သာယာကောင်းမွန်တဲ့ Relationship တစ်ခုကို ဘယ်လိုပုံစံနဲ့ စတင်မလဲ?

Pixabay-dimitrisvetsikas1969

ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်၊ စကားများလိုက်၊ ပြတ်လိုက်တွဲလိုက်နဲ့ အဲဒီသံသရာကြီးမှာ တော်တော်များများ မျောပါနေတတ်ကြပါတယ်။ ဒီလိုတဝဲလည်လည်ဖြစ်နေတဲ့ သံသရာကြီးမှာ အများစုကတော့ မနေချင်ကြပါဘူး။ ဒါ့ကြောင့် နောက်ဆုံး အဆုံးသတ်ကတော့ ချစ်သူနှစ်ယောက် လမ်းခွဲသွားတတ်တာပါပဲ။ တစ်ချို့ကျတော့လဲ နှစ်ပေါင်းများစွာ တွဲလာတဲ့ သက်တမ်းတစ်ခုက ဖြစ်ပေါ်လာတဲ့ သံယောဇဉ်ကို ထောင်ထားပြီး မပြတ်ပဲ အိမ်ထောင်ကျတဲ့အထိ ဖြစ်သွားတဲ့ အတွဲတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဒီလို သံသရာကြီးထဲမှာ မလည်ချင်ရင် Relationship တစ်ခု စတင်တော့မယ်ဆိုကတည်းက သတိပြုသင့်တဲ့ အချက် ၅ ချက်ရှိပါတယ်။ ဒါ့ကြောင့် shwemom ပရိသတ်ကြီးလည်း သိရအောင် သာယာကောင်းမွန်တဲ့ Relationship တစ်ခု စတင်တော့မယ်ဆိုရင် ဘယ်လိုပုံစံတွေနဲ့ စတင်သင့်လဲဆိုတာကို ရေးသားတင်ပြချင်ပါတယ်။

Pixabay-5688709

၁။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်တစ်ခုအထိ နားလည်မှု အရင်ယူဖို့ပါပဲ။ အချစ်တစ်ခု စတင်တော့မယ်ဆိုရင် လူတော်တော်များများက ရင်ခုန်သံအပေါ်မှာပဲ ခံစားပြီး တစ်ဖက်လူနဲ့ တွဲတက်ကြပါတယ်။ ဒါ့ကြောင့် မတွဲခင်မှာ ဒီအတိုင်း Coffee date လုပ်တာတို့၊ shopping အတူထွက်တာတို့၊ Hangout လုပ်တာတို့ အစရှိတဲ့ ပုံစံလေးတွေနဲ့ အရင်ဆုံးနေကြည့်ပါ။ အဲဒီလိုနေနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လေ့လာပြီး ကိုယ်မကြိုက်တဲ့ပုံစံတွေ သူ့ဆီမှာ ရှိမရှိ၊ သူမကြိုက်တဲ့ ပုံစံတွေ ကိုယ့်ဆီမှာ ရှိမရှိ မေးမြန်းပြီး ပြင်သင့်တာလေးတွေ၊ ပြင်နိုင်တာလေးတွေ ပြင်ပြီး နားလည်မှု ယူကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ယူပြီးမှ တွဲတာအကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ အချိန်ကြာလာတာနဲ့အမျှ နားလည်မှုမရှိတော့ အချိန်တွေကုန်၊ ရန်တွေဖြစ်နဲ့ ဒုက္ခရောက်နိုင်ပါတယ်။

READ
မိန်းကလေးသူငယ်ချင်းတွေချည်း မကြာခဏ ခရီးစုထွက်ပေးသင့်တဲ့ အကြောင်းအရင်း

၂။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုရှိပါ။ ချစ်သူနှစ်ယောက်ကြားမှာ လေးစားမှုရှိတာ တော်တော်ကောင်းပါတယ်။ အသက်ကြီးမှ လေးစားမှု ရှိခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူ ပြုလုပ်တဲ့ အရာတိုင်းကို အသိအမှတ်ပြုတာတို့၊ ကိုယ့်ဆီက အကြံအဥာဏ်တောင်းတဲ့ ကိစ္စတွေ၊ တိုင်ပင်တဲ့ ကိစ္စတွေအပေါ်မှာ ဂရုတစိုက်နဲ့ သေသေချာချာ နားထောင်ပေးတို့၊ မိဘဆွေမျိုး အပေါင်းအသင်းတွေ ရှေ့ရောက်ရင်လည်း သူ့ကို ငါ့ချစ်သူကို ငါပိုင်တယ်ဆိုတဲ့ ပုံစံမျိုးမပြပဲနဲ့ role တစ်ခုပေးပြီး လေးလေးစားစားဆက်ဆံတဲ့ ပုံစံမျိုးလေးတွေကို ပြောတာပဲ ဖြစ်ပါတယ်။

Pixabay-bngdesigner

၃။ ဘယ်ကိစ္စမဆို သူနဲ့ တိုင်တိုင်ပင်ပင်ရှိပါ။ အရာတိုင်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်စရာမလိုပါဘူး။ တစ်ချို့ကိစ္စတွေက ခေါင်းတစ်လုံးတည်း စဉ်းစားပြီး ရလာတဲ့အဖြေထက် ခေါင်းနှစ်လုံးနဲ့ စဉ်းစားပြီး ရလာတဲ့ အဖြေက ပိုကောင်းပါတယ်။ ကိုယ်ဘယ်ကိစ္စမဆို ကိုယ့်ချစ်သူနဲ့ တိုင်ပင်ရင်လည်း အနည်းဆုံးတော့ သူ့စိတ်ထဲမှာ “သြော်… သူငါ့ကို အားကိုးပါလား” ဆိုတဲ့ စိတ်ကလေး ဝင်သွားပြီးတော့ ကိုယ့်ကို အရင်ကထက် နွေးနွေးထွေးထွေး ပိုရှိလာတတ်ပါတယ်။

READ
ဆံပင်ရှည်တာ အရမ်းမြန်စေတဲ့ အစားအစာ(၇) မျိုး

၎။ ကိုယ့်အတွက်ကော၊ ကိုယ့်ချစ်သူအတွက်ကော ကိုယ်ပိင်အချိန်ဆိုတာ ရှိပါစေ။ ချစ်သူနှစ်ယောက် စတွဲပြီဆိုတာနဲ့ အချိန်ပြည့် ဖုန်းတွေပြောပြီး အချိန်ပြည့်တွေ့နေစရာမလိုပါဘူး။ ဒီလို အချိန်တိုင်း ဖုန်းပြောပါများ၊ တွေ့ပါများလာရင် အချိန်ကြာလာတာနဲ့အမျှ ပြောစရာစကားတွေ ကုန်လာတတ်ပါတယ်။ ဒါ့ကြောင့် တစ်ယေက်နဲ့တစ်ယောက် ကိုယ်ပိုင်အချိန်လေးပေးပြီး အဲဒီကိုယ်ပိုင်အချိန်လေးထဲမှာ ကိုယ်ကြိုက်တာလေးတွေ ရွေးလုပ်နိုင်ပါတယ်။

Pixabay-Takmeomeo

၅။ တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်ဖြစ်တိုင်း ခေါင်းအေးအေးနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ ချစ်သူနှစ်ဦးကြားမှာ ရန်ဖြစ်စကားများရင် ဘယ်သူမဆို ဒေါသထွက်တတ်ပါတယ်။ ဒါပေမယ့် ဒေါသမထွက်ပဲ ကိစ္စတစ်ခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်းကြည့်ပါ။ ကိုယ့်ဘက်က အလျှော့ပေးသင့်ရင် ပေးပါ။ ကြိုးတစ်ကြိုးတောင် နှစ်ဖက်လုံးတင်းနေရင် အဲဒီကြိုးဟာ အချိန်မရွေးပြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကြိုးတစ်ဖက်က လျော့ပေးလိုက်ရင်တော့ ဘယ်ကြိုးမှ မပြတ်ပါဘူး။

Pyi Hein Kyaw

SHARE