မတော်တရော်နေရာတွေကိုငေးကြည့်တဲ့အခါ ရှောင်သင့်သည်များ

အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ဖို့ ကြိုးစားတဲ့အခါမှာ မျက်နှာအလှအပတစ်ခုတည်းကိုသာ ကြည့်
ပြီး ချဉ်းကပ်တာမျိုး မလုပ်ပါဘူး။ ဘော်ဒီတောင့်လား၊ တင်လှသလား၊ ခါးသိမ်သလား၊ ဆံပင်ကောင်းသလား-စတဲ့ လို
အပ်ချက်တွေကို ပြည့်စုံတယ်ထင်မှ ချဉ်းကပ်ကြတာပါ။ ဒီတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအနေနဲ့ အမျိုး
သမီးတစ်ယောက်ကို အကဲခတ်ရင်း မတော်တရော်နေရာတွေကို ငေးကြည့်မိတဲ့အခါ လိုက်နာသင့်တာလေးတွေကို ဖော်
ပြပေးလိုက်ပါတယ်။

(၁) သတိမထားမိချိန်မှာ ကြည့်ပါ

အမျိုးသမီးရဲ့ ရင်သားကိုပဲဖြစ်ဖြစ်၊ တင်သားကိုပဲဖြစ်ဖြစ် အမျိုးသားတိုင်း ကြည့်မိကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေ
မယ့် ပညာပါသော ကြည့်နည်းနဲ့ ကြည့်ဖို့လိုပါတယ်။ သူတို့ရဲ့ ရှက်ရွံ့ဖွယ်အစိတ်အပိုင်းတွေကို စိမ်းစိမ်းကြီး စိုက်ကြည့်တာမျိုးကို ရှောင်ပါ။ စူပါတဏှာရူးကြီးလို့ ထင်ခံရနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမှာ ကြည့်လို့အကောင်းဆုံးလဲဆို အဲဒီအမျိုးသမီး သတိမထားမိတဲ့အချိန်မျိုးမှာ အလစ်ခိုးပြီး ကြည့်တာ အကောင်းဆုံးပါ။

(၂) အရွယ်ကိုလည်း ဂရုစိုက်ပါ

နောက် ကိုယ် ဘယ်အသက်အရွယ် ရောက်နေပြီလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။ နောက်ပြီး ကိုယ်ကြည့်တဲ့သူက အသက်ငါးဆယ်လား … ခြောက်ဆယ်လား … မပစ်မှားသင့်တဲ့အရွယ်လားဆိုတာကိုလည်း ဆင်ခြင်ရပါ့မယ်။ ဒီလိုမ
ဟုတ်ပဲ … ဘာလာလာဒေါင်းပဲတော့ … မလုပ်ပါနဲ့။ နောက် ကိုယ့်အသက်အရွယ်အရ ဒါတွေကို လူသိရှင်ကြား စိတ်
ဝင်စားလို့ မကောင်းတဲ့ အခြေအနေမျိုးဆိုရင်လည်း ဆင်ခြင်သင့်ပါတယ်။

READ
ချစ်သူကို ဘယ်လို ဂရုစိုက်ရမလဲ

(၃) နေကာမျက်မှန်ဝတ်ပါ

အကောင်းဆုံးကတော့ နေကာမျက်မှန် တပ်ပါ။ နေကာမျက်မှန်ဟာ အမျိုးသားတွေအတွက်တော့ ကြည့်ချင်ရာကို ကြည့်ဖို့ တီထွင်ပေးလိုက်တဲ့ ပစ္စည်းဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ ခံစားချက်မျက်လုံးတွေကို ဖုံးကွယ်ဖို့ တီထွင်ပေးလိုက်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ကဲ … ဒီကရှေ့ နေကာမျက်မှန် တပ်ကြပေတော့။

(၄) ခဏခဏမကြည့်ပါနဲ့

ကိုယ်စိတ်သန်တဲ့ နေရာကို ခဏခဏ မကြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒါကလည်း တစ်ချို့ အလိုက်မသိတဲ့သူတွေ
ကြောင့် ဒီစကားကို ပြောရတာပါ။ တစ်ချို့က ကိုယ့်ဘာအရှုံးရှိတာလိုက်လို့၊ ကြည့်တော့ ဘာဖြစ်လဲ … ဆိုပြီး တစ်ဖက်သား မိန်းကလေးကို အားမနာ လျှာမကျိုး … မျက်လုံးတွေ ကိလေသာအခိုးတွေ ဝေတဲ့အထိ ကြည့်တတ်ပါတယ်။ ဒီလို မလုပ်ပါနဲ့။ ကိုယ် ၀ါသနာပါလို့ ကြည့်တာက ကြည့်တာတစ်ပိုင်း တစ်ဖက်သားရဲ့ သိက္ခာနဲ့ အရှက်တရားကိုလည်း လေးစားရမယ်လေ။ အဲ နေကာမျက်မှန် ပါတယ်ဆိုရင်တော့ သဘောရှိပေါ့ ကိုယ့်ဆရာတို့ရယ်။

READ
ဒီအချက်တစ်ချက်ထဲကိုကြည့်တာနဲ့ ကောင်မလေးကိုယ့်ကို စိတ်ဝင်စားနေလားသိနိုင်တယ်။

(၅) မျက်လုံးအမြန်လွှဲတတ်တဲ့ အကျင့်လုပ်ပါ

နေကာမျက်မှန် မပါဘူးဆိုရင် … မျက်လုံး အမြန်လွှဲတတ်တဲ့ အကျင့်လုပ်ပါ။ ဒီအခြေအနေဟာ ကောင်မလေးက ဒီလူ ငါ့ဟိုဒင်းကို ကြည့်နေတာလားလို့ အထင်မခံရစေဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က သူ့ ဟိုဒင်းကို ကြည့်နေတုန်း သူ့မျက်လုံးနဲ့ ပက်ပင်းတိုးတဲ့အခါမျိုးမှာ … ချက်ချင်း တောင်ကြည့်သလိုလို၊ မြောက်ကြည့်သလိုလို လုပ်လိုက်ပါ။ ဒါမှမဟုတ် …
မျက်လုံးထဲ တစ်ခုခု ၀င်တဲ့သဘောမျိုး သရုပ်ဆောင်တတ်ပါစေလို့ သတိပေးပါရစေ။

နတ်စည်တော် (Shwemom)

source : lovepanky.com

SHARE