စိတ်ဆိုးစိတ်ကောက်လွန်းတဲ့ ချစ်သူကောင်မလေးကို အဆင်ပြေအောင် ဘယ်လိုချော့မလဲ …

Pixabay-OpenClipart-Vectors

အဖြေကတော့ ရှင်းပါတယ်။ ချော့ရမှာပေါ့။ ဒါပေမယ့် ချော့တယ်ဆိုတာကလည်း နည်းလမ်းတကျနဲ့ ချော့ တတ်ဖို့ လိုအပ်ပါတယ်။ အရှင်းဆုံးပြောရရင် ကိုယ့်ချစ်သူမိန်းကလေးက အသက်ကြီးကြီးပဲဖြစ်ဖြစ်၊ အသက်ရွယ်တူပဲဖြစ်၊ အသက်ငယ်ငယ်ပဲဖြစ်ဖြစ် မိန်းကလေးဆိုတာကိုက စိတ်ဆိုးစိတ်ကောက်တတ်တဲ့ အမျိုးအနွယ်တွေပါ။ ဒါတွေက ကျွန်တော်တို့ ဟိုးအရင်ရာဇဝင်သမိုင်းတွေမှာကတည်းက ရှိခဲ့တာပါ။ ခေတ်တွေ ဘယ်လိုပဲပြောင်းသွားပါစေ၊ မိန်းကလေးတွေဆိုတာ စိတ်ကောက်မြဲ စိတ်ကောင်စဲပါပဲ။ ဒါ့ကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်နေရင် ယောကျာ်းလေးသူတော်ကောင်းအပေါင်းတို့အနေနဲ့ ဘယ်လိုပုံစံလေးတွေ လုပ်ပြီး ကိုယ့်ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြုံးသွားအောင် ဖန်တီးကြမလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်သင့်တဲ့ အကြောင်းအရာတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

အဓိကကတော့ မိန်းကလေးတွေအနေနဲ့ အသေးအဖွဲလေးတွေကအစ ရစ်တတ်၊ စိတ်ဆိုးစိတ်ကောက်တတ်ပါတယ်။ ဒါကိုတော့ နားလည်မှု မရှိဘူးလို့ဆိုပြီး သူတို့တွေကို အပြစ်သွားမတင်ပါနဲ့။ အကြီးအကျယ်လောင်သွားနိုင်ပါတယ်။  သူနားလည်မှု မပေးနိုင်ရင်တောင် ကိုယ့်စိတ်ထဲကနေ သူ့ကို နားလည်ပေးလိုက်ပါ။ ပြီးတော့ မိန်းကလေးဆိုတာ အချော့ကြိုက်ပါတယ်။ ချော့တယ်ဆိုတာမှာလည်း နည်းလမ်း ၃ မျိုးရှိပါတယ်။

၁။ အစားအစာနဲ့ ချော့ခြင်း

Pixabay-AnnaliseArt

အစားအစာနဲ့ ချော့ဆိုလို့လည်း “နင်စိတ်ဆိုးနေတာမလား၊ ရော့…ဒီမှာ မုန့်”ဆိုပြီး မျက်နှာကို မုန့်နဲ့ မကောက်ပေါက်လိုက်ပါနဲ့။ မိန်းကလေးတစ်ယောက်ကို အစားအစာနဲ့ ချော့မယ်ဆိုရင်တောင်မှ ရိုမန်တစ်ဆန်ဆန် အံ့သြသင့်အောင်လုပ်ပြီး ချော့ပါ။ သူစားနေကျဆိုင်ကို သူ့ကိုအသိမပေးပဲ ရုတ်တရက်ခေါ်သွားတာမျိုးလေးတွေ၊ သူ့အကြိုက်မုန့်တစ်ခုခုကို Delivery နဲ့ မှာပြီးပို့လိုက်တာတို့လေးတွေကို လုပ်ပါ။ အချိန်ပေးနိုင်ရင်တော့ ကိုယ်ကိုယ်တိုင် သူကြိုက်တဲ့ အစားအစားကို သွားဝယ်ပါ။ ပြီးတော့ သူ့အိမ်အထိသွားပါ။ ပြီးတော့ အိမ်ထဲမဝင်ခင် ဖုန်းဆက်ပြီး စိတ်ဆိုးနေတာထက် ပိုပြီးစိတ်ဆိုးအောင် ရန်စပါ။ ပြီးတာနဲ့ ဖုန်းလေးချပြီး ဘဲလ်တီးလိုက်ပါ။ အဲဒီအချိန် သင့်ကောင်မလေးမျက်နှာမှာ ဒေါသထွက်၊ အံ့သြသင့်၊ ပျော်ရွှင်ကြည်နူး၊ ဝမ်းသာပီတိဖြာနေတဲ့ facial expression ပေါင်းများစွာကို ၃ စက္ကန့်အတွင်းတွေ့သွားစေရပါမယ်။

READ
သင့်ကောင်လေးက သင့်ကို ဘယ်တော့မှရိုးမသွားစေမယ့်နည်းလမ်းများ

၂။ စကားနဲ့ချော့ခြင်း

Pixabay-geralt

ကိုယ်ချစ်သူ ကောင်မလေးက အရမ်းစိတ်ဆိုးစိတ်ကောက်လွယ်ရင် ကိုယ့်ဖက်ကလည်း စကားကို ပြောတတ်ဖို့ လိုပါမယ်။ စကားမပြောတတ်ရင်တော့ သူစိတ်ဆိုးတဲ့အချိန်မှာ ကိုယ်ချည်းပဲ ခံနေရပါလိမ့်မယ်။ ဒီကြားထဲ ကိုယ်က စကားအပြောအဆို မတတ်ရင် တစ်ညတာ စိတ်ဆိုးစရာကိစ္စက အချိန်တော်တော်ကြာသွားစေနိုင်ပါတယ်။ အဓိကကတော့ သူဖက်က စိတ်ဆိုးစိတ်ကောက်နေပြီဆိုရင် သူပြုံးသွားအောင် ကိုယ့်ဘက်ကနေ လုပ်နိုင်ရပါမယ်။ ဥပမာ- တော်ပြီ ငါနင့်ဆီကနေ ဘာအသံမှမကြားချင်ဘူး၊ ဘာအသံမှ ထပ်မထွက်တော့နဲ့ လို့ပြောလာရင်တော့ ခေါင်းလေးကို ငိုက်စိုက်ချလိုက်ပြီး နင်မကြားချင်လည်း နင်စကားတစ်ခွန်းတော့ ငါ့ဆီကနေ ကြားချင်မှာပဲလို့ ပြောလိုက်ပါ။ အဲဒီအချိန် သူ့ဖက်ကနေ သိချင်လာပါလိမ့်မယ်။ အဲဒီအချိန်မှာမှ ကိုယ်က ခေါင်းကို မော့ပြီး ရုပ်တည်ကြီးနဲ့ ငါနင့်ကို အရမ်းချစ်တယ်ဆိုတဲ့ စကားလေးလို့သာပြောလိုက်ပါ။ မပြုံးရင်တောင်မှ နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားပါလိမ့်မယ်။

READ
တစ်သက်လုံး ကော်နဲ့ကပ်ထားသလို ခွဲမရအောင်လက်တွဲချင်ကြရင် ဒီနည်းလေးတွေလုပ်ပါ။

၃။ ပစ္စည်းနဲ့ချော့ခြင်း

Pixabay-simisi1

မိန်းကလေးတော်တော်များများကတော့ ပစ္စည်းနဲ့ ချော့တာကို ကြိုက်ကြပါတယ်။ ပစ္စည်းဆိုတဲ့ အရာကတော့ ဈေးများမှ ဈေးနည်းမှ မဟုတ်ပါဘူး။ ကိုယ်နဲ့ သွားဖူးလာဖူးတဲ့အချိန်မှာ သူ့ပါးစပ်ကနေ ရုတ်တရက် လွှတ်ကနဲ ပြောလိုက်တဲ့ ပစ္စည်းလေးတွေ၊ သူတော်တော်ကြာ ငေးပြီးကြည့်ဖူးတဲ့ ပစ္စည်းမျိုးလေးတွေ၊ ဆိုရှယ်မီဒီယာမှာ share ဖူးတဲ့ ပစ္စည်းလေးတွေ အဲဒါလေးတွေကို မှတ်ထားပြီး သူစိတ်ဆိုးနေတဲ့အချိန်တွေမှာ အဲဒီပစ္စည်းလေးတွေ ထုတ်ပေးပြီး ချော့ပါ။ သူပျော်သွားပါလိမ့်မယ်။ အဓိကကတော့ မိန်းကလေးဆိုတာ အချော့ခံလူတန်းစားလေးတွေပါ။ ဒါကို ကမန်တော်တို့ ယောက်ျားလေးတွေ သည်းခံပြီး ချစ်နိုင်မယ်ဆိုရင်တော့ သူမနဲ့ ကိုယ့်ရဲ့ အနာဂတ်လေးဟာ သာယာနေမှာတော့ အမှန်ပါပဲ။

Pyi Hein Kyaw

SHARE