင့်အိတ်ထဲ ပိုက်ဆံဘယ်လောက်ရှိလဲပဲ စိတ်ဝင်စားတတ်ပါတယ်။ သင့်ရဲ့ချမ်းသာမှုကိုပဲ အာရုံစိုက်တတ်ပါတယ်။

(၅) ဈေးကြီးတဲ့ပါတီတွေ၊ ကလပ်တွေ သွားဖို့ခေါ်မယ်

ချူတတ်တဲ့ မိန်းကလေးတွေကတော့ သူတို့ ကိုယ့်တိုင် ပိုက်ဆံကောင်းကောင်းမရှာနိုင်ဘဲ ဈေးကြီးပစ္စည်းတွေကို သူများဆီက တောင်းတတ်ကြတယ်။ ဈေးကြီးတဲ့ပါတီတွေ ၊ ကလပ်တွေကို သင့်နဲ့ အတူသွားချင်နေလိမ့်မယ်။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ့်တိုင်သွားဖို့ ပိုက်ဆံမတတ်နိုင်လို့ သင်နဲ့သွားဖို့ခေါ်ပါလိမ့်မယ်။

(၆) သူတို့အကြောင်းကို ဖုံးထားတတ်တယ်

သူမနဲ့ပတ်သက်ပြီး သူမရဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အကြောင်းတွေကို သင်သိရပြီးလား။ သင့်ကိုရော ပြောပြဖူးလား။ သင်မေးလိုက်ရင်ရော ရှောင်သွားလား။ သေချာနေတာတစ်ခုကတော့ သင့်ကို မပြောပြရတဲ့ အကြောင်းတစ်ခုတော့ ရှိနေပါပြီး။ သင့်ကို ချူချင်လို့ သင့်ရဲ့ ငွေကိုသာ အာရုံထားလို့ သူတို့အကြောင်းကို ဖုံးထားတာပါ။

READ
ချစ်ခွင့်မပန်ခင် သိထားသင့်တဲ့အချက်(၅)ချက်

(၇) ပိုက်ဆံပဲတောင်းနေမယ်

လက်တွဲလာတာကြာလို့ ၊ ပိုက်ဆံပြတ်သွားလို့ ခဏတစ်ဖြုတ်တောင်းတာ ကိစ္စမရှိပါဘူး။ အခုစတွဲနေတုန်းကာလမှာ သင့်ဆီက ပိုက်ဆံပဲတောင်းနေမယ်၊ အကြောင်းမရှိဘဲလည်း ငွေလိုနေတာမျိုးဆို သင့်ဆီက ပိုက်ဆံကို လိုချင်နေလို့ပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE