ခြေတွေလက်တွေတုပ်နှောင်ခံထားရတဲ့အချိန် ရေထဲကျသွားရင်အသက်ရှင်အောင်နေနည်း

unsplash/@nate_nessman

ရေတပ်မှုးဟောင်း ကလင့်အယ်မာဆန်ဆိုသူက အမေရိကန်ရေတပ်ထဲမှာ သင်ယူလာခဲ့တဲ့ အရေးကြီးတဲ့ စွမ်းရည်ပေါင်း (၁၀၀) နီးပါးကို ရေးသားပြီး “The Seal Operative’s Guide” အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အောက်ဘက်မှာတော့ ကလင့်ရဲ့ စာအုပ်ထဲမှာပါတဲ့ တစ်ယောက်ယောက်က ကိုယ့်ကို ရေနှစ်သတ်ဖို့ ကြိုးစားတဲ့အခါ ဘာလုပ်သင့်တယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။ အခုဖော်ပြပေးမယ့်နည်းဟာ ရေတိမ်မှာပဲ ဖြစ်ဖြစ်၊ လှိုင်းကြမ်းလေကြမ်းတဲ့ ပင်လယ်ထဲမှာပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။

unsplash/JOHN TOWNER

ရေထဲမှာ ကြာကြာနေနိုင်ဖို့ အဓိကလုပ်ရမယ့်အရာက အသက်ရှူတာကို ထိန်းချုပ်တာပါပဲ။ အဆုတ်ထဲမှာ လေတွေ အပြည့်ဖြစ်နေတဲ့အခါ လူ့ခန္ဓာကိုယ်ဟာ လေမှာပေါ်နေနိုင်ပါတယ်။ ဒါကြောင့် အသက်ပြင်းပြင်းရှူသွင်းဖို့နဲ့ မြန်မြန်ဆန်ဆန်ရှူထုတ်ဖို့ဟာ အဓိကအချက်ပါပဲ။ ခန္ဓာကိုယ်ကို ရေချိုမှာ ပေါ်အောင် ပြုလုပ်ဖို့ဟာ ပိုပြီးခက်ခဲပေမယ့် ရတော့ရနိုင်ပါတယ်။ ရေနစ်နေတဲ့အခါ ပထမဆုံးသတိထားရမှာက မထိတ်လန့်ဖို့ပါ။ တကယ်လို့ အရမ်းထိတ်လန့်နေရင် အသက်ရှူရ ပိုမြန်လာပြီး ဟန်ချက်ထိန်းဖို့ မလွယ်ကူတော့ပါဘူး။

READ
ကလေးနှစ်ဦးကို ရက်ရက်စက်စက်ရိုက်နှက်တဲ့ မိခင် ထောင်ဒဏ်ချမှတ်ခံရ

ကိုယ်ဟာ ကြိုးတုပ်နှောင်ခံထားရပြီး ခန္ဓာကိုယ်အနေအထားကလည်း အသက်ရှူဖို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင် ဖော်ပြထားတဲ့ ပုံတွေအတိုင်း ကြိုးစားနိုင်ပါတယ်။ ရေတိမ်ပိုင်းမှာဆိုရင်တော့ အသက်ကို ရှူထုတ်ကာ ရေအောက်ကြမ်းပြင်ကို ပြန်ခုန်ကန်ပြီး ခေါင်းဖော်ကာ အသက်ရှူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ရေထဲ ခေါင်းနှစ်ပြီး ပစ်ချခံထားရရင်တော့ အသက်ကို ရှူထုတ်ပြီး ဒူးတွေကို ဆန့်ထုတ်လိုက်ပါ။ ကျောပြင်ဟာ ခပ်ကွေးကွေးဖြစ်နေပါလိမ့်မယ်။ ခြေထောက်နဲ့ နောက်ကို ကန်ထုတ်ပြီး ခေါင်းကို ရေပြင်ပေါ်မှာ ဖော်ကာ အသက်ကို ရှူသွင်းပါ။ အကြိမ်ပေါင်းများစွာ ကမ်းခြေကို ရောက်တဲ့အထိ အခုလို ထပ်ကာထပ်ကာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

pinterest/Jonathan Rojas

လှိုင်းလေကြမ်းနေတဲ့ ပင်လယ်ထဲမှာတော့ အခုလိုမျိုး ရေပေါ်ခေါင်းဖော်ပြီး နေနိုင်ဖို့ အခွင့်အရေးရ၊ မရ မသိသေးပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ထုတ်ပြီး ရေပေါ်မှာ အသက်ပြင်းပြင်းရှူကာ တဖန်ကိုယ်ကို ရေထဲလှည့်ပြီး အသက်ပြန်လည်ရှူထုတ်တာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရှေ့ကို ဆက်သွားကာ ကုန်းမြေကိုပဲဖြစ်ဖြစ်၊ အချုပ်အနှောင်ကို ပြန်ဖြည်ပေးတဲ့သူနဲ့ပဲဖြစ်ဖြစ် တွေ့ပြီး လွတ်မြောက်စေဖို့ ရည်ရွယ်ပါတယ်။ လက်တွေ၊ ခြေတွေ အတုပ်နှောင်ခံထားရတဲ့ကြားက ရေထဲမှာ လွတ်မြောက်ဖို့ဆိုတာ သာမန်လူတွေအနေနဲ့ ဘယ်လိုမှ မတွေးဝံ့စရာပါ။ ဒါကို ကလင့်က ရေထဲကနေ အသက်ရှင်လျက်လွတ်မြောက်ဖို့ နည်းလမ်းတွေကို သီးသန့်အနေနဲ့ ရေးသားပြုစုခဲ့တာဖြစ်ပါတယ်။

READ
အသက်လေးနှစ်မှာ အဘိုးကြီးပုံစံဖြစ်နေတဲ့ ကလေးငယ်

လင်းလင်း (ShweMom)

Ref: Unilad

SHARE