အိမ်အပြင်မထွက်ပဲ အိမ်ထဲမှာနေပြီး ပျော်စရာတွေကို ဘယ်လိုဖန်တီးကြမလဲ

Pixabay-Alexas_Fotos

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်ကြီးမှာ လူတိုင်းနည်းပါး အိမ်မှာနေရတာ တော်တော်ပျင်းရိနေကြမှာ အမှန်ပါပဲ။ ဘယ်တော့မှ ပြီးဆုံးနိုင်မလဲ မသိတဲ့ ဒီကပ်ဆိုးကြီးကြောင့် အလုပ်လဲ မသွားရပဲ Work from Home နေရတာ အနည်းဆုံးတော့ နှစ်လကျော်ပြီး သုံးလထဲ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ အိမ်မှာချည်းပဲနေရတာ ပျင်းရိနေပြီး တစ်နည်းမဟုတ်တစ်နည်းနဲ့ အိမ်အပြင်ထွက်ဖို့ ကြိုးစားနေကြမှပါပဲ။ ဒါ့ကြောင့် အပြင်ထွက်မှ ပျော်စရာမဟုတ်ပါဘူး။ အိမ်မှာနေရင်းနဲ့လည်း ပျော်စရာတွေ ဖန်တီးနိုင်ပါတယ်။

အလုပ်တွေ ပြန်ဖွင့်မယ့်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားပါ

Pixabay-Free-Photos

အခုအချိန်က လူတော်တော်များများ အိမ်ကနေပြီးတော့ပဲ အလုပ်လုပ်နေကြရတာပါ။ သင်သိထားရမှာက လုပ်ငန်းခွင်ထဲမှာ အမြဲတမ်း perfect ဖြစ်နေတဲ့သူဆိုတာ မရှိပါဘူး။ သင်ကိုယ်တိုင်လဲ အပါအဝင်ပါပဲ။ ဒါ့ကြောင့် အခုလို အိမ်မှာနေနေရတဲ့ အချိန်မှာ ကိုယ့်ရဲ့ အားနည်းချက်တွေကို စဉ်းစားပြီး ကြိုတင်ပြင်ဆငထားသင့်ပါတယ်။ ကိုယ်မတက်တဲ့ အရာတွေကိုလည်း ကြိုတင်လေ့လာထားပါ။ အလုပ်တွေ ပြန်ဖွင့်မယ့်တစ်ရင်အတွက် အမြဲတမ်းအဆင်သင့်ဖြစ်အောင်နေပါ။

READ
သင့်ကို မီတာခတွေအများကြီး ကုန်အောင်လုပ်မယ့် လျှပ်စစ်ပစ္စည်း(၅)မျိုး

လတ်ဆတ်တဲ့ အစားအစာတွေကိုသာစားသုံးပါ

Pixabay-silviarita

အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ မုန့်တွေစားခဲ့ရတာတွေကို ဒီအချိန်မှာ သတိရနေမှာပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ အပြင်က Snack တွေ မစားဖြစ်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ခန္ဓာကိုယ် အစာအဟာရနဲ့ မျှတညီညွတ်ဖို့ရယ်၊ ခန္ဓာကိုယ်ကို rebuilt ပြန်လုပ်ဖို့ရယ်အတွက် အကောင်းဆုံးက နေ့စဉ် လတ်ဆတ်တဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေကိုာစားသုံးပေးတာ အကောင်းဆုံးပါပဲ။

စာများများဖတ်ပါ

Pixabay-ThoughtCatalog

ဒီစကားကတော့ အချိန်တိုင်းလိုလို ကြားဖူးကြမှာပါပဲ။ စာဖတ်တယ်ဆိုတာ ချက်ချင်းကောက်ဖတ်လို့ရပေမယ့် ပုံမှန်ဖတ်ဖို့ဆိုတာတော့ ခက်ခဲပါတယ်။ ပြီးတော့ အခုလို မိုးရာသီအချိန်မှာ ကော်ဖီလေးတစ်ခွက်သောက်ပြီး စာအုပ်တစ်အုပ်ဖတ်ရတယ်ဆိုတာ ဘာခံစားချက်နဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုအပြင်လည်းမထွက်ရတော့ ကိုယ်လက်လှုပ်ရှားမှုလည်း မရှိတဲ့အချိန်မှာ အိမ်မှာပဲနေပြီး ပျင်းမနေပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ရော၊ ဦးနှောက်ရော ထိုင်းသွားပါလိမ့်မယ်။ ကိုယ်လက်မလှုပ်ရှားရင်တောင် အနည်းဆုံး ဦးနှောက်ကိုတော့ လှုပ်ရှားပေးကြပါ။

READ
ငွေစုချင်သူတွေအတွက် အသုံးတည့်မယ့် ၅၀/၂၀/၃၀ နည်းလမ်း

အချိန်အတိုင်းအတာတစ်ခုနဲ့ ဂိမ်းဆော့ပါ

Pixabay-11333328

ဒါကတော့ စာဖတ်ပျင်းတဲ့သူတွေအတွက်ပါ။ ဂိမ်းဆော့တာကိုတော့ လူကြီးအများစုက မကြိုက်ကြပါဘူး။ ဒါပေမယ့် ဂိမ်းဆော့တယ်ဆိုတာက ဦးနှောက်သုံးပြီး ဆော့ရတာဖြစ်တဲ့အတွက်ကြောင့် ဂိမ်းမဆော့တဲ့သူနဲ့ ဂိမ်းဆော့တဲ့သူ ယှဉ်လိုက်ရင်တောင် ဂိမ်းဆော့တဲ့လူတွေက အခြားလူတွေထက် ဥာဏ်ရည်ပိုကောင်းပြီး ကြံရည်ဖန်ရည် ရှိတတ်ကြပါတယ်။ ဒါပေမယ့် နေ့မအိပ်ညမအိပ်ဆော့ရင်တော့ ဦးနှောက်ရဲ့ စွမ်းဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်အတိုင်းအတာလေးတစ်ခုနဲ့ ဆော့ရင်တော့ အကောင်းဆုံးပါပဲ။

Pyi Hein Kyaw

SHARE