ကိုယ့်ရဲ့ နဂိုရှိရင်းစွဲ ရုပ်ရည်ထက် ပိုငယ်တယ်ထင်ရအောင် ဘယ်လိုနေကြမလဲ …..

Pixabay-nastya_gepp

မိန်းကလေးတွေဆိုတာ အမြဲတမ်း သူတို့ကိုယ်သူတို့ ငယ်ရွယ်ပြီး လှပအောင် နေချင်ကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေဆိုတာ ဘယ်တော့မဆို သူတို့ကို ကြည့်လိုက်တိုင်း ငယ်ရွယ်နေချင်လို့ပါပဲ။ အမြဲတမ်း ဒီလိုငယ်ရွယ်ပြီး လှပနေမှသာ ဘယ်ရောက်ရောက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိနေမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ မိန်းကလေးတွေဟာ အသက် ၂၀ ကျော်ပြီး အသက် ၃၀ ကျော် ပုံစံမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် နဂိုရှိရင်းစွဲရုပ်ထက် ငယ်ရွယ်နုပျိုနေအောင် ဘယ်လိုပုံစံမျိုးလေးတွေနဲ့ နေထိုင်သင့်လဲဆိုတာကို Brightside သတင်းဌာနမှာ ဖော်ပြဖူးတဲ့ သတင်းအချက်အချက်အလက်တစ်ချို့ကို ကိုးကားပြီး ဖော်ပြလိုက်ရပါတယ်။

မိတ်ကပ်တွေ အများကြီး မလိမ်းပါနဲ့

Pixabay-Free-Photos

ဒါကတော့ မိန်းကလေးတွေအတွက် ခက်ခဲစေမယ့် အချက်ပါပဲ။ မိန်းကလေးတိုင်းမှာ ရှိတဲ့အသွေးအသားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါ့ကြောင့် မိန်းကလေးတစ်ယောက် လိမ်းတဲ့ မိတ်ကပ်ဟာ အခြားမိန်းကလေးတစ်ယောက်နဲ့  တည့်ချင်မှ တည့်ပါတယ်။ အကောင်းဆုံးကတော့ မိတ်ကပ်မလိမ်းတာဟာ အကောင်းဆုံးပါပဲ။ မိတ်ကပ်တွေထဲမှာ ပါဝင်တဲ့ ဓာတုဗေဒဓာတ်တွေဟာ မိန်းကလေးတစ်ယောက်ရဲ့ အသားအရေကို အနှေးနဲ့အမြန် ပျက်ဆီးစေနိုင်ပါတယ်။ နောက်ဆုံး မဖြစ်မနေ လိမ်းတော့မယ်ဆိုရင်တောင်မှ ကိုယ်နဲ့ ဓာတ်တည့်မယ့် မိတ်ကပ်ကိုသာ ပါးပါးလေးလိမ်းတာ အကောင်းဆုံးပါပဲ။

READ
သူများတွေနဲ့ယှဉ်ပြီး ကိုယ့်ဘ၀ကို အမြဲမကျေမနပ် ဖြစ်နေရင် ဒါကိုဖတ်လိုက်ပါ။

နေလောင်ဒဏ်တွေ မခံရအောင်နေပါ

Pixabay-stux

နေပူထဲထွက်မယ်ဆိုရင်တောင် မဖြစ်မနေ ထီးဆောင်းပါ။ ကားမောင်းတဲ့အခါမှာလည်း ကိုယ်မောင်းတဲ့ဖက်က နေပူရင် ကားပြတင်းပေါက်မှာ နေကာမှန်စတေကာတွေ ကပ်ပါ။ နေလောင်တာဟာ ကြာရှည်မှာ အသားအရေကို ပျက်ဆီးပြီး မည်းလာပါစေတယ်။ ဒါကြောင့် နေပူထဲသွားမယ်ဆိုရင်တောင် ကိုယ့်ရဲ့ အသားအရေ မပျက်မစီးအောင် လိုးရှင်းတို့၊ sun-cream တို့ကို သေသေချာချာ လိမ်းသွားပါ။

မျက်တောင်တို့မျက်ခုံးမွှေးတို့ကို ထူထူထားပါ

Pixabay-No-longer-here

မိန်းကလေးတစ်ယောက် မျက်ခုံးမွှေးမရှိတဲ့ ရုပ်နဲ့ မျက်ခုံးမွှေးထူထူရှိတဲ့ရုပ်တို့ကို နှိုင်းယှဉ်ကြည့်ရင်တော့ တော်တော်ကွာပါလိမ့်မယ်။ မျက်ခုံးမျက်တောင် ကောင်းကောင်းရှိတဲ့ မိန်းကလေးကတော့ အသက်ပိုငယ်ပြီး ပိုနုပျိုတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် မျက်ခုံးမျက်တောင် ကောင်းကောင်းမရှိရင်တောင်မှ မိတ်ကပ်နဲ့ ထူထူလေးပြင်ကြည့်ရင်တောင် ကိုယ့်ရုပ်က ငယ်တယ်လို့ ထင်ရမှာပါ။

နှုတ်ခမ်းနီသုံးပါ

Pixabay-Pexels

နှုတ်ခမ်းနီးလေးဆိုးထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်အချိန်မဆို ကြည့်ရကောင်းပြီး ငယ်ရွယ်နုပျိုနေတယ်လို့ ထင်ရပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီကို ကိုယ်နဲ့လိုက်ဖက်မယ့် အရောင်လေးကို သေချာဆိုးထားတာပါ။ ကိုယ့်ပုံစံနဲ့ နှုတ်ခမ်းနီအရောင်စိုစိုလေးနဲ့ လိုက်လား၊ အရောင်တောက်တောက်လေးနဲ့လိုက်လား၊ မွဲခြောက်ခြောက် အရောင်လေးနဲ့လိုက်လားဆိုတာကတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။

READ
ဖေဖေပိုက်ဆံတွေရှိလာတဲ့တစ်နေ့...

ဖက်ရှင်ကျကျ ဝတ်စားပါ

Pixabay-jonas-svidras

မိန်းကလေးတစ်ယောက်ကို ငယ်ရွယ်နုပျိုအောင် လုပ်ပေးနိုင်တာ အဝတ်အစားပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ငယ်ရွယ်နုပျိုတဲ့လူတစ်ယောက်လို့ ထင်စေချင်ရင်တော့ ခေတ်နဲ့ လိုက်လျောညီထွေအောင် ဖက်ရှင်ကျကျ ဝတ်စားနိုင်ပါစေ။ ဈေးအများကြီးပေးပြီး တန်ဖိုးကြီးအယတ်အစားတွေ ဝတ်မှ ဖက်ရှင်ကျတာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတာလေးနဲ့ပဲ ဖက်ရှင်ကျကျ ငယ်ရွယ်နုပျိုအောင် ဝတ်နိုင်ပါတယ်။

Pyi Hein Kyaw

SHARE